Captain America: Civil War အတွက် Robert Downey Jr. နဲ့အမှတ်တရတစ်ခုအကြောင်းပြောတဲ့ Tom Holland

Spider-Man မင်းသား Tom Holland က Captain America: Civil War မှာပါဝင်ဖို့ သူ့ရဲ့အကောင်းဆုံးလူတွေ့စစ်ဆေးမှအတွေ့အ ကြုံကိုဖွင့်ဟခဲ့ပါတယ်။ Talk Show TV Series ဖြစ်တဲ့ Actors on Actors ထဲမှာသူကြုံခဲ့ရတဲ့လူတွေ့စစ်ဆေးမှုတွေအကြောင်းပြောရင်း Robert Downey Jr.နဲ့အတူလက်တန်းသရုပ်ဆောင်ခဲ့ရတာက ဘဝအတွက်အမှတ်တရအဖြစ်ဆုံးလို့ပြောခဲ့တာဖြစ်ပါတယ်။Spider-Man ဇာတ်ကောင်အတွက် သူ့ကိုစမ်းသပ်ရွေးချယ်ချိန်ကာလ ၇ လကြာမြင့်ခဲ့ပြီးလူတွေ့သရုပ်ဆောင်ချိန် ၆ ကြိမ်အထိရှိခဲ့တယ်လို့ဆိုပါတယ်။

ကျွန်တော့်အေးဂျင့်က“မင်းဇာတ်ညွှန်းအတိုင်းအတိအကျလုပ်နော်။ Marvel ကစကားလုံးအတိအကျပြောတာပဲကြိုက်တာလို့သတိပေးပါတယ်။ ကျွန်တော်ကအဲဒါကိုသိပ်စိတ်ထဲမထားဘူး။ ဖြစ်ချင်တော့ Robert Downey Jr. က ချက်ချင်းဇာတ်ညွှန်းကိုပြောင်းပြီးစသရုပ် ဆောင်တယ်။ ကျွန်တော်ကလည်းကျွန်တော့်ပင်ကိုစွမ်းရည်နဲ့ပဲလိုက်ပြီးသရုပ်ဆောင်ပါတယ်။ အဲလိုနဲ့အဆင်ပြေသွားတယ်။စစ် ဆေးမှုလည်းပြီးရော အမေ့ဆီပြေးသွားပြီး အမေကျွန်တော်တော့အရွေးခံရပြီထင်တယ်လို့ပြောခဲ့တာ” ဆိုပြီးသူ့ရဲ့အတွေ့အကြုံတွေကိုပြောပြပါတယ်။သရုပ်ဆောင်ဝင်အရွေးခံတဲ့အတွေ့အကြုံထဲမှာတော့ Robert Downey Jr.နဲ့အတူလက်တန်းသရုပ်ဆောင်ရတာကကျွန်တော့်အတွက်အမှတ်တရအရှိဆုံးပဲလို့ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

Spider-Man မင္းသား Tom Holland က Captain America: Civil War မွာပါဝင္ဖို႔ သူ႔ရဲ႕အေကာင္းဆုံးလူေတြ႕စစ္ေဆးမွအေတြ႕အ ႀကဳံကိုဖြင့္ဟခဲ့ပါတယ္။ Talk Show TV Series ျဖစ္တဲ့ Actors on Actors ထဲမွာသူႀကဳံခဲ့ရတဲ့လူေတြ႕စစ္ေဆးမႈေတြအေၾကာင္းေျပာရင္း Robert Downey Jr.နဲ႔အတူလက္တန္းသ႐ုပ္ေဆာင္ခဲ့ရတာက ဘဝအတြက္အမွတ္တရအျဖစ္ဆုံးလို႔ေျပာခဲ့တာျဖစ္ပါတယ္။Spider-Man ဇာတ္ေကာင္အတြက္ သူ႔ကိုစမ္းသပ္ေ႐ြးခ်ယ္ခ်ိန္ကာလ ၇ လၾကာျမင့္ခဲ့ၿပီးလူေတြ႕သ႐ုပ္ေဆာင္ခ်ိန္ ၆ ႀကိမ္အထိရွိခဲ့တယ္လို႔ဆိုပါတယ္။

ကြၽန္ေတာ့္ေအးဂ်င့္က“မင္းဇာတ္ၫႊန္းအတိုင္းအတိအက်လုပ္ေနာ္။ Marvel ကစကားလုံးအတိအက်ေျပာတာပဲႀကိဳက္တာလို႔သတိေပးပါတယ္။ ကြၽန္ေတာ္ကအဲဒါကိုသိပ္စိတ္ထဲမထားဘူး။ ျဖစ္ခ်င္ေတာ့ Robert Downey Jr. က ခ်က္ခ်င္းဇာတ္ၫႊန္းကိုေျပာင္းၿပီးစသ႐ုပ္ ေဆာင္တယ္။ ကြၽန္ေတာ္ကလည္းကြၽန္ေတာ့္ပင္ကိုစြမ္းရည္နဲ႔ပဲလိုက္ၿပီးသ႐ုပ္ေဆာင္ပါတယ္။ အဲလိုနဲ႔အဆင္ေျပသြားတယ္။စစ္ ေဆးမႈလည္းၿပီးေရာ အေမ့ဆီေျပးသြားၿပီး အေမကြၽန္ေတာ္ေတာ့အေ႐ြးခံရၿပီထင္တယ္လို႔ေျပာခဲ့တာ” ဆိုၿပီးသူ႔ရဲ႕အေတြ႕အႀကဳံေတြကိုေျပာျပပါတယ္။သ႐ုပ္ေဆာင္ဝင္အေ႐ြးခံတဲ့အေတြ႕အႀကဳံထဲမွာေတာ့ Robert Downey Jr.နဲ႔အတူလက္တန္းသ႐ုပ္ေဆာင္ရတာကကြၽန္ေတာ့္အတြက္အမွတ္တရအရွိဆုံးပဲလို႔ဖြင့္ဟခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*