နိုင်ငံခြား တရာ့တဆယ်မှာ ပြသမယ့် BLACKPINK ရဲ့ BORN PINK

June 22, 2024 Aung Khant Mon 0

BLACKPINK အဖွဲ့ရဲ့ ပွဲဦးထွက် ရှစ်နှစ်ပြည့်နှစ်ပတ်လည်မှာတော့ BLACKPINK WORLD TOUR (BORN PINK) in CINEMAS အမည်ရှိ ဖျော်ဖြေပွဲ ရုပ်ရှင်ကို ကမ္ဘာတဝန်းရှိရုပ်ရှင်ရုံများမှာ ဖြန့်ချိတော့မှာဖြစ်ကြောင်း YG Entertainment ကနေဇွန်လ ၂၁ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ဇွန်လ 21 ရက်နေ့တွင် YG Entertainment […]

ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်ဆိုတာ ဘာလဲ

June 22, 2024 Aung Khant Mon 0

ဝေဖန်ပိုင်းခြားနိုင်တဲ့ တွေးခေါ်မှုစွမ်းရည်ဆိုတာ ဘာလဲ။ Critical Thinking လို့အားလုံးသိထားကြပြီးသားပါ။ အချက်အလက်များကိုခွဲခြမ်းစိတ်ဖြာဖို့၊ ဆင်ခြင်တုံတရားနဲ့ဖြေရှင်းဖို့အတွက် သင်အသုံးပြုနိုင်တဲ့ စွမ်းရည်လို့ အကြမ်းဖျင်းပြောလို့ရပါတယ်။ဒီဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်က သင့်အတွက် ထိရောက်တဲ့ ပြဿနာဖြေရှင်းခြင်းနဲ့ဆုံးဖြတ်ချက်ချခြင်းတို့ကို လှုံ့ဆော်ပေးတဲ့ စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်ဉာဏ်သွေးအမျိုးအစားတခုဖြစ်ပါတယ်။ဝေဖန်ပိုင်းခြားနိုင်တဲ့ တွေးခေါ်မှုစွမ်းရည်တိုးတက်ဖို့ သင်ကြိုးစားကြည့်ဖူးပါသလား၊ဒီအချက်တွေက သင့်ကို အကူအညီဖြစ်စေပါလိမ့်မယ်။ ဒီစွမ်းရည်ကပျော့ပြောင်းတဲ့စွမ်းရည်တွေဖြစ်ကြပြီး အလေ့အကျင့်လုပ်ယူလို့ရနိုင်ပါတယ်။ ခွဲခြမ်းစိတ်ဖြာတွေးခေါ်ခြင်း ခွဲခြမ်းစိတ်ဖြာတဲ့ […]

မဟာဘွဲ့အတွက် ကိုရီးယားထိပ်တန်းတက္ကသိုလ်မှာ တက်ရောက်ခွင့်ရခဲ့တဲ့ မင်းသမီး Koo Hye Sun

June 21, 2024 Aung Khant Mon 0

မြန်မာပရိသတ်တွေကြားမှာ F4 မင်းသမီးလို့နာမည်ကြီးတဲ့ မင်းသမီး Koo Hye Sun ကတော့မာစတာပရိုဂရမ်အတွက် ကျော်ကြားတဲ့ Advanced Institute of Science and Technology (KAIST)က လက်ခံထားတယ်လို့ မကြာသေးမီက ကြေညာခဲ့ပါတယ်။မင်းသမီးက အင်ဂျင်နီယာမဟာဘွဲ့အတွက် ဒီတက္ကသိုလ်ကလက်ခံခဲ့တာလို့ ဇွန်လ ၂၀ရက်နေ့မှာသူမရဲ့အင်စတာဂရမ်အကောင့်ကနေ မျှဝေခဲ့တာဖြစ်ပါတယ်။ဒီတက္ကသိုလ်က ဝင်ခွင့်ရရှိဖို့ […]

မယိမ်းမယိုင် သစ္စာရှိတယ်လို့ နာမည်ကျော်တဲ့ ရာသီခွင် (၄)ခု

June 21, 2024 Aung Khant Mon 0

နက္ခတ်ဗေဒင်တွေအရ သစ္စာစောင့်သိမှုရှိကြတဲ့ ရာသီခွင် (၄)ခုရှိကြပါတယ်။ ခိုင်မြဲသောမိတ်ဆွေ ဒါမှမဟုတ် လက်တွဲဖော်ကိုရှာဖွေနေသူတွေအတွက်တော့ ဒီရာသီဖွား လေးခုကမယိမ်းယိုင်တဲ့ သစ္စာစောင့်သိမှုကိုရှာတွေ့နိုင်ပါလိမ့်မယ်။ ဒါက နက္ခတ်သဘောအရပြောတာဖြစ်လို့ လူတိုင်းအတွက် မှန်မယ်လို့ မပြောနိုင်ပါဘူး။ အရမ်း Serious မထားဖို့မေတ္တာရပ်ခံလိုပါတယ်။ Taurus: April 20-May 20 တည်ကြည်တဲ့အဖော်ကိုလိုချင်ရင်တော့ ဒီရာသီဖွားလေးတွေရှိပါတယ်။ သူတို့က […]

လုပ်ငန်းခွင်ထဲက မျိုးဆက် ၅ ခု

June 21, 2024 Aung Khant Mon 0

လုပ်ငန်းခွင်တခုမှာ မတူညီတဲ့မျိုးဆက်တွေရှိတာ အားနည်းချက်တခုလို့ထင်ကောင်းထင်နိုင်ပေမဲ့ အသက် ၂၅နှစ်ကနေ အသက်၅၉အရွယ်အထိမတူညီတဲ့ဘဝအတွေ့အကြုံတွေ၊ စွမ်းရည်တွေ၊ ရှုထောင့်တွေရှိတာကိုတော့မေ့ထားလို့မရပါဘူး။ လူတိုင်းရဲ့အားသာချက်အား နည်းချက်တွေကို လေးစားမှုနဲ့ဂရုတစိုက်ဆက်ဆံတဲ့အခါမှာ မျိုးဆက်ကွာခြားမှုက အားပြိုင်မှုတခုမဟုတ်တော့ပါဘူး။သင်တို့ရဲ့လုပ်ငန်းခွင်တွေမှာရှိလေ့ရှိထရှိတဲ့ မျိုးဆက်ငါးခုကို သင်သိပါသလား။သင်တို့ရဲ့လုပ်ငန်းခွင်မှာရော မျိုးဆက်ဘယ်နှခုလောက်အထိရှိသလဲဆိုတာ သုံးသပ်ကြည့်ဖူးသလား။ ဒီဆောင်းပါးလေးဖတ်ပြီးတဲ့အခါမှာတော့စဉ်းစားသုံးသပ်ကြည့်မယ်လို့ မျှော်လင့်ပါတယ်။ ရှေးရိုးသမားများ Silent Generation လို့လည်း လူသိများတဲ့ ဒီမျိုးဆက်ကို […]

အရက်မူးပြီးကားမောင်းလို့ စွဲချက်တင်ခံရပြီး ပြန်လည်လွတ်လာတဲ့ Justin Timberlake

June 20, 2024 Aung Khant Mon 0

အဆိုတော် Justin Timberlake က အရက်မူးပြီးကားမောင်းလို့စွဲချက်တင်ခံရပြီးနယူးယောက်မှာ ချုပ်နှောင်မှုခံရတာကနေ ဒီကနေ့မှာလွတ်မြောက်လာခဲ့တယ်လို့ သူ့ရဲ့ရှေ့နေကပြောခဲ့ပါတယ်။ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အဆိုတော်က ဇွန်လ ၁၈ရက်နေ့ နံနက် ၁၂နာရီ ၃၇မိနစ်မှာနယူးမြောက် Sag Harbor မှာ အရက်မူးပြီးကားမောင်းနေတာကိုတွေ့ခဲ့ရတယ်လို့ဆိုထားပါတယ်။ အဆိုတော်က ကားရပ်ဖို့အချက်ပြတာကိုလည်း ပျက်ကွက်ခဲ့တယ်လို့ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဆိုတော်က မျက်လုံးများနီရဲနေပြီး အရက်နံ့များလည်း […]

အကောင်းမြင်စိတ်ကြောင့်ဆွဲဆောင်မှုရှိတဲ့ ရာသီခွင် (၄)ခု

June 20, 2024 Aung Khant Mon 0

အကောင်းမြင်စိတ်နဲ့ အကောင်းမြင်ဝါဒက လူတွေကိုဆွဲဆောင်မှုရှိတယ်ဆိုတာသင်သိပါသလား။ ဒီရာသီဖွားလေးတွေကတော့ သွားလေရာမှာကောင်းမွန်တဲ့ခံစားချက်ကိုဖြန့်ကျက်ပေးနိုင်တာကြောင့် နာမည်ကြီးပါတယ်။ဒီအပြုသဘောဆောင်တဲ့ ရာသီခွင်တွေက ဘယ်ရာသီ ခွင်တွေဖြစ်မလဲဆိုတာမျှဝေပေးသွားချင်ပါတယ်။ Aries : March 21-April 19 ဒီရာသီဖွားတွေက အကောင်းဆုံးအကောင်းမြင်သမားတွေဖြစ်ပါတယ်။ဒီရာသီဖွားတွေရဲ့အပြုသဘောဆောင်တဲ့ စွမ်းအင်တွေရှိတာကြောင့် တခြားသူတွေကိုကူးစက်စေပါတယ်။ သူတို့ရဲ့စိတ်အားထက်သန်မှုနဲ့ ပြင်းပြတဲ့ ရဲရင့်မှုတွေ၊ ရဲစွမ်းသတ္တိတွေကတခြားသူတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ Leo: July […]

ထိရောက်တဲ့ ညှိနှိုင်းမှုအတွက် အကြံပြုချက် (၆)ချက်

June 20, 2024 Aung Khant Mon 0

ထိရောက်တဲ့ညှိနှိုင်းမှုကလည်း ဘယ်လိုနယ်ပယ်မှာမဆို လိုအပ်ပါတယ်။ ကိုယ်လိုချင်တဲ့အရာကိုရရှိနိုင်ဖို့အတွက် ကိုယ့်မှာ ညှိနှိုင်းရေးစွမ်းရည်ကောင်းကောင်းရှိဖို့လိုပါတယ်။ဒီအချက်တွေကတော့ အဲဒီလိုညှိနှိုင်းရေးမှာ သိသင့်တဲ့ထိရောက်တဲ့အကြံပြုချက်တွေဖြစ်ပါတယ်။။ ယုံကြည်မှုရှိပါ ပထမအရေးကြီးဆုံးအချက်ကတော့ ယုံကြည်မှုရှိဖို့ပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ကညှိနှိုင်းရေးမှာ အဓိက အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ဒီအချက်ကိုစေ့စပ်ညှိနှိုင်းရေးမလုပ်ခင်မှာ ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။မျက်နှာချင်းဆိုင်စကားပြောတဲ့အခါ မျက်လုံးချင်းဆုံးပြီး ကြည့်ဖို့မမေ့ပါနဲ့။ လေးစားမှုရှိပါ ညှိနှိုင်းရေးမှာ ဒုတိယအရေးကြီးတဲ့အချက်ကတော့ အပြန်အလှန်လေးစားမှုပါ။ကိုယ့်ရဲ့တောင်းဆိုမှုအတွက် မာနရှိပါ။ ဒါပေမဲ့ တဖက်မှာလည်း […]

လီဆာရဲ့ROCKSTAR အတွက် Teaser နဲ့အတူ ထုတ်လွှင့်မယ့်ရက် ကြေညာ

June 19, 2024 Aung Khant Mon 0

BLACKPINK ရဲ့ လီဆာကတော့ သူမရဲ့ ROCKSTAR အတွက် Teaser နဲ့အတူ Comeback Date ကိုကြေညာခဲ့ပါတယ်။ဇွန်လ ၁၈ရက်နေ့မှာတော့ လီဆာက သူမရဲ့တစ်ကိုယ်တော် comeback အတွက်ရက်စွဲနဲ့အသေးစိတ်အချက်အလက်များကို ကြေညာခဲ့ပါတယ်။တေး သီချင်းကို ဇွန်လ ၂၇ ရက် ကြာသပတေးနေ့မှာထုတ်လွှင့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ဇွန်လ ၂၇ရက်နေ့မှာ […]

အောင်မြင်မှုရရန် ဖြစ်နိုင်ချေအရှိဆုံး ရာသီခွင် (၄) ခု

June 19, 2024 Aung Khant Mon 0

အောင်မြင်ဖို့ အလားအလာ အရှိဆုံး က ဘယ်ရာသီခွင်တွေဖြစ်မလဲ။ နက္ခတ်ဗေဒင်အရကိုယ်ရည်ကိုယ်သွေးတွေကိုက်ညီပြီး အောင်မြင်မှုအတွက် အလားအလာအရှိဆုံးရာသီခွင်တွေကိုဖော်ပြပေးချင်ပါတယ်။ ဒါကို ဖျော်ဖြေရေးအနေနဲ့သာ ဖတ်ဖို့နဲ့ Serious မထားဖို့အကြံ ပေးချင်ပါတယ်။ Aries – March 21-April 19 ဒီရာသီဖွားတွေက သူတို့ရဲ့မကြောက်ရွံ့တတ်တဲ့စိတ်ကြောင့် လူသိများပါတယ်။ သူတို့တွေကခေါင်းဆောင်ကောင်းတွေဖြစ်ကြပြီး စိန်ခေါ်မှုအသစ်အတွက် အမြဲတမ်းလက်ခံဖို့အဆင်သင့်ပါပဲ။ […]