အလုပ်ရှာနေချိန်မှာ ဘာကအရေးအကြီးဆုံးလဲ

December 20, 2023 Aung Khant Mon 0

အလုပ်မရှိသေးလို့ အလုပ်ရှာဖွေနေရတဲ့အချိန်မှာ ဘယ်သူမှပေါ့ပါးပျော်ရွှင်နေကြမှာတော့မဟုတ်ပါဘူး။အနည်းနဲ့အများဆိုသလို စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုကိုခံစားကြရမှာပါ။ကိုယ့်မှာငွေကြေးပြည့်စုံလို့ အလုပ်ရရင်လည်းရ မရရင်လည်းကိစ္စမရှိဆိုတဲ့သူတွေအတွက်စိတ်ဖိစီးမှုနည်းချင်နည်းနိုင်ပေမယ့်လူတိုင်းဟာကိုယ်လျှောက်တဲ့အလုပ်တစ်ခုကိုရချင်ကြတာချည်းပဲဖြစ်ပါတယ်။ငွေကြေးအတွက်မဟုတ်ရင်တောင် ကိုယ့် passion အတွက်၊ ကိုယ့်ပျော်ရွှင်မှုအတွက်၊ဂုဏ်ပုဒ်တစ်ခုအတွက် စတဲ့စတဲ့ရည်ရွယ်ချက်မျိုးစုံနဲ့ အလုပ်တစ်ခုကိုလိုချင်ကြပါတယ်။ဒါ့ကြောင့်လည်း အလုပ်ရှာဖွေတဲ့နေရာမှာ အရေးအကြီးဆုံးရှိသင့်တဲ့အရာကစိတ်ကျန်းမာနေဖို့လို့ဆိုပါတယ်။ စိတ်ကျန်းမာရေးကောင်းတယ်၊ စိတ်ကျန်းမာတယ်ဆိုတာက ငါမရူးဘူးလေ၊ကောင်းနေတာပဲလို့ဆိုလိုတာမျိုးမဟုတ်ပါဘူး။ ကိုယ့်စိတ်ဟာ အင်အားအပြည့်ရှိနေဖို့၊ ခိုင်မာနေဖို့၊စိတ်ဖိစီးမှုဒဏ်ကိုခံနိုင်ရည်ရှိဖို့၊ အလွယ်တကူစိတ်ဓာတ်မကျဖို့စတဲ့အချက်တွေနဲ့ပြည့်စုံနေဖို့ကိုဆိုလိုတာဖြစ်ပါတယ်။အလုပ်စလျှောက်ပြီဆိုကတည်းက ‘ငါ့မှာဒီအလုပ်ကိုရနိုင်တဲ့အရည်အချင်းအပြည့်အဝရှိတယ်’ ဆိုတဲ့ယုံကြည်ချက်မျိုးရှိဖို့လိုပါတယ်။ ဒီစိတ်စွမ်းအားကပဲကိုယ့်ကိုတကယ့်ရလဒ်ဆီအရောက်ပို့ဆောင်မှာဖြစ်သလို […]

လမ်းခွဲလိုက်ပြီဖြစ်တဲ့ Kendall Jenner နဲ့ Bad Bunny

December 20, 2023 Aung Khant Mon 0

2023 နှစ်စမှာ ချစ်သူတွေဖြစ်လာခဲ့တဲ့စူပါမော်ဒယ်လ် Kendall Jenner နဲ့ I Like It သီချင်းရဲ့အဆိုရှင်ဖြစ်တဲ့ Bad Bunny တို့ဟာ တွဲပြီး ၉ လအကြာမှာလမ်းခွဲလိုက်ပြီလို့သိရပါတယ်။ Bad Bunny ရဲ့အောက်တိုဘာလမှာလုပ်တဲ့ပွဲတစ်ခုကို Kendall Jenner တက်ရောက် လာတာကိုတွေ့မြင်ခဲ့ရပြီးအဲဒီနောက်မှာတော့ သူတို့နှစ်ဦးကို တွဲရက်မတွေ့ရတော့ပါဘူး။ဒီဇင်ဘာ […]

Running Man ကနေခဏအနားယူမယ့် Ji Suk Jin

December 20, 2023 Aung Khant Mon 0

ဟာသပညာရှင်၊ အဆိုတော်၊ သရုပ်ဆောင်၊ အစီအစဉ်တင်ဆက်သူဖြစ်တဲ့ Ji Suk Jinတစ်ယောက်သူပါဝင်တဲ့ Running Man အစီအ စဉ်ကနေ ခေတ္တခဏအနားယူမယ်လို့သိရပါတယ်။ဒီဇင်ဘာ ၁၈ ရက်နေ့မှာ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Esteem Entertainment က ဒီသတင်းကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အနားယူရတဲ့အကြောင်းရင်းက သူ့ရဲ့ကျန်းမာရေးကြောင့်ဖြစ်တယ်လို့ဆိုထားပါတယ်။ “လတ်တလောကျန်းမာရေးစစ်ဆေးချက်နဲ့ ဆရာဝန်ညွှန်ကြားချက်အရ Ji Suk Jin […]

Job ဆိုတာခဏတာပါ Skills ကသာထာဝရပါမယ့်အရာ

December 20, 2023 Aung Khant Mon 0

ကိုယ့်အတွက်လစာရော၊ အလုပ်လုပ်ရတဲ့ပတ်ဝန်းကျင်ရောအဆင်ပြေတဲ့အလုပ်သမားအခွင့်အရေးအပြည့်အဝရတဲ့ အလုပ်မျိုးဆိုတာရှာရခက်သလိုထိန်းသိမ်းထားဖို့လည်းခက်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် အလုပ်နေရာတစ်ခုကိုလက်လွှတ်ဆုံးရှုံးနိုင်တာသဘာဝပါ။ ကိုဗစ်အတွင်းမှာတင် အလုပ်နားလိုက်ရသူတွေအများကြီးရှိတာဖြစ်သလို နည်းပညာခေတ်ကြောင့်ကိုယ့်အလုပ်နေရာကို ဖယ်ပေးလိုက်ရတာတွေလည်းအများကြီးပါပဲ။လေယာဉ်လိုင်းတွေ၊ ကားထုတ်လုပ်ရေးတွေကနေ အမြန်စာရောင်းတဲ့စားသောက်ဆိုင်တွေအဆုံးဝန်ထမ်းလျှော့ချပြီး ဘတ်ဂျက်ချွေတာလာကြတာကိုလည်းတွေ့ကြရမှာပါ။ဒီလိုအလုပ်လက်မဲ့ဖြစ်နေတဲ့လူတွေအများကြီးကြားထဲမှာပဲ ဘာပဲလုပ်ရလုပ်ရ၊လစာဘယ်လောက်ရရဆိုတဲ့ အလုပ်ဝင်ခါစလူငယ်လေးတွေလည်းရှိနေပါသေးတယ်။ Career တစ်ခုကိုအခြေချပြီးတဲ့လူ ကြီးတွေအနေနဲ့ ဒီဘက်ခေတ်မှာ ကုမ္ပဏီတစ်ခုရဲ့ ရာထူးကောင်း၊နေရာကောင်းဆိုတာကိုဖက်တွယ်ထားလို့မရပါဘူး။ အလုပ်တစ်ခုမှာလုပ်သက်ကြာလို့အဆင်ပြေတဲ့နေရာတစ်ခုကိုရရှိထားတယ်၊အေးအေးဆေးဆေးဝင်ငွေရနေတယ်ဆိုတဲ့အနေအထားကနေ ဝန်ထမ်းလျှော့တဲ့အထဲပါပြီးဘာလုပ်ရမှန်းမသိ ဘယ်သွားရမှန်းမသိလည်းဖြစ်သွားနိုင်ပါတယ်။ဒါ့ကြောင့် လူတစ်ယောက်ဟာ ငါကမန်နေဂျာဆိုတဲ့ရာထူးတစ်ခုကိုမှီပြီးနေတာထက်ငါ့မှာမန်နေဂျာတစ်ယောက်ရဲ့ တကယ့်အရည်အချင်းတွေရှိလား၊ […]

တိုက်ခိုက်တဲ့ Comment တွေအပေါ် Rain ဘယ်လိုသဘောထားသလဲ

December 19, 2023 Aung Khant Mon 0

မင်းသား Lee Si Uhn က သူ့ရဲ့သူငယ်ချင်းဖြစ်သူ Rain ဆီကနေလျစ်လျူရှုတတ်ဖို့သင်ကြားခံရတယ်လို့ ဆိုပါတယ်။ Lee Si Uhn ရဲ့ You Tube Series ဖြစ်တဲ့ Si Uhn’s Cool အစီအစဉ်မှာ သူငယ်ချင်းဖြစ်သူ Rain နဲ့ထမင်းအတူစားရင်း သူတို့နှစ်ဦးရဲ့ရင်းနှီးတဲ့ဆက်ဆံရေးနဲ့ […]

ချစ်သူနဲ့စေ့စပ်လိုက်ပြီဖြစ်တဲ့ ဒမီလိုဗားတို

December 19, 2023 Aung Khant Mon 0

Camp rock ရုပ်ရှင်၊ This is Me သီချင်းတွေနဲ့ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ သရုပ်ဆောင်၊ အဆိုတော်ဒမီလိုဗားတိုတစ်ယောက် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ သူမရဲ့ချစ်သူဖြစ်တဲ့ဂျု့စ်နဲ့စေ့စပ်လိုက်ပြီလို့သိရပါတယ်။ ဂျု့စ်ရဲ့နာမည်အပြည့်အစုံက Jordan Lutes ဖြစ်ပြီးဂီတပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူမလက်မှာဝတ်ထားတဲ့ သစ်တော်သီးပုံစိန်လက်စွပ်လေးက သူမ Yes လို့အဖြေပေးလိုက်တာကိုသက်သေခံနေပါတယ်။ သူတို့နှစ်ဦးရဲ့စေ့စပ်ပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့ကလော့စ်အိန်ဂျလိစ်မှာရှိတဲ့ […]

အသက် ၃၀ အရွယ်မှာ သိထားသင့်တဲ့ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု (၅) ချက်

December 19, 2023 Aung Khant Mon 0

အသက် ၃၀ အရွယ်မှာ ဘဝဟာအနည်းငယ်ရှုပ်ထွေးတဲ့အနေအထားမှာ ရှိနေပါတယ်။လူ့သက်တမ်းတစ်ဝက်ကျိုးပြီဆိုတဲ့အတွေး၊ Career အပြောင်းအလဲ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့စဉ်းစားချိန်၊အိမ်ထောင်ပြုဖို့၊ မိသားစုဘဝတည်ဆောက်ဖို့ စတဲ့ စတဲ့ စဉ်းစားတွေးတောစရာတွေ အများကြီးကြုံရတဲ့အနေအထားပါ။ဒီအနေအထားတွေကို လှလှပပကိုင်တွယ်နိုင်ဖို့အရေးဟာ ငွေကြေးအပေါ်မှာလည်းအများကြီးအခြေခံသွားသလို အခြေခံငွေကြေးစီမံခန့်ခွဲမှုကိုလည်းမဖြစ်မနေနိုင်နင်းရတော့မယ့်အချိန်ဖြစ်ပါတယ်။ဒါကြောင့်လည်း ငွေကြေးစီမံခန့်ခွဲမှုနဲ့ပတ်သက်ရင် ကျွမ်းကျင်ပညာရှင်အဖြစ်လုပ်ကိုင်နေသူ၊ Beyond Your Hammock ရဲ့တည်ထောင်သူ Eric Roberge က […]

တေလာဆွပ်ဖ်နဲ့ ဘာကြောင့်ပြတ်ခဲ့ရသလဲဆိုတာကိုပြောပြတဲ့ တေလာလော့တ်နာ

December 17, 2023 Aung Khant Mon 0

တေလာဆွပ်ဖ်ရဲ့ Fan အကြီးစားတွေကတော့ သရုပ်ဆောင်တေလာလော့တ်နာဟာ သူမရဲ့အကောင်းဆုံးချစ်သူဟောင်းတစ်ယောက်ဆိုတာသိကြပါတယ်။ တေလာဆွပ်ဖ်နဲ့ တေလာလော့တ်နာဟာချစ်သူတွေအဖြစ်ကနေပြတ်စဲပြီးတာတောင် ၁၄ နှစ်ကြာအောင်သူငယ်ချင်းအဖြစ်နဲ့ ခင်ခင်မင်မင်ဆက်ရှိနေသူတွေဖြစ်ကြပါတယ်။ Twilight မင်းသား တေလာလော့တ်နာက သူနဲ့တေလာဆွပ်ဖ်ဘာ့ကြောင့်ပြတ်စဲရတယ်၊ခုချိန်ထိကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ဘာ့ကြောင့်ရှိနေတယ်ဆိုတာကို Call Her Daddy Podcast မှာရင်ဖွင့်ခဲ့တာပဲဖြစ်ပါတယ်။ သူက “ကိုယ့်ရင်ထဲမှာရှိနေတဲ့တစ်စုံတစ်ယောက်ကို ခင်ဗျားကလေးစားတယ်ဆိုရင်သူ့ကိုစွန့်လွှတ်နိုင်သွားတယ်၊ ခွင့်လွှတ်နိုင်သွားတယ်၊ ပုံစံတစ်မျိုးနဲ့ချစ်နိုင်သွားတယ်။ကျွန်တော်တို့နှစ်ယောက်လုံးကအဲလိုမျိုး […]

အံ့အားသင့်စရာဖြစ်ခဲ့တဲ့ Shinhwa အဖွဲ့ဝင် Eric ရဲ့ဓာတ်ပုံ

December 17, 2023 Aung Khant Mon 0

Kpop မျိုးဆက်မှာ First Generation ဖြစ်တဲ့ Shinhwa အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးအဖြစ်လည်းနာမည်ကြီးသလိုဇာတ်လမ်းတွဲများစွာမှာသ ရုပ်ဆောင်ရင်းပိုမိုအောင်မြင်လာခဲ့တဲ့ Eric က ၂၀၂၂ မှာအေဂျင်စီနဲ့စာချုပ်ရပ်ဆိုင်းပြီး အနုပညာအလုပ်တွေရပ်နားထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာထွက်ပေါ်လာတဲ့သူ့ရဲ့ဓာတ်ပုံကပရိသတ်တွေကို အံ့အားသင့်စရာဖြစ်စေခဲ့ပါတယ်။ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ Eric ဟာ အကျီအမည်း၊ ဦးထုပ်အမည်းနဲ့ ကင်မရာကိုကြည့်ပြီးပြုံးပြနေခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပုံစံက အရင် […]

Introvert တစ်ယောက်အနေနဲ့ Network ရှာဖွေတဲ့အခါ

December 17, 2023 Aung Khant Mon 0

အရင်တုန်းကတော့အေးအေးနေတတ်တဲ့ Introvert တစ်ယောက်ဟာ Socialအပိုင်းမှာမအောင်မြင်နိုင်ဘူး၊ မိတ်ဆွေအလွယ်တကူမရနိုင်ဘူးလို့ ပြောခဲ့ကြပါတယ်။ ဒါဟာတကယ်တော့ တရားသေမှတ်ယူလို့ မရတဲ့ယူဆချက်ဖြစ်ပါတယ်။ Introvert တစ်ယောက်ဟာသူ့နည်းသူဟန်နဲ့ မိတ်ဆွေဖွဲ့တတ်သလိုခိုင်မာတဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ဖို့အတွက်လည်း စွမ်းအားတွေရှိကြပါတယ်။ Introvert တစ်ယောက်အနေနဲ့ ဒီကောင်းကွက်တွေကြောင့် မိတ်ဆွေတွေရနိုင်ပါတယ်။ လေ့လာအားကောင်းသူတွေ Introvert တစ်ယောက်ဟာ စကားပြောနေတဲ့ အုပ်စုတစ်စု ဒါမှမဟုတ် လူတစ်ယောက်ဆီကိုဘယ်တော့မှအလွယ်တကူတိုးဝင်လေ့မရှိပါဘူး။ စကားသွားမပြောခင်ကတည်းက […]