Arizona ပြည်နယ်တက္ကသိုလ်မှာ တေလာဆွပ်ဖ်အကြောင်းသင်ကြားမယ်

တေလာဆွပ်ဖ်ရဲ့ ထွက်ရှိခဲ့တဲ့တေးအယ်လ်ဘမ်တွေနဲ့သူမရဲ့ Psychology ကိုချိတ်ဆက်လေ့လာရမယ့် Psychology of Taylor Swift – Advanced Topics of Social Psychology Course ကိုအရီဇိုးနားပြည်နယ်တက္ကသိုလ်မှာစတင်သင်ကြားမယ်လို့သိရပါတယ်။ဒီ Course မှာ တေလာဆွပ်ဖ်ကို နှစ်သက်တယ်၊မနှစ်သက်ဘူးဆိုတာတွေပါဝင်မှာမဟုတ်ဘဲကောလာဟလတွေ၊ အချစ်ရေး၊ ပေါင်းသင်းဆက်ဆံရေးနဲ့လက်တုံ့ပြန်ခြင်းစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ သူမရဲ့ Psychologyကိုလေ့လာသင်ကြားကြရမှာဖြစ်ပါတယ်။

တေလာဆွပ်ဖ်အကြောင်းကိုသင်ခန်းစာအဖြစ်ထည့်သွင်းသင်ကြားကြတဲ့တက္ကသိုလ်တွေကဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ ၂၀၂၂ ခုနစ်၊ ဖေဖော်ဝါရီလတုန်းက NYU ဘွဲ့နှင်းသဘင်မှာ သူမကအဖွင့်မိန့်ခွန်းပြောခဲ့ရသလို ပြီးခဲ့တဲ့နှစ်ဩဂုတ်လတုန်းကလည်း University of Texas ရဲ့ တေးရေး-တေးဆိုဘာသာရပ်မှာတေလာဆွပ်ဖ်ရဲ့သီချင်းစာအုပ်ကိုလေ့လာသင်ကြားမှုလုပ်ခဲ့ကြတာတွေ့ရပါတယ်။

Ju Ju

zawgyi

ေတလာဆြပ္ဖ္ရဲ႕ ထြက္ရွိခဲ့တဲ့ေတးအယ္လ္ဘမ္ေတြနဲ႔သူမရဲ႕ Psychology ကိုခ်ိတ္ဆက္ေလ့လာရမယ့္ Psychology of Taylor Swift – Advanced Topics of Social Psychology Course ကိုအရီဇိုးနားျပည္နယ္တကၠသိုလ္မွာစတင္သင္ၾကားမယ္လို႔သိရပါတယ္။ဒီ Course မွာ ေတလာဆြပ္ဖ္ကို ႏွစ္သက္တယ္၊မႏွစ္သက္ဘူးဆိုတာေတြပါဝင္မွာမဟုတ္ဘဲေကာလာဟလေတြ၊ အခ်စ္ေရး၊ ေပါင္းသင္းဆက္ဆံေရးနဲ႔လက္တုံ႔ျပန္ျခင္းစတဲ့အေၾကာင္းအရာေတြနဲ႔ပတ္သက္တဲ့ သူမရဲ႕ Psychologyကိုေလ့လာသင္ၾကားၾကရမွာျဖစ္ပါတယ္။

ေတလာဆြပ္ဖ္အေၾကာင္းကိုသင္ခန္းစာအျဖစ္ထည့္သြင္းသင္ၾကားၾကတဲ့တကၠသိုလ္ေတြကဒီတစ္ခုတည္းေတာ့မဟုတ္ပါဘူး။ ၂၀၂၂ ခုနစ္၊ ေဖေဖာ္ဝါရီလတုန္းက NYU ဘြဲ႕ႏွင္းသဘင္မွာ သူမကအဖြင့္မိန႔္ခြန္းေျပာခဲ့ရသလို ၿပီးခဲ့တဲ့ႏွစ္ဩဂုတ္လတုန္းကလည္း University of Texas ရဲ႕ ေတးေရး-ေတးဆိုဘာသာရပ္မွာေတလာဆြပ္ဖ္ရဲ႕သီခ်င္းစာအုပ္ကိုေလ့လာသင္ၾကားမႈလုပ္ခဲ့ၾကတာေတြ႕ရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*