တက်တူးဆင်တူထိုးကြတဲ့ Dua Lipa နဲ့ Seth Meyers

January 12, 2024 Aung Khant Mon 0

Du Lipa က သူမစိတ်ကြိုက်နောက်ထပ်တက်တူးတစ်ခုထိုးတဲ့အချိန်မှာ Seth Meyers ကလည်းအတူတူပါဝင်ခဲ့တယ်လို့သိရပါတယ်။ သူတို့နှစ်ဦးဟာ Late Night With Seth Meyers အစီအစဉ်မှာတွေ့ဆုံကြတာဖြစ်ပြီး အဆိုတော်နဲ့ Host က ပုံစံတူတက်တူးလေးထိုးခဲ့ကြတာပါ။သူတို့အတူထိုးခဲ့တာကတော့ ကြယ်ပုံတက်တူးသေးသေးလေးဖြစ်ပါတယ်။သူတို့ဟာ Celebrity တက်တူးဆရာအဖြစ် နာ မည်ကြီးတဲ့တက်တူးပညာရှင် Bang Bang […]

6 မိနစ်အတွင်းလက်မှတ်အားလုံးရောင်းကုန်သွားတဲ့ Wheein ရဲ့ဖျော်ဖြေပွဲ

January 12, 2024 Aung Khant Mon 0

Mamamoo အဖွဲ့ဝင် Wheein ရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲဟာ လက်မှတ်ရောင်းချိန် 6 မိနစ်မပြည့်ခင်မှာတင် လက်မှတ်အားလုံးရောင်းကုန်သွားခဲ့တယ်လို့သိရပါတယ်။သူမရဲ့ဖျော်ဖြေပွဲကို ဇန်နဝါရီ ၂၄ နဲ့ ၂၅ မှာ ဆိုးလ်မှာရှိတဲ့ Blue Square MasterCard Hall မှာပြုလုပ်မှာဖြစ်ပြီး ဒါဟာသူမရဲ့တစ်ကိုယ်တော် World Tour အစပြုခြင်းလည်းဖြစ်ပါတယ်။သူမရဲ့ပထမဆုံး World Tour […]

လူတွေကြားထဲအော်တတ်ဟစ်တတ်တဲ့ဘော့စ်နဲ့ကြုံရတဲ့အခါ

January 12, 2024 Aung Khant Mon 0

ကိုယ့်စိတ်ကိုမထိန်းချုပ်နိုင်ဘဲလူတွေကြားထဲ အော်တတ်ဟစ်တတ်တဲ့သူဌေးမျိုးကိုလည်းအလုပ်လုပ်နေသူတွေကြုံရတတ်ပါတယ်။ ခေါင်းဆောင်မှုပုံစံတွေအမျိုးမျိုးရှိတဲ့ကြားထဲအော်ဟစ်ငေါက်ငမ်းပြီးပြောဆိုမှ စိတ်ကျေနပ်တဲ့ခေါင်းဆောင်မျိုးတွေလည်းရှိတတ်ကြပါတယ်။ကိုယ့်ရဲ့ပြောဆိုတင်ပြချက်တွေကိုအရေးမထားတာ၊ကိုယ့်အိုင်ဒီယာတွေကိုသေသေချာချာတင်ပြခွင့်မပေးဘဲ စကားပိတ်ပြောပြီးဖြတ်ချလိုက်တာ၊ပျော်စရာမကောင်းတဲ့လုပ်ငန်းခွင်ကြီးထဲမှာအလုပ်လုပ်နေရတာတွေကလက်ရှိအလုပ်ကိုစွန့်ခွာချင်စိတ်ပေါက်သွားစေနိုင်ပါတယ်။ ဒါပေမဲ့ဒီလိုအဆင်မပြေတိုင်းအလုပ်ထွက်မယ့်လမ်းကို မရွေးချယ်သင့်ပါဘူး။ ဒီအခြေအနေတွေကိုကိုင်တွယ်နိုင်မယ့်နည်းလမ်းလေးတွေရှိနေတာမို့ဒီအချက်လေးတွေကိုအရင်ဆုံးကြိုးစားလုပ်ဆောင်ကြည့်သင့်ပါတယ်။ ဘာ့ကြောင့်သူဒီလိုအနိုင်ကျင့်ချင်ရတာလဲ ကိုယ့်ရဲ့ဆိုးတဲ့ဘော့စ်ကိုနားလည်ပေးနိုင်ဖို့ကြိုးစားတာက ဒီပြဿနာတွေကိုပြေလည်စေနိုင်ပါတယ်။ကျောင်းသားဘဝမှာအနိုင်ကျင့်ခံလာရတဲ့သူတွေဟာ အသက်ကြီးလာတဲ့အခါ သူတစ်ပါးကိုအနိုင်ကျင့်တတ်သူဖြစ်လာတတ်ပါတယ်။ ဒီလိုလူတွေဟာလုပ်ငန်းခွင်ထဲရောက် လာတဲ့အခါလုပ်ဖော်ကိုင်ဖက်တွေကို ပုံစံမျိုးစုံနဲ့အနိုင်ကျင့်တတ်သူဖြစ်လာနိုင်ပါတယ်။ ဒီလိုလူတွေနဲ့တွေ့ရတဲ့အခါထိပ်တိုက်ရင်ဆိုင်ပစ်တာမျိုးမလုပ်ဘဲ ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုအနားပေးလိုက်တာက ပိုကောင်းပါတယ်။အစည်းအဝေးမှာကိုယ့်ကို Bully လုပ်လိုက်တယ်ဆိုပါစို့၊ မျက်စိလေးခဏမှိတ်၊ ကော်ဖီလေးသောက်ပြီးကိုယ့်စိတ်ကိုအနားပေးလိုက်တာကပိုအဆင်ပြေပါတယ်နော်။ သူစိတ်ဖိစီးနေတာလား လူတွေမှာ […]

နှစ်ကုန်လှူဒါန်းမှုအဖြစ် ဝမ်သန်း ၁၅၀ အထိအလှူပေးတဲ့ဗိုလ်ကြီးတို့စုံတွဲ

January 11, 2024 Aung Khant Mon 0

Crash Landing On You ဇာတ်လမ်းတွဲရိုက်ကူးရင်း ဖူးစာဆုံခဲ့ကြတဲ့သရုပ်ဆောင်ဟွန်ဘင်နဲ့ဆိုရီဂျင်းတို့ဟာ နှစ်ကုန်အလှူဒါနပြုတဲ့အနေနဲ့ ဝမ်သန်း ၁၅၀ အထိလှူဒါန်းမှုတွေလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။သူတို့ဟာ မွေးစအရွယ်နဲ့ကလေးငယ်များအတွက် ဆေးဝါးလှူဒါန်းမှုတွေအပြင် Single Mother တွေအတွက်လည်း ထောက်ပံ့လှူဒါန်းခဲ့တယ်လို့သိရပါတယ်။မင်းသမီးဆိုရီဂျင်းက “ကျွန်မကဒီလှူဒါန်းမှုတွေကိုခရစ္စမတ်လက်ဆောင်ပေးတယ်လို့သဘောထားပါတယ်။ ဒီလက်ဆောင်နဲ့ကလေးတွေနှလုံးသားကိုနွေးထွေးမှုရစေချင်ပါတယ်။ သူတို့အတွက်စိန်ခေါ်မှုတွေဖြစ်နေချိန်မှာကူညီတဲ့လက်တစ်စုံ ဖြစ်ချင်ပါတယ်”လို့သူမက ပြောခဲ့ပါတယ်။သူတို့ဇနီးမောင်နှံဟာ ၂၀၂၀ ခုနစ်ကလည်း ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေကိုကိုရိုနာကာကွယ်ရေးလုပ်ဆောင်နိုင်ဖို့အတွက် ဝမ်သန်း […]

အဟောင်းဆိုင်ကဝယ်လာတဲ့ဖိနပ်စီးပြီးဆုယူတဲ့ Billie Eilish

January 11, 2024 Aung Khant Mon 0

2024 ခုနစ်၊ Golden Globes ပွဲကိုတက်ရောက်လာတဲ့ အဆိုတော် Billie Eilish ရဲ့ဖက်ရှင်က Gen-Z တွေဝတ်တဲ့ဖက်ရှင်Trend ဖြစ်ပြီး သူမရဲ့ပွဲတက်ဖက်ရှင်ကြောင့်လူအများရဲ့စိတ်ဝင်စားမှုကိုပိုမိုရရှိခဲ့ပါတယ်။သူမဟာပီတာပန်ကော်လာပုံရှပ်အကျီပေါ်မှာ အမည်းရောင်ဘလေဇာပွပွကြီးကိုဝတ်ဆင်ထားပြီးကာကီရောင်စကတ်ကိုဆင်မြန်ထားခဲ့တာဖြစ်ပါတယ်။ ငွေကိုမဖြုန်းဘဲရှိတာတွေကိုဖက်ရှင်ကျအောင်ပြန်လည်ဝတ်ဆင်တဲ့ပုံစံမျိုးကို သူမကသဘောကျနှစ်သက်ပါတယ်။အကျီမှာသူမစည်းထားတဲ့ဖဲကြိုးဟာလည်းမွေးနေ့တုန်းကလက်ဆောင်ရတဲ့ဖဲကြိုးဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင် သူမစီးထားတဲ့ဖိနပ်ဟာလည်း မနှစ်တုန်းက အဟောင်းဆိုင်တစ်ခုကဝယ်ခဲ့တာဖြစ်တယ်လို့ပြောခဲ့ပါသေးတယ်။ Billie Eilish ဟာ ဒီနှစ် Golden Globes […]

ကိုယ့်လုပ်ငန်းအောင်မြင်စေဖို့ရှိထားသင့်တဲ့ Core Value ၄ ချက်

January 11, 2024 Aung Khant Mon 0

ကိုယ့်လုပ်ငန်းရဲ့ စံတန်ဖိုးလို့ဆိုရမယ့် Core Value ဟာ ကိုယ့်ရဲ့ Business အတွက်အလှဆုံးပြင်ဆင်ထားတဲ့မျက်နှာတစ်ခုလိုပါပဲ။ လူတွေကြား ကိုယ့်အဖွဲ့အစည်းဟာကောင်းသတင်းကျော်ဇောခြင်း ဖြစ်၊ မဖြစ်ဆိုတာလည်း ဒီတန်ဖိုးတွေအပေါ်မှာမူတည်ပါတယ်။ Leadership Team ရဲ့ပြယုဂ်လို့ဆိုရမယ့် ဒီ Core Value တွေကပဲအောင်မြင်မှုဆီတွန်းပို့တာဖြစ်ပါတယ်။ကိုယ့်ရဲ့ကောင်းမွန်မှန်ကန်တဲ့ Core Values ကကုမ္ပဏီရဲ့အောင်မြင်မှုကိုပေးစွမ်းပါတယ်။အခုမျှဝေမှာကတော့ Forbes Business […]

ကိုရီးယားသရုပ်ဆောင် Steven Yeun ရွှေကမ္ဘာလုံးဆုပေးပွဲမှာ Best Actor ဆုရရှိ

January 10, 2024 Aung Khant Mon 0

ကိုရီးယား-အမေရိကန်ကပြားဖြစ်တဲ့ Steven Yeun ဟာ ဇန်နဝါရီလ (၇) ရက်နေ့ကကျင်းပတဲ့ရွှေကမ္ဘာလုံးဆုပေးပွဲမှာ Best Actor ဆုကိုရရှိခဲ့တယ်လို့သိရပါတယ်။ သူဟာ Beef ဇာတ်လမ်းတွဲနဲ့ Best Actor (Limited Series) ဆုကိုဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။Steven Yeun ဟာ ရွှေကမ္ဘာလုံးဆုပေးပွဲမှာဆုရရှိတဲ့ပထမဆုံးသောအာရှလူမျိုး(လူငယ်သရုပ်ဆောင်)အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သူနဲ့အတူတွဲဖက်သရုပ်ဆောင်တဲ့ Ali Wong […]

Golden Globe ဆုပေးပွဲမှာ အကောင်းဆုံးသရုပ်ဆောင်ဆုတွေကို Cillian Murphy နဲ့ Lily Gladstone တို့ရရှိ

January 10, 2024 Aung Khant Mon 0

ရုပ်ရှင်အနုပညာနယ်ပယ်အတွက် ဩဇာအာဏာကြီးတဲ့ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Golden Globe ဆုပေးပွဲကြီးကို ဇန်နဝါရီလ (၇) ရက်နေ့ကကျင်းပပြီးစီးခဲ့ပါတယ်။ဒီအခမ်းအနားမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု(Drama)ကို Oppenheimer ဇာတ်ကားနဲ့မင်း သားကြီး Cillian Murphy ကရရှိခဲ့တယ်လို့သိရပါတယ်။ သူဟာ Andrew Scott၊ Barry Keoghan၊ Bradley Cooper၊ Colman Domingoနဲ့ Leonardo […]

ကိုယ့်ကိုမုန်းတဲ့လုပ်ဖော်ကိုင်ဖက်နဲ့ရင်ဆိုင်ရတဲ့အခါ

January 10, 2024 Aung Khant Mon 0

ကိုယ်နဲ့အလုပ်အတူတူလုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဟာအကြောင်းပြချက်ကြီးကြီးမားမားမရှိပေမယ့်လည်း ကိုယ့်ကိုမုန်းနေနိုင်ပါတယ်။ တချို့က သူတို့ Type မဟုတ်ရင် အလိုလိုကြည့်မရဖြစ်တတ်ကြသလိုအလုပ်လုပ်ပုံကွာခြားလွန်းပြန်ရင်လည်းအမုန်းခံရ တတ်ပါသေးတယ်။လုပ်ငန်းခွင်တိုင်းဟာ ကိုယ့်မိဘအိမ်လိုမဟုတ်တဲ့အတွက် အခက်အခဲတွေ၊အမုန်းတရားတွေကတော့ရှိမှာအမှန်ပါပဲ။ ကိုယ့်ကိုအလိုလိုမုန်းနေတဲ့သူတစ်ယောက်ကိုဘယ်လိုတုံ့ပြန်မလဲ။ တတ်နိုင်သမျှသည်းခံပြီးမေတ္တာပဲပို့မလား ဒါမှမဟုတ်ပွင့်ပွင့်လင်းလင်းမေးပြီးအဖြေရှာမလား ဘယ်ဟာကအကောင်းဆုံးဖြစ်မယ်လို့ထင်ပါသလဲ။ ဒါတွေကလူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ခံယူချက်ပေါ်မူတည်ပြီးကွဲပြားသွားနိုင်ပါတယ်။ ကိုယ့်ကိုမုန်းတဲ့သူရှိနေတဲ့နေရာမှာ လူတစ်ယောက်ဟာအကောင်းဆုံးပျော်ရွှင်မှုကိုရနိုင်မှာမဟုတ်ပါဘူး။အလုပ်မှာစိတ်ဖိစီးမှုကိုအမြဲခံစားနေရပြီး အလုပ်လုပ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကိုထိခိုက်လာမှာပဲဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ကိုယ်နဲ့လုပ်ဖော်ကိုင်ဖက်တစ် ယောက်ယောက်ကြားဒီလိုအမုန်းတရားပြဿနာလေးတွေရှိလာခဲ့ရင် ဒီအစိုင်အခဲကို ချေဖျက်နိုင်ဖို့ကြိုးစားတာကအကောင်းဆုံးပါ။ကိုယ်ကအလုပ်မှာတော်လို့ အောင်မြင်မှုတစ်ခုခု၊ […]

မင်းသားကြီး Christian Oliver နဲ့သမီးနှစ်ယောက်လေယာဉ်ပျက်ကျလို့ကွယ်လွန်

January 9, 2024 Aung Khant Mon 0

Baby sitters Club နဲ့ Speed Racer ဇာတ်ကားတွေရဲ့မင်းသားကြီး Christian Oliver ဟာသူ့ရဲ့သမီးငယ်နှစ်ယောက်နဲ့အတူ လေယာဉ်ပျက်ကျလို့ကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ(၄)ရက်နေ့မှာဖြစ်ပွားတဲ့ ကာရေဘီယံလေယာဉ်ပျက်ကျမှုမှာ သူတို့တွေအားလုံးပါဝင်သွားခဲ့တာဖြစ်ပါတယ်။ဒီပျက်ကျမှုဟာ Petit Nevis ကျွန်းအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ဟာပျံတက်ပြီးမကြာခင်မှာ စက်ချို့ယွင်းခဲ့ပြီး သမုဒ္ဒရာထဲကိုပျက်ကျသွားခဲ့တာဖြစ်တယ်လို့မျက်မြင်သက်သေတွေကဆိုကြပါတယ်။ Christian Oliver စီးလာတဲ့လေယာဉ်ဟာ one-engine အမျိုးအစားဖြစ်ပြီး ပိုင်ရှင်နဲ့လေယာဉ်မောင်းသူဟာ […]