Park Bo Gum နဲ့ Kim So Hyun တို့အတူတွဲဖက်ပါဝင်မယ့် Good Boy

Park Bo Gum နဲ့ Kim So Hyun တို့နှစ်ယောက်ဟာ အက်ရှင်ဟာသဇာတ်လမ်းတွဲဖြစ်တဲ့ Good Boy မှာအတူတွဲဖက်ပါဝင်မယ်လို့သိရပါတယ်။ဒီသတင်းကို ဇန်နဝါရီလ (၁၁) ရက်နေ့မှာ JTBC ကအတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ Good Boy ဇာတ်လမ်းတွဲဟာ ရွှေတံဆိပ်ဆုရအိုလံပစ်ကစားသမားတွေရဲ့ဘဝဇာတ်ကြောင်းဖြစ်ပြီးသူတို့ရဲ့ငွေကြေးအခက်အခဲ၊ မတည်ငြိမ်တဲ့ Career၊ ခန္ဓာကိုယ်အနာတ ရဖြစ်မှုတွေအပြင်တခြားသောစိန်ခေါ်မှုတွေအများကြီးကို ရင်ဆိုင်ရတဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ သူတို့တွေဟာနောက်ဆုံးမှာ ရဲအရာရှိတွေဖြစ်လာခဲ့ကြပါတယ်။

ဒီဇာတ်လမ်းတွဲကိုရိုက်ကူးမယ့်သူကတော့ Beyond Evil ၊ The Good Bad Mother တို့လိုဇာတ်လမ်းတွဲတွေကိုရိုက်ကူးသူ ဒါရိုက်တာရှင်နာယွန်းဖြစ်ပါတယ်။ဒီဇာတ်ကားမှာ Park Bo Gum ကရွှေတံဆိပ်ဆုရလက်ဝှေ့ကစားသမားတစ်ယောက်အဖြစ်ပါဝင်မှာဖြစ်ပြီး
နောက်ပိုင်းမှာရဲအရာရှိအဖြစ်လုပ်ငန်းခွင်ဝင်ခဲ့တာဖြစ်ပါတယ်။ Kim So Hyun ကတော့ရွှေတံဆိပ်ဆုရသေနတ်ပစ်ကစားသမားတစ်ဦးဖြစ်ပြီး စိတ်ဒဏ်ရာရစရာဖြစ်ရပ်ကြောင့်အားကစားသမားဘဝမှထွက်ကာ ရဲအရာရှိတစ်ယောက်ဖြစ်လာခဲ့တာပါ။ Good Boy ဇာတ် လမ်းတွဲကို 2024 ခုနစ်၊ စက်တင်ဘာလလောက်မှာပြသနိုင်ဖို့လျာထားပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*