
အလုပ်အင်တာဗျူး မအောင်နိုင်ဘူးဆိုတာ သိသာစေတဲ့ အချက် (၅) ချက်
အလုပ်အင်တာဗျူးတခုဝင်ရတဲ့အခါမှာ ဒီအင်တာဗျူးက အောင်နိုင်မလား၊ကျရှုံးနိုင်မလားဆိုတဲ့ သိချင်စိတ်တွေနဲ့ အဆုံးသတ်လေ့ရှိပါတယ်။ ကိုယ်က သူတို့မေးသမျှကိုအဆင်ပြေစွာ၊ အောင်မြင်စွာနဲ့ဖြေဆိုနိုင်ပေမဲ့လည်း အလုပ်ကမ်းလှမ်းခံရမလားဆိုတဲ့အချက်ကမသေ ချာသေးပါဘူး။ ဒီအချက်တွေကတော့ သင်ရဲ့အင်တာဗျူးက မအောင်မြင်ဘူးဆိုတာကိုသိနိုင်တဲ့အချက်တွေပဲဖြစ်ပါတယ်။ အင်တာဗျူး သို့မဟုတ် စုံစမ်းစစ်ဆေးရေး အလုပ်အင်တာဗျူးတခုမှာ စကားပြောဆိုမှုတခုလို အင်တာဗျူးသူနဲ့ အင်တာဗျူးခံရသူကြားပြောဆိုခံစားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘဲ စစ်ဆေးမေးမြန်းတဲ့ပုံစံနဲ့တဖက်သတ်ပြောဆိုမှုတွေက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ […]