ပထမဆုံးချိန်းတွေ့တာမှာ စိတ်လှုပ်ရှားဖွယ်ကောင်းပါလိမ့်မယ်။ Blind date ပဲဖြစ်ဖြစ်၊မြင်ဖူးတွေ့ဖူးတဲ့သူပဲဖြစ်ဖြစ် ပထမဆုံးယောက်ကိုတယောက်အကဲခတ်ဖို့အတွက်ချိန်းတွေ့တာက ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းသလို အရေးကြီးပါတယ်။ဒီအချက်တွေကတော့ သင့်ရဲ့ပထမဆုံး ချိန်းတွေ့တာအတွက် ကူညီပေးနိုင်မယ့် ထိရောက်တဲ့အကြံပြုချက်တွေပဲဖြစ်ပါတယ်။ သင်နေတတ်သလိုနေပါ ဒီအချက်က တမျိုးဖြစ်နိုင်ပေမဲ့ စစ်မှန်သူဖြစ်တာက အောင်မြင်တဲ့ ပထမဆုံးချိန်းတွေ့ခြင်းရဲ့သော့ချက်ပါပဲ။ သင်က သင်ဖြစ်ဖို့ပါပဲ။ အ ထင်ကြီးစရာကောင်းအောင်တမင်လုပ်ယူထားတာမျိုး၊ တမင်ဟန်ဆောင်ထားတာမျိုးထက် သင်နေတတ်သလိုအရှိကိုအရှိအတိုင်းနေတာကသာ ပိုကောင်းပါတယ်။ […]