
လိုက်လျောညီထွေရှိသူတွေမှာတွေ့ရတဲ့ စွမ်းရည် (၆)ခု
ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့၊ လိုက်လျောညီထွေရှိဖို့ အရည်အချင်းတွေလိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် လိုက်လျောညီထွေဖြစ်အောင်သင်ယူတာက သင့်ကိုတိုးတက်အောင်မြင်အောင် ကူညီပေးနိုင်ပါတယ်။လိုက်လျောညီထွေရှိသူတွေမှာ ဘယ်လိုစွမ်းရည်မျိုးတွေရှိနေသလဲဆိုတာကိုဖော်ပြပေးသွားချင်ပါတယ်။ ကိုယ်ရည်ကိုယ်သွေး လိုက်လျောညီထွေရှိတာ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးက အခြေအနေအသစ်တွေပေါ်မှာလိုက်ပြီး ချိန်ညှိနိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ မတူညီမှုတွေအတွက်ကိုယ့်ရဲ့လေးစားမှုကိုပြတာကလည်း ကိုယ့်ရဲ့လိုက်လျောညီထွေဖြစ်အောင်နေနိုင်တဲ့စွမ်းရည်တခုပါပဲ။ သိမြင်မှု လိုက်လျောညီထွေရှိမှုရှိတာ သိမြင်မှု လိုက်လျောညီထွေရှိမှုဆိုတာကတော့ သင့်ရဲ့စိတ်ကိုသတင်းအချက်အလက်အသစ်များနဲ့ လိုက်လျောညီထွေရှိအောင်လုပ်ဆောင်နိုင်တဲ့စွမ်းရည်တမျိုးပါပဲ။ […]