ကလေးလို ပြုမူတတ်တဲ့ ရာသီခွင် (၄)ခု
သင်သိတဲ့သူတယောက် ဒါမှမဟုတ် သင်ကိုယ်တိုင်က ကလေးတယောက်လို ပြူမူနေတယ်လို့သင်ခံစားဖူးပါသလား။ နက္ခတ်သဘောအရ အဖြေရှိပါတယ်။ ရာသီခွင်လက္ခဏာပေါ်လိုက်ပြီးအကဲဖတ်ကြည့်လို့ရပါတယ်။
Aries
စိတ်အားထက်သန်တဲ့ ကလေးအဖြစ် Aries တွေကို သတ်မှတ်ကြပါတယ်။ သူတို့ကို ကလေးနဲ့နှိုင်းယှဉ်လေ့ရှိပါတယ်။ သူတို့ကအသစ်အ ဆန်းတွေကိုစူးစမ်းရတာကို နှစ်သက်ကြပြီးစူးစမ်းချင်စိတ်ရှိတဲ့ ကလေးတယောက်လို စိတ်မြန်လက်မြန်ပြုမူလေ့ရှိကြပါတယ်။ သူတို့ရဲ့
စွန့်စားတဲ့စိတ်ဓာတ်က တခါတလေမှာ ဒုက္ခဖြစ်စေနိုင်ပေမဲ့ အပြစ်ကင်းတဲ့သူတို့ရဲ့ပုံစံက သူတို့ကိုလွတ်မြောက်စေပါတယ်။
Gemini
ဆော့ကစားတတ်တဲ့ ကလေးလို့ Gemini တွေကိုဆိုကြပါတယ်။ သူတို့က လူသိများပြီးသူတို့ရဲ့သဘာဝနှစ်ခုကြောင့် တခြားတဖက်ခြမ်းမှာ မယုံနိုင်လောက်အောင်ကလေးဆန်တတ်ကြပါတယ်။ သူတို့က စူးစမ်းလိုစိတ်နဲ့ပျော်ရွှင်မှုကိုနှစ်သက်တဲ့ကလေးများနဲ့တူပါတယ်။ အ တွေ့အကြုံသစ်များအမြဲရှာဖွေနေပြီးစေ့စပ်သေချာမှုနဲ့ အဆက်မပြတ်လှုံ့ဆော်မှုတွေလိုအပ်တာကြောင့် တခါတလေ အလွယ်တကူငြီး ငွေ့တတ်တဲ့သဘောရှိပါတယ်။
Cancer
အာရုံခံစားလွယ်တဲ့ ကလေးနဲ့တူတယ်လို့ ကင်ဆာတွေကို ယူဆကြပါတယ်။ သူတို့က သိမ်မွေ့တဲ့ကလေးနဲ့တူပြီး ကလေးလိုပဲ လုံခြုံမှုနဲ့နှစ်သိမ့်မှုကိုလိုလားကြပါတယ်။ သူတို့ကစိတ်ခံစားမှုအားကောင်းပြီး လုံခြုံမှု၊ မေတ္တာနဲ့ဂရုစိုက်မှုများစွာလိုအပ်ပါတယ်။ ဒီရာသီခွင်တွေက
မိသားစုနဲ့အိမ်အပေါ်မှာခိုင်မြဲတဲ့တွယ်တာမှုကြောင့်လူသိများပါတယ်။ သူတို့တွေကကလေးကဲ့သို့ တွယ်ကပ်နိုင်ပြီး စိတ်လုံခြုံမှုနဲ့ချစ်ခင်မှုကိုလိုအပ်ကြပါတယ်။
Pisces
အိပ်မက်မက်တဲ့ကလေးနဲ့တူတယ်လို့ ဒီရာသီခွင်တွေကို ပြောကြပါတယ်။စိတ်ကူးယဉ်ကမ္ဘာထဲမှာ မကြာခဏပျောက်ဆုံးသွားတတ်ကြလို့ပါ။ သူတို့က အပြစ်ကင်းစင်တဲ့ကလေးတဦးလိုပဲ ကမ္ဘာကြီး ကိုကြည့်ရှုလိုတဲ့ သဘောထားရှိကြပါတယ်။ သူတို့ကတီထွင်ဖန်တီးနိုင်မှုမြင့်မားပြီး စိတ်ကူးယဉ်မှုများကနေတဆင့် လက်တွေ့ဘဝကိုလွတ်မြောက်သွားတတ်ကြပါတယ်။ ကလေးတယောက်လို သူတို့ပတ်ဝန်းကျင်ကပံ့ပိုးကူညီမှုတွေအများကြီးလိုအပ်ပါတယ်။ သူတို့က ကလေးလိုပဲဖြူစင်ပြီးအလွယ်တကူဒဏ်ရာရ နာကျင်စေတတ်ကြပါတယ်။
MYit
zawgyi
Aries
Gemini
Cancer
Pisces
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*