Business ပိုင်းမှာတော့ Burnout ဖြစ်တယ်ဆိုတာအလုပ်ကိုသဲကြီးမဲကြီးအားသွန်ခွန်စိုက်လုပ်ခဲ့ပြီးနောက်ပိုင်းမှာအလုပ်ကိုဘယ်လိုမှဆက်မလုပ်နိုင်တော့တာကိုခေါ်ပါတယ်။ အလုပ်လုပ်တဲ့သူတွေအနေနဲ့အလုပ်ဆိုတာကိုနောက်ထပ်အသံမကြားချင်လောက်အောင်ဖြစ်သွားတယ်၊အလုပ်လုပ်ဖို့ဘာခွန်အားမှမရှိတော့လောက်အောင်ဖြစ်သွားတယ်ဆိုတာကဆိုးရွားလွန်းတဲ့အခြေအနေတစ်ခုပါ။ ကြာကြာဝါးမယ့်သွားအရိုးကြည့်ရှောင်ဆိုသလိုပဲအသက်အရွယ်တစ်ခုရသည်အထိလုပ်နေရမယ့်အလုပ်ကို စောစောကတည်းကစိတ်ပျက်မသွားစေဖို့၊လမ်းခုလတ်မှာတင်လက်ပန်းကျမသွားစေဖို့ ကိုယ့်ကိုယ်ကိုယ်ညှာတာတတ်ဖို့ကလည်းအရေးကြီးပါတယ်။ဒါ့ကြောင့်လည်း ဘယ်လိုလူမျိုးတွေက Burnout ဖြစ်တတ်သလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ၊သူငယ်ချင်းတွေ၊ မိသားစုဝင်တွေထဲမှာဒီလိုဖြစ်လာခဲ့ရင်ဘယ်လိုကူ ညီပေးနိုင်မလဲဆိုတာလေးတွေကိုမျှဝေပေးလိုက်ပါတယ်။ Burnout ဖြစ်တတ်သူတွေထဲမှာ အထူးသဖြင့်အလုပ်နဲ့ပတ်သက်ရင် လောဘကြီးလွန်းသူတွေ၊သူများထက်ပိုပြီးအလုပ်လုပ်ချင်စိတ်များတဲ့သူတွေပါဝင်ပါတယ်။ ဒီလိုအလုပ်လောဘကြီးတဲ့စိတ်ကကိုယ့်ကိုယ်ကိုယ်အလုပ်တွေထပ်ထပ်ပြီးလုပ်ဖို့ တွန်းအားပေးမိနေတတ်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ သူဟာကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့မေ့လာပါတယ်။ ငြင်းခုန်ရတာတွေ၊ညှိနှိုင်းရတာတွေကိုလက်မခံနိုင်ဖြစ် လာပြီး တခြားလူမှုရေးကိစ္စတွေမှာလည်းလုံးဝလစ်ဟင်းသွားတာဖြစ်ပါတယ်။သူများကိုအပြစ်တင်တဲ့စိတ်များလာပြီးကိုယ့်အပြုအမူတွေကိုတာဝန်မယူတော့တဲ့သူအဖြစ်ရောက်ရှိလာပါတယ်။ တစ်ကိုယ်တည်းနေချင်လာပြီးသူ့ရဲ့အမူအကျင့်တွေဟာလည်း […]