ချစ်သူအသစ်နဲ့အတူကမ်းခြေမှာပျော်ရွှင်နေတဲ့ Selena Gomez

၂၀၂၃ ခုနစ်ကို ချစ်သူနဲ့အတူတူချစ်ကြည်နူးပြီးဖြတ်သန်းခဲ့တာကတော့ Selena Gomez ပါ။သူမဟာချစ်သူအသစ်ဖြစ်တဲ့ Benny Blanco နဲ့အတူကမ်းခြေမှာအတူရှိနေခဲ့တာပဲဖြစ်ပါတယ်။သူမတို့နှစ်ယောက်ဒီလိုကြည်ကြည်နူးနူးရှိနေခဲ့ပုံကို ပြီးခဲ့တဲ့စနေကဆယ်လီနာရဲ့အင်စတာဂရမ်အကောင့်မှာ တင်ထားခဲ့တာပါ။ဆယ်လီနာကမွေးပွကုတ်အနက်ရောင်နဲ့ဖြစ်ပြီး Benny ကတော့ပန်းပွင့်တွေပါတဲ့ခေါင်းစွပ်အနွေး ထည်နဲ့လိုက်ဖက်နေတာတွေ့ကြရပါတယ်။ Benny ကသူမကိုနောက်ကနေ သိုင်းဖက်နေပုံကိုတင်ထားခဲ့တာဖြစ်ပါတယ်။

သူမထက် ၃ နှစ်သာအသက်ကြီးတဲ့ချစ်သူ Benny Blanco ဟာ Music Producer တစ်ယောက်ဖြစ်ပြီးသူတို့နှစ်ယောက်ရဲ့အချစ်ရေးကို ပြီးခဲ့တဲ့ဒီဇင်ဘာလဆန်းကတရားဝင်ထုတ်ပြန်ကြေညာခဲ့တာပါ။သူတို့နှစ်ဦးတွဲခုတ်နေတာ ၆ လလောက်ရှိပြီဖြစ်ပေမယ့် မကြာသေးခင်ကမှပရိသတ်တွေကိုအသိပေးခဲ့တာဖြစ်ပါတယ်။ချစ်သူအသစ်နဲ့ပတ်သက်ပြီး “ကျွန်မအတွက်သူကအရာရာပါ။သူကကျွန်မအတွက်ဖြစ်တည်လာခဲ့သမျှထဲမှာ အကောင်းဆုံးဖြစ်ပါတယ်။ချစ်သူအဖြစ်တွဲခဲ့ဖူးတဲ့သူတွေထဲသူကအကောင်းဆုံးပါ” လို့ဆယ်လီနာက မှတ်ချက်ရေးခဲ့ဖူးပါတယ်။ဆယ်လီနာနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကလည်း သူမတစ်ခါမှခုလိုပျော်နေတာမတွေ့ဖူးဘူး၊သူတို့နှစ်ယောက်ကိုကြည့်ရတာတ ကယ်ကိုပျော်နေတဲ့ပုံပါပဲ လို့မှတ်ချက်ဆိုခဲ့ပါသေးတယ်။

Ju Ju

zawgyi

၂၀၂၃ ခုနစ္ကို ခ်စ္သူနဲ႔အတူတူခ်စ္ၾကည္ႏူးၿပီးျဖတ္သန္းခဲ့တာကေတာ့ Selena Gomez ပါ။သူမဟာခ်စ္သူအသစ္ျဖစ္တဲ့ Benny Blanco နဲ႔အတူကမ္းေျခမွာအတူရွိေနခဲ့တာပဲျဖစ္ပါတယ္။သူမတို႔ႏွစ္ေယာက္ဒီလိုၾကည္ၾကည္ႏူးႏူးရွိေနခဲ့ပုံကို ၿပီးခဲ့တဲ့စေနကဆယ္လီနာရဲ႕အင္စတာဂရမ္အေကာင့္မွာ တင္ထားခဲ့တာပါ။ဆယ္လီနာကေမြးပြကုတ္အနက္ေရာင္နဲ႔ျဖစ္ၿပီး Benny ကေတာ့ပန္းပြင့္ေတြပါတဲ့ေခါင္းစြပ္အေႏြး ထည္နဲ႔လိုက္ဖက္ေနတာေတြ႕ၾကရပါတယ္။ Benny ကသူမကိုေနာက္ကေန သိုင္းဖက္ေနပုံကိုတင္ထားခဲ့တာျဖစ္ပါတယ္။

သူမထက္ ၃ ႏွစ္သာအသက္ႀကီးတဲ့ခ်စ္သူ Benny Blanco ဟာ Music Producer တစ္ေယာက္ျဖစ္ၿပီးသူတို႔ႏွစ္ေယာက္ရဲ႕အခ်စ္ေရးကို ၿပီးခဲ့တဲ့ဒီဇင္ဘာလဆန္းကတရားဝင္ထုတ္ျပန္ေၾကညာခဲ့တာပါ။သူတို႔ႏွစ္ဦးတြဲခုတ္ေနတာ ၆ လေလာက္ရွိၿပီျဖစ္ေပမယ့္ မၾကာေသးခင္ကမွပရိသတ္ေတြကိုအသိေပးခဲ့တာျဖစ္ပါတယ္။ခ်စ္သူအသစ္နဲ႔ပတ္သက္ၿပီး “ကြၽန္မအတြက္သူကအရာရာပါ။သူကကြၽန္မအတြက္ျဖစ္တည္လာခဲ့သမွ်ထဲမွာ အေကာင္းဆုံးျဖစ္ပါတယ္။ခ်စ္သူအျဖစ္တြဲခဲ့ဖူးတဲ့သူေတြထဲသူကအေကာင္းဆုံးပါ” လို႔ဆယ္လီနာက မွတ္ခ်က္ေရးခဲ့ဖူးပါတယ္။ဆယ္လီနာနဲ႔ရင္းႏွီးတဲ့မိတ္ေဆြေတြကလည္း သူမတစ္ခါမွခုလိုေပ်ာ္ေနတာမေတြ႕ဖူးဘူး၊သူတို႔ႏွစ္ေယာက္ကိုၾကည့္ရတာတ ကယ္ကိုေပ်ာ္ေနတဲ့ပုံပါပဲ လို႔မွတ္ခ်က္ဆိုခဲ့ပါေသးတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*