အသက်မွေးဝမ်းကြောင်း ရည်းမှန်းချက်တွေ အောင်မြင်ဖို့အတွက် ဘာတွေလိုအပ်မလဲ။ဘာတွေကို အာရုံစိုက်လုပ်ရမလဲ၊ ဘယ်လိုတွေကြိုးစားရမလဲဆိုတဲ့အကြံပြုချက်တွေကိုမျှဝေပေးသွားချင်ပါတယ်။ ပြောင်းလဲနေတဲ့ လုပ်ငန်းလိုအပ်ချက်တွေအတွက် အချိန်ဖယ်ထားပါ အလုပ်မှာ၊ လုပ်ငန်းတခုမှာ၊ အသက်မွေးဝမ်းကြောင်းမှုတွေမှာ ပန်းတိုင်တွေအမြဲပြောင်းလဲနေတတ်ပါတယ်။ အခြေအနေ၊ အချိန်အခါအလိုက်ပြောင်းလွယ်ပြင်လွယ်ရှိတတ်တာဖြစ်လို့ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းနဲ့သက်ဆိုင်တဲ့ပန်းတိုင်တွေကို အမြဲမပြတ်လေ့လာပါ။ ဒီနေ့လိုအပ်ချက်တွေက မနက်ဖြန်လိုအပ်ချက်တွေနဲ့မကိုက်ညီတာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြောင်းလဲနေတဲ့အခြေအ နေတွေ၊လုပ်ငန်းအတွေ့အကြုံတွေအတွက် သင့်မှာအမြဲအဆင်သင့်ရှိနေဖို့လိုအပ်ပါတယ်။ တခြားသူများရဲ့ ပံ့ပိုးကူညီမှုကို စာရင်းလုပ်ပါ […]