
LinkedIn မှာကိုယ့်ရဲ့ Request ကိုလူတွေဘာကြောင့်လက်မခံတာလဲ
အလုပ်အတွက် Network ရှာကြတဲ့အခါမှာ LinkedIn ကအသုံးဝင်ဆုံး Social Media Platform တစ်ခုလို့ဆိုရမှာပါ။ ကိုယ့်အတွက်တန်ဖိုးရှိတဲ့အဆက်အသွယ်တွေ၊ လစာများတဲ့အလုပ်အကိုင်တွေ၊ကိုယ့်ကျွမ်းကျင်မှုနဲ့ထပ်တူကျတဲ့အလုပ်အကိုင်တွေကိုရနိုင်တဲ့နေရာမို့ LinkedInရဲ့သဘောသဘာဝနဲ့အသုံးပြုပုံကိုကျွမ်းကျင်ထားဖို့လိုပါတယ်။ဒီတစ်ခါမှာတော့ LinkedIn မှာ ကိုယ့်ရဲ့ Request ကိုလူတွေဘာကြောင့်လက်မခံတာလဲဆိုတဲ့အရာရဲ့ဖြစ်နိုင်ခြေ ၄ ခုကိုဖော်ပြပေးချင်ပါတယ်။ Message ဖြင့်မိတ်မဆက်ခြင်း ကိုယ်ကလမ်းလျှောက်သွားရင်း လမ်းမှာတွေ့တဲ့တစ်စုံတစ်ယောက်ကို “ဟေး တွေ့ရတာဝမ်းသာပါတယ်။မင်းကတော့ငါ့ကိုမသိဘူးထင်တယ်။ […]