
ပိတ်ရက်ရှည်တွေကြောင့် ကိုယ့်အလုပ်မထိခိုက်ရလေအောင်
ခရစ္စမတ်နဲ့ New Year ပိတ်ရက်တွေ၊ မြန်မာနှစ်သစ်ကူးပိတ်ရက်တွေလိုရက်ရှည်ပိတ်ရက်တွေကြုံလာတဲ့အခါ ကိုယ့်အလုပ်မထိခိုက်ရ အောင်၊အရင်လိုပဲအဆင်ပြေပြေချောချောမွေ့မွေ့ဆက်သွားနိုင်အောင် ဘာတွေလုပ်ဆောင်သင့်ပါသလဲ။သူသူကိုယ်ကိုယ်အားလုံးနားချင်ကြတဲ့ပိတ်ရက်ရှည်တွေမှာ ကိုယ့်ရဲ့လုပ်ငန်းကနားပစ်လိုက်လို့မရတဲ့အခါကြိုတင်ပြင်ဆင်တတ်ခြင်းက အရေးကြီးတဲ့နေရာကပါဝင်လာပါတယ်။ ဒါကြောင့်ဘာတွေလုပ်ဆောင်သင့်လဲဆိုတာကိုအတူတူ စဉ်းစားကြည့်ရအောင်။ စောစော Plan ချပါ ပိတ်ရက်တွေအတွင်းမှာ ဝန်ထမ်းတွေကို အချိန်ဇယားဆွဲပေးတာ၊ အလုပ်တာဝန်တွေခွဲပေးတာကခပ်စောစောကတည်းကစတင်ရမယ့်အလုပ်ဖြစ်ပါတယ်။ ဝန်ထမ်းတွေအတွက်အချိန်နဲ့တာဝန်ညှိနှိုင်းတာကို စောစောဆောင်ရွက်နိုင်မှဝန်ထမ်းတွေကလည်းလုပ်ကိုင်ဖို့အဆင် ပြေမပြေသိနိုင်ပြီး ပိတ်ရက်တွေအတွက်အကောင်းဆုံးစီမံနိုင်မှာဖြစ်ပါတယ်။ ဒီအချိန်မှာ တစ်ဦးချင်းရဲ့နားလည်မှုနဲ့ […]