
Team တစ်ခုကိုပျက်စီးစေလေ့ရှိသော အရာများ
အလုပ်ရှင်တွေဟာ Team တစ်ခုကိုဖွဲ့စည်းပေးလိုက်ရုံနဲ့ အဖွဲ့သားတွေအားလုံးကတက်ညီလက်ညီအလုပ်လုပ်ကြပြီး အစစအရာရာအောင်မြင်မယ်လို့ထင်နေရင်မှားသွားပါလိမ့်မယ်။အဖွဲ့တစ်ခုဟာ ခိုင်မာတဲ့ဦးတည်ချက်၊ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ရှင်သန်အောင်ရေလောင်းပေါင်းသင်မှုတွေ မဖြစ်မနေရှိဖို့လိုပါတယ်။ Team တစ်ခုကိုအောင်အောင်မြင်မြင်မဖြစ်ထွန်းစေဘဲ ပြဿနာတွေဖြစ်ပေါ်စေနိုင်တဲ့ ယေဘုယျအချက်တွေအကြောင်းကို ခေါင်းဆောင်တွေကနားလည်သိရှိထားဖို့လိုအပ်ပါတယ်။အဖွဲ့တစ်ခုရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့လုပ် ဆောင်နိုင်စွမ်းတွေမထိခိုက်ခင်မှာ ဒီအချက်တွေကိုကြိုတင်ရှောင်ရှားသင့်ပါတယ်။ ရည်မှန်းချက်ဝေဝါးခြင်းနဲ့ဦးတည်ရာမရှိခြင်း အဖွဲ့သားတွေဟာ ခေါင်းဆောင်မှုမပြတ်သားဘူး၊ ရှင်းလင်းတဲ့လမ်းညွှန်ချက်တွေမရှိဘူးလို့ခံစားလာရတဲ့အခါ ပြဿနာတွေအများကြီးဖြစ်ပေါ်လာတတ်ပါတယ်။ သူတို့ကိုယ်သူတို့မေးခွန်းထုတ်လာကြပြီး အဖွဲ့အစည်းအတွက်သူတို့ရဲ့တန်ဖိုးကဘာလဲဆိုတာကိုတွေးလာကြပါတယ်။ရှင်းလင်းတဲ့ရည်ရွယ်ချက်မရှိရင် အဖွဲ့ဝင်တစ်ဦးချင်းဟာ ကိုယ့်အယူအဆနဲ့ကိုယ်အလုပ်တွေလုပ်ကြပြီးလမ်းကြောင်းလည်းတိမ်းစောင်းလာပါလိမ့်မယ်။ […]