
ကိုယ့်အဖွဲ့သားတွေပြောရဲဆိုရဲရှိလာအောင် ဘာတွေလုပ်ဆောင်ပေးနိုင်မလဲ
လုပ်ငန်းတစ်ခုရဲ့တီထွင်ဖန်တီးမှု၊ ဆန်းသစ်မှု၊ပူးပေါင်းဆောင်ရွက်မှုစတဲ့အပိုင်းတွေကိုမြှင့်တင်တဲ့နေရာမှာ Team Members တွေရဲ့ Ideas တွေ၊အကြံဉာဏ်တွေကိုရယူဖို့ကအရေးကြီးပါတယ်။ဒါပေမဲ့လည်းတချို့သောအဖွဲ့ဝင်တွေက ဒီလိုအကြံဉာဏ်တွေကိုထပြောဖို့၊ မျှဝေဖို့ဝန်လေးပြီးကြောက်ရွံ့တတ်ကြပါတယ်။ကိုယ်ကအဖွဲ့ခေါင်းဆောင်ဆိုရင်တော့ အဖွဲ့ဝင်တွေကိုကိုယ့်အတွေးအမြင်ကိုပွင့်ပွင့်လင်းလင်းရဲရဲဝံ့ဝံ့ထုတ်ပြောဖို့၊ အပြန်အလှန်မှတ်ချက်တွေပေးကြဖို့၊တစ်ဦးချင်းရဲ့အတွေ့အကြုံတွေမျှဝေတတ်ဖို့ လှုံ့ဆော်ပေးနိုင်ရမှာဖြစ်သလို တွန်းအားပေးနိုင်ရမှာလည်းဖြစ်ပါတယ်။ ဒီလိုရှိလာဖို့အတွက် ခေါင်းဆောင်ဘက်ကလုပ်ဆောင်ပေးရမယ့်အထဲမှာ ပြတ်သားတဲ့ဦးတည်ချက်နဲ့ရည်ရွယ်ချက်ကိုချမှတ်ပေးရမှာပါ။ သူတို့အနေနဲ့လက်ရှိလုပ်နေတဲ့ပရောဂျက်ရဲ့ ဦးတည်ချက်နဲ့အလုပ်ကိုသိရဲ့လား၊ ပြဿနာတွေကိုသိရဲ့လားဆိုတာ အရင်ဆုံးဆန်းစစ်ပါ။ သူတို့သိတာသေချာမှသူတို့ရဲ့အကြံဉာဏ်တွေကို တောင်းခံသင့်ပါတယ်။သူတို့ရဲ့စိတ်ကူးအကြံဉာဏ်တွေကိုယုံကြည်တဲ့အကြောင်းနဲ့ ဒီ Ideas တွေကပရောဂျက်အတွက်အများကြီးအထောက်အပံ့ဖြစ်လိမ့်မယ်ဆိုတာကို […]