ပထမဆုံးရင်သွေးကို ပိုင်ဆိုင်ရတော့မယ့် Shim Hyung Tak နဲ့ Hirai Saya

Shim Hyung Tak နဲ့ ဇနီး Hirai Saya တို့က နှစ်ဦးက မကြာခင်မိဘတွေဖြစ်လာပါတော့မယ်။ဇူလိုင်လ ၁၂ရက်နေ့မှာ Shim Hyung Tak ရဲ့အေဂျင်စီဖြစ်တဲ့ Alomalo Humain Entertainment ကနေ မင်းသားနဲ့ သူရဲ့ဇနီးတို့က သူတို့ရဲ့ပထမဆုံးသားဦးကို ပိုင်ဆိုင်ရတော့မှာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။မင်းသားနဲ့ ဇနီးဖြစ်သူတို့က လွန်ခဲ့တဲ့ တနှစ်က လက်ထပ်ထားခဲ့ကြတာဖြစ်ပါတယ်။ Shim Hyung Tak က သူ့ရဲ့အေဂျင်စီကနေတစ်ဆင့် ကြေငြာချက်တစ်ခုမှာတော့ကျနော့်ဇနီး Saya ကိုလက်ထပ်ရတာ အံ့ဖွယ်တစ်ခုလိုခံစားခဲ့ရပြီးပြီ၊ အခုအချိန်မှာတော့ကျနော်တို့ကလေးရတော့မှာဖြစ်တဲ့အတွက် အလွန်ဝမ်းသာပီတိဖြစ်ရပါတယ်လို့ပြောထားပါတယ်။

“ကျနော့်ဇနီး ဆာယာအတွက် အားကိုးဖွယ်ဖြစ်တဲ့ခင်ပွန်းဖြစ်စေရမယ်ဆိုတဲ့ ကတိအတိုင်းလျှောက်လှမ်းနေပါတယ်။ ကျနော်တို့ရင်သွေးလေးအတွက်ဖခင်ကောင်းတယောက်ဖြစ်လာဖို့ရယ်၊ မိသားစုကို တသက်လုံးကာကွယ်သွားမှာပါ” လို့ သူကပြောထားပါတယ်။သူတို့ရဲ့ စုံတွဲအတွက် ပရိသတ်တွေက ဂုဏ်ပြုထားကြပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*