အလုပ်မှာ ငွေကြေးအခက်အခဲကြုံတဲ့အခါ ဝန်ထမ်းတွေလျှော့ချတတ်ပါတယ်။ အဲဒီအခါမှာဘယ်လိုဝန်ထမ်းတွေပါသွားတတ်သလဲဆိုတာ သင်စဉ်းစားဖူးပါသလား။ဒီလိုဝန်ထမ်းတွေကိုတော့ အလုပ်မှာငွေကြေးအခက်အခဲဖြစ်တဲ့အခါ ကုမ္ပဏီဘက်ကလက်လွှတ်တတ်ကြပါတယ်။ စွမ်းဆောင်ရည်ကျတဲ့ဝန်ထမ်း ဝန်ထမ်းရဲ့စွမ်းဆောင်ရည်လို့ပြောတဲ့အခါမှာ ဒီအချက်ထဲမှာ ဘာတွေပါမလဲဆိုရင်ကုန်ထုတ်လုပ်မှုတွေ၊ အချိန်မီပြီးမြောက်မှုတွေ၊ လက် ဦးမှုတွေ၊အလုပ်မှာအရည်အသွေးရှိတဲ့ထုတ်ကုန်တဲ့၊ပရောဂျက်တွေလုပ်ဆောင်နိုင်တာစတာတွေပါဝင်ပါတယ်။ အဲဒီအချက်တွေထဲက အချက်တော်တော်များများမှာ ကိုယ်က လစ်ဟာနေပြီဆိုရင်တော့ဝန်ထမ်းစွမ်းဆောင်ရည်ကိုအကဲဖြတ်တဲ့အဆင့်မှာ ကိုယ်ကအား နည်းနေပြီဆိုတာကိုသိနိုင်ပါတယ်။ ဒီအချက်တွေက သာမန်အချိန်မှာမသိသာပေမဲ့ကုမ္ပဏီမှာအခက်အခဲတခုခုပေါ်လာတဲ့အချိန် ဝန်ထမ်းတွေလျှော့ချမယ်ဆိုတဲ့အချိန်မှာတော့သိသာလာပါတယ်။ ဒီအချက်တွေကကိုယ့်ရဲ့အလုပ်အကိုင်တည်မြဲမှုကိုတိုက်ရိုက်ခြိမ်းခြောက်လာနိုင်ပါတယ်။ စည်းကမ်းမလိုက်နာတဲ့ဝန်ထမ်း […]