ချမ်းသာဖို့ မွေးဖွားလာတဲ့ ရာသီခွင် (၄)ခု

ချမ်းသာဖို့ မွေးဖွားလာတယ်လို့ ယုံကြည်ရတဲ့ ရာသီခင် (၄)ခုက ဘယ်သူတွေများဖြစ်မလဲ။တချို့တွေက မွေးလာကတည်းက ကံကောင်းခြင်းတွေနဲ့ ငွေကြေးအောင်မြင်မှုတွေနဲ့အထုပ်ထုတ်ပြီး ရောက်လာတတ်ကြပါတယ်။ ဒီရာသီခွင်လေးခုက ဘယ်သူတွေများဖြစ်မလဲ။

Taurus
ငွေကြေးဂုရုတွေလို့ ဒီရာသီဖွားတွေကိုတင်စားကြပါတယ်။ သူတို့ရဲ့ ဘဝကိုလက်တွေ့ကျပြီးမယိမ်းယိုင်တဲ့ ဆုံးဖြတ်မှုတွေကြောင့် ငွေ ကြေးအောင်မြင်မှုဆီကိုဦးတည်လေ့ရှိကြပါတယ်။ရင်းနှီးမြှုပ်နှံမှုများအတွက် စိတ်အားထက်သန်မှုနဲ့ ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်တွေပေါင်း စပ်ပြီးဥစ္စာဓနများကို မှန်မှန်ကန်ကန်တည်ဆောက်ကြပါတယ်။ သူတို့ရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကသူတို့အတွက်တော့ ငွေကိုသံလိုက်လိုပဲ ဝင်လာစေပါတယ်။

Leo
Leo တွေက ရဲရင့်ပြီးဆွဲဆောင်မှုရှိကြပါတယ်။ သူတို့ကို ငွေကြေးကြွယ်ဝမှုဆီကို တွန်းပို့နိုင်တဲ့ပင်ကိုယ်ယုံကြည်မှုနဲ့ ရည်မှန်းချက်များ ပိုင် ဆိုင်ထားကြပါတယ်။ သူတို့ရဲ့သဘာဝကျတဲ့ခေါင်းဆောင်မှုစွမ်းရည်နဲ့ စွန့်ဦးတီထွင်မှုစိတ်ဓာတ်တွေက သူတို့ကိုအကျိုးအမြတ်ရစေတဲ့
အခွင့်အလမ်းတွေဆီကို ပို့ဆောင်ပေးလေ့ရှိပါတယ်။ သူတို့က စွန့်စားရမှာမကြောက်တာကြောင့်ချမ်းသာကြွယ်ဝလာစေပါတယ်။

Scorpio
Scorpios များက သူတို့ရဲ့ ပြင်းထန်တဲ့ စိတ်အားထက်သန်မှုနဲ့ ကျွမ်းကျင်ပိုင်နိုင်မှု၊ငွေကြေးအောင်မြင်မှုများကြောင့် ကျော်ကြားပါတယ်။ အာဏာနဲ့ ထိန်းချုပ်လိုတဲ့ဆန္ဒကြောင့်ကင်းမြီးကောက်တွေက မဟာဗျူဟာရေးဆွဲခြင်းနဲ့ ငွေကြေးညှိနှိုင်းမှုတို့မှာ ထူးချွန်ကြပါတယ်။သူတို့က ကြွယ်ဝချမ်းသာမှုအတွက် သဘာဝကနေမွေးဖွားပေးလိုက်တဲ့ သူတွေဖြစ်ပါတယ်။

Capricorn
အဆုံးစွန်အောင်မြင်သူအဖြစ် Cappy တွေကိုသတ်မှတ်ကြပါတယ်။ သူတို့ကရည်မှန်းချက်ကြီးပြီး စည်းကမ်းရှိတာ၊ မယိမ်းယိုင်တဲ့ ဆုံး ဖြတ်ချက်တွေကြောင့်ငွေကြေးနယ်ပယ်မှာ ချမ်းသာကြွယ်ဝကြပါတယ်။ လက်တွေ့ကျမှုနဲ့ စိတ်ရှည်မှုတွေကခက်ခဲတဲ့စီးပွားရေးတွေကိုတောင် အလွယ်တကူလုပ်ဆောင်နိုင်ပါတယ်။ သူတို့ရဲ့အလုပ်ကြိုးစားမှုနဲ့ ဇွဲလုံ့လတန်ဖိုးတွေက သူတို့ကို ငွေကြေးချမ်းသာစေဖို့ဦးဆောင်ပေးကြပါတယ်။

MYit

zawgyi


Taurus

Leo

Scorpio

Capricorn

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*