အေအိုင်(AI)အစားထိုးလို့မရသေးတဲ့ အလုပ်အကိုင်နယ်ပယ် (၅)ခု

တော်တော်များများအလုပ်အကိုင်တွေမှာ AI သုံးလာကြပါတယ်။ အွန်လိုင်းကနေ ကာစတန်မာနဲ့စကားပြောဆိုတာ၊ ကုန်ထုတ်လုပ်မှုတွေ၊ စက်ရုံလိုင်းတွေမှာ အေအိုင်ကိုအစားထိုးပြီးလုပ်ကိုင်လာကြပါတယ်။ ဒါပေမဲ့ တချို့အလုပ်တွေမှာတော့ လူသားတို့လုပ်ကိုင်နေရပြီး အေအိုင်အစားထိုးဖို့ မဖြစ်နိုင်သေးပါဘူး။လောလောဆယ်အခြေအနေမှာတော့ အေအိုင်နဲ့ အစားထိုးလို့မရတဲ့ အလုပ်အကိုင်တွေဆိုရင်တီ ထွင်ဖန်တီးမှုဆိုင်ရာ ရာထူးတွေ၊ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းလိုမျိုးလူမှုရေးလုပ်ငန်းများ ပါဝင်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု

ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကလူးသားအချင်းချင်းဆက်ဆံမှုအပေါ်မူတည်ပါတယ်။ ဖျားနာမှုများကို ရောဂါရှာဖွေခြင်းနဲ့
ကုသခြင်းအစီအစဉ်များလုပ်ဆောင်ရာမှာ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုထက်ပိုမိုအားထားရပါတယ်။စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်ဉာဏ်သွေး၊ အလိုလိုသိမြင်နိုင်တဲ့ ဆုံးဖြတ်ချက်ချခြင်းနဲ့ဟာသကဲ့သို့ Soft Skills တွေက လူများနဲ့ဆက်ဆံရေးကို ဖွံ့ဖြိုးစေတဲ့ သော့ချက်ဖြစ်ပါတယ်။ဒီအချက်က လူနာများကို ပြန်လည်နာလန်ထူလာစေပါတယ်။ အတိအကျမဖော်ပြနိုင်တဲ့ရောဂါလက္ခဏာများကို ကုသတာနဲ့ ဒေတာရှားပါးတဲ့အခြေအနေများကို ခွဲခြမ်းစိပ်ဖြာဖို့အတွက်နည်းပညာတိုးတက်မှုနဲ့အစားထိုးရန်မဖြစ်နိုင်တဲ့ အခြေအနေတွေမှာ လူသားတွေရဲ့ကဏ္ဍကအထူးအရေးပါပါတယ်။

ပညာရေး

ဒစ်ဂျစ်တယ်နည်းပညာက စာသင်ခန်းကိုအွန်လိုင်းသို့ ယူဆောင်လာပေမဲ့ပညာရေးကဏ္ဍအတွက် လူသားအချင်းချင်းအပြန်အလှန်ဆက်သွယ်မှုကအရေကြီးဆဲဖြစ်ပါတယ်။ သင်ယူခြင်းက ဆရာနဲ့ ကျောင်းသားကြားအဆက်မပြတ်နဲ့တသမတ်တည်းတုံ့ပြန်မှုအပေါ်မူတည်ပြီး ရှုပ်ထွေးတဲ့ဆက်ဆံရေးတခုဖြစ်ပါတယ်။ ကျောင်းသားတိုင်းမှာ ထူးခြားတဲ့ လိုအပ်ချက်တွေရှိကြပြီးဆရာတဦးရဲ့ ဆက်ဆံရေးကျွမ်းကျင်မှုနဲ့ အဲဒီလိုအပ်ချက်များအတွက် ချိန်ညှိနိုင်မယ့်သင်ယူမှုလုပ်ငန်းစဉ်များကို မြှင့်တင်ဖို့အတွက်က အဓိကသော့ချက်ဖြစ်ပါတယ်။

Software

လူတွေက အလိုအလျောက်ဖြစ်တဲ့ နည်းပညာတွေကို အားကိုးလာလေလေအလုပ်အကိုင်ဈေးကွက်မှာ ကွန်ပြူတာစနစ်တွေမှာကျွမ်း ကျင်တဲ့ အလုပ်သမားတွေပိုလိုအပ်လာလေပါပဲ။ ဆော့ဖ်ဝဲအင်ဂျင်နီယာများ၊ ဆော့ဖ်ဝဲရေးဆွဲသူများနဲ့ ပရိုဂရမ်စက်များကိုဘယ်လိုလုပ် ဆောင်ရမလဲသိတဲ့ ကျွမ်းကျင်ပညာရှင်များ ပိုမိုလိုအပ်လာပါတယ်။ ဒါကနည်းပညာကျွမ်းကျင်သူများအတွက်သတင်းကောင်းဖြစ်ပါတယ်။ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု ကွာဟချက်က ကျယ်ပြန့်လာပြီး ကမ္ဘာတစ်ဝှမ်းရှိ ကုမ္ပဏီများကနည်းပညာဆိုင်ရာ အလုပ်အကိုင်များကို ဖြည့်ဆည်းရန် ရုန်းကန်နေကြရပါတယ်။ကွန်ပြူတာစနစ်အသစ်များကို ဒီဇိုင်းဆွဲခြင်း၊ တည်ဆောက်ခြင်းနဲ့ စီမံခန့်ခွဲနိုင်သူများအတွက်
တိုးပွားလာတဲ့ လိုအပ်ချက်က ဆော့ဖ်ဝဲလ်လုပ်ငန်းများ ကြီးထွားလာရခြင်းရဲ့အကြောင်းအရင်းဖြစ်ပါတယ်။

သတင်းအချက်အလက်နည်းပညာ (IT) နဲ့ ဒေတာဝန်ဆောင်မှုများ

အပြိုင်အဆိုင်ဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းများက ဒစ်ဂျစ်တယ်အသွင်းကူးပြောင်းရေးမှာပါဝင်ဖို့လိုအပ်လာပါတယ်။ နည်းပညာခေတ်မှာ ကိုယ်ကအဲဒီအရွေ့မှာမပါဝင်လာနိုင်ဘူးဆိုရင်ကျန်ခဲ့မယ့်သူက ကိုယ်ဖြစ်နေမှာကို လုပ်ငန်းရှင်တွေက နားလည်သိရှိလာကြပါတယ်။ AIနဲ့
ဒေတာများနဲ့ Cloud နည်းပညာများက အချိန်ပြည့်အလုပ်များနဲ့ Freelance အလုပ်များအတွက်အခွင့်အလမ်းတွေများစွာဖွင့်ပေးထားပါတယ်။သတင်းအချက်အလက်နဲ့ နည်းပညာနယ်ပယ်က ၂၀၂၁ကနေ ၂၀၃၁ခုနှစ်အထိ ၁၅ရာခိုင်နှုန်းတိုးလာဖို့ မျှော်လင့်ထားပါတယ်။နောက်ပြီး နည်းပညာလိုအပ်ချက်အရအလုပ်အကိုင်အခန်းကဏ္ဍမှာလည်းဈေးကွက်လိုအပ်ချက်ကြီးထွားလာမယ့်သဘောဖြစ်ပါတယ်။
ကွန်ပျူတာသုတေသနသိပ္ပံပညာရှင်များ၊သတင်းအချက်အလက်လုံခြုံရေးလေ့လာဆန်းစစ်သူများနဲ့ ဆော့ဝဲလ်စမ်းသပ်သူများစတဲ့အ လုပ်အကိုင်လိုအပ်ချက်များချက်ရှိနေလိမ့်ဦးမယ်လို့ ခန့်မှန်း ချက်တွေရှိနေပါတယ်။ ဒါပေမဲ့ပရိုဂရမ်မာတွေအတွက် လိုအပ်ချက်ကတော့ ၁၀ရာခိုင်နှုန်းလျော့သွားလိမ့်မယ်လို့ဆိုထားပါတယ်။

တီထွင်ဖန်တီးမှုလုပ်ငန်းများ

ဒီအခန်းကဏ္ဍကလည်း လိုအပ်ချက်များနေဦးမှာဖြစ်ပါတယ်။ AI အစားထိုးလုပ်ကိုင်မရတဲ့အလုပ်ကိုင်တခုအဖြစ် လောလောဆယ်မှာ ရှိနေဦးမှာဖြစ်ပါတယ်။ ChatGPT, Midjourney နဲ့ AIVA လိုမျိုး ပရိုဂရမ်များဖန်တီးရေးဆွဲခြင်းတွေအတွက်ကျွမ်းကျင်ပညာရှင်တွေလို အပ်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေက မျိုးဆက်သစ် အေအိုင်ကသူတို့ရဲ့အလုပ်တွေအတွက် လုယူလာမှာကိုစိုးရိမ်မှုတွေရှိကြပါတယ်။
ဒါပေမဲ့ လေ့လာမှုတွေအရ စာရေးတာ၊ ဂရပ်ဖြစ်ဒီဇိုင်းဆွဲတာနဲ့တခြားဖန်တီးမှုဆိုင်ရာအလုပ်အကိုင်များက‌တော့ အနာဂတ်မှာ အတော်လေးလုံခြုံတယ်လို့ပြောလို့ရပါတယ်။ ၂၀၂၃ခုနှစ်ရဲ့ခန့်မှန်းချက်အရ ကွန်ပျူတာများက အနုပညာ၊ ဒီဇိုင်း၊ဖျော်ဖြေရေးနဲ့ မီဒီယာအလုပ်များက ၂၆ရာခိုင်နှုန်းကသာအလိုအလျောက်လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ဒါကြောင့် ဖန်တီးသူတွေအနေနဲ့ အေအိုင်က သူတို့ရဲ့အလုပ် အ ကိုင်တွေခြိမ်းခြောက်လာမှာကိုစိတ်ပူစရာမလိုပါဘူး။

MYit

zawgyi

ေတာ္ေတာ္မ်ားမ်ားအလုပ္အကိုင္ေတြမွာ AI သုံးလာၾကပါတယ္။ အြန္လိုင္းကေန ကာစတန္မာနဲ႔စကားေျပာဆိုတာ၊ ကုန္ထုတ္လုပ္မႈေတြ၊ စက္႐ုံလိုင္းေတြမွာ ေအအိုင္ကိုအစားထိုးၿပီးလုပ္ကိုင္လာၾကပါတယ္။ ဒါေပမဲ့ တခ်ိဳ႕အလုပ္ေတြမွာေတာ့ လူသားတို႔လုပ္ကိုင္ေနရၿပီး ေအအိုင္အစားထိုးဖို႔ မျဖစ္ႏိုင္ေသးပါဘူး။ေလာေလာဆယ္အေျခအေနမွာေတာ့ ေအအိုင္နဲ႔ အစားထိုးလို႔မရတဲ့ အလုပ္အကိုင္ေတြဆိုရင္တီ ထြင္ဖန္တီးမႈဆိုင္ရာ ရာထူးေတြ၊ ပညာေရးနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းလိုမ်ိဳးလူမႈေရးလုပ္ငန္းမ်ား ပါဝင္ပါတယ္။

က်န္းမာေရးေစာင့္ေရွာက္မႈ

ထိေရာက္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားကလူးသားအခ်င္းခ်င္းဆက္ဆံမႈအေပၚမူတည္ပါတယ္။ ဖ်ားနာမႈမ်ားကို ေရာဂါရွာေဖြျခင္းနဲ႔
ကုသျခင္းအစီအစဥ္မ်ားလုပ္ေဆာင္ရာမွာ ေဆးဘက္ဆိုင္ရာကြၽမ္းက်င္မႈထက္ပိုမိုအားထားရပါတယ္။စိတ္ခံစားမႈဆိုင္ရာဉာဏ္ရည္ဉာဏ္ေသြး၊ အလိုလိုသိျမင္ႏိုင္တဲ့ ဆုံးျဖတ္ခ်က္ခ်ျခင္းနဲ႔ဟာသကဲ့သို႔ Soft Skills ေတြက လူမ်ားနဲ႔ဆက္ဆံေရးကို ဖြံ႕ၿဖိဳးေစတဲ့ ေသာ့ခ်က္ျဖစ္ပါတယ္။ဒီအခ်က္က လူနာမ်ားကို ျပန္လည္နာလန္ထူလာေစပါတယ္။ အတိအက်မေဖာ္ျပႏိုင္တဲ့ေရာဂါလကၡဏာမ်ားကို ကုသတာနဲ႔ ေဒတာရွားပါးတဲ့အေျခအေနမ်ားကို ခြဲျခမ္းစိပ္ျဖာဖို႔အတြက္နည္းပညာတိုးတက္မႈနဲ႔အစားထိုးရန္မျဖစ္ႏိုင္တဲ့ အေျခအေနေတြမွာ လူသားေတြရဲ႕က႑ကအထူးအေရးပါပါတယ္။

ပညာေရး

ဒစ္ဂ်စ္တယ္နည္းပညာက စာသင္ခန္းကိုအြန္လိုင္းသို႔ ယူေဆာင္လာေပမဲ့ပညာေရးက႑အတြက္ လူသားအခ်င္းခ်င္းအျပန္အလွန္ဆက္သြယ္မႈကအေရႀကီးဆဲျဖစ္ပါတယ္။ သင္ယူျခင္းက ဆရာနဲ႔ ေက်ာင္းသားၾကားအဆက္မျပတ္နဲ႔တသမတ္တည္းတုံ႔ျပန္မႈအေပၚမူတည္ၿပီး ရႈပ္ေထြးတဲ့ဆက္ဆံေရးတခုျဖစ္ပါတယ္။ ေက်ာင္းသားတိုင္းမွာ ထူးျခားတဲ့ လိုအပ္ခ်က္ေတြရွိၾကၿပီးဆရာတဦးရဲ႕ ဆက္ဆံေရးကြၽမ္းက်င္မႈနဲ႔ အဲဒီလိုအပ္ခ်က္မ်ားအတြက္ ခ်ိန္ညႇိႏိုင္မယ့္သင္ယူမႈလုပ္ငန္းစဥ္မ်ားကို ျမႇင့္တင္ဖို႔အတြက္က အဓိကေသာ့ခ်က္ျဖစ္ပါတယ္။

Software

လူေတြက အလိုအေလ်ာက္ျဖစ္တဲ့ နည္းပညာေတြကို အားကိုးလာေလေလအလုပ္အကိုင္ေဈးကြက္မွာ ကြန္ျပဴတာစနစ္ေတြမွာကြၽမ္း က်င္တဲ့ အလုပ္သမားေတြပိုလိုအပ္လာေလပါပဲ။ ေဆာ့ဖ္ဝဲအင္ဂ်င္နီယာမ်ား၊ ေဆာ့ဖ္ဝဲေရးဆြဲသူမ်ားနဲ႔ ပ႐ိုဂရမ္စက္မ်ားကိုဘယ္လိုလုပ္ ေဆာင္ရမလဲသိတဲ့ ကြၽမ္းက်င္ပညာရွင္မ်ား ပိုမိုလိုအပ္လာပါတယ္။ ဒါကနည္းပညာကြၽမ္းက်င္သူမ်ားအတြက္သတင္းေကာင္းျဖစ္ပါတယ္။ဒစ္ဂ်စ္တယ္ကြၽမ္းက်င္မႈ ကြာဟခ်က္က က်ယ္ျပန႔္လာၿပီး ကမာၻတစ္ဝွမ္းရွိ ကုမၸဏီမ်ားကနည္းပညာဆိုင္ရာ အလုပ္အကိုင္မ်ားကို ျဖည့္ဆည္းရန္ ႐ုန္းကန္ေနၾကရပါတယ္။ကြန္ျပဴတာစနစ္အသစ္မ်ားကို ဒီဇိုင္းဆြဲျခင္း၊ တည္ေဆာက္ျခင္းနဲ႔ စီမံခန႔္ခြဲႏိုင္သူမ်ားအတြက္
တိုးပြားလာတဲ့ လိုအပ္ခ်က္က ေဆာ့ဖ္ဝဲလ္လုပ္ငန္းမ်ား ႀကီးထြားလာရျခင္းရဲ႕အေၾကာင္းအရင္းျဖစ္ပါတယ္။

သတင္းအခ်က္အလက္နည္းပညာ (IT) နဲ႔ ေဒတာဝန္ေဆာင္မႈမ်ား

အၿပိဳင္အဆိုင္ျဖစ္ေနတဲ့ စီးပြားေရးလုပ္ငန္းမ်ားက ဒစ္ဂ်စ္တယ္အသြင္းကူးေျပာင္းေရးမွာပါဝင္ဖို႔လိုအပ္လာပါတယ္။ နည္းပညာေခတ္မွာ ကိုယ္ကအဲဒီအေ႐ြ႕မွာမပါဝင္လာႏိုင္ဘူးဆိုရင္က်န္ခဲ့မယ့္သူက ကိုယ္ျဖစ္ေနမွာကို လုပ္ငန္းရွင္ေတြက နားလည္သိရွိလာၾကပါတယ္။ AIနဲ႔
ေဒတာမ်ားနဲ႔ Cloud နည္းပညာမ်ားက အခ်ိန္ျပည့္အလုပ္မ်ားနဲ႔ Freelance အလုပ္မ်ားအတြက္အခြင့္အလမ္းေတြမ်ားစြာဖြင့္ေပးထားပါတယ္။သတင္းအခ်က္အလက္နဲ႔ နည္းပညာနယ္ပယ္က ၂၀၂၁ကေန ၂၀၃၁ခုႏွစ္အထိ ၁၅ရာခိုင္ႏႈန္းတိုးလာဖို႔ ေမွ်ာ္လင့္ထားပါတယ္။ေနာက္ၿပီး နည္းပညာလိုအပ္ခ်က္အရအလုပ္အကိုင္အခန္းက႑မွာလည္းေဈးကြက္လိုအပ္ခ်က္ႀကီးထြားလာမယ့္သေဘာျဖစ္ပါတယ္။
ကြန္ပ်ဴတာသုေတသနသိပၸံပညာရွင္မ်ား၊သတင္းအခ်က္အလက္လုံၿခဳံေရးေလ့လာဆန္းစစ္သူမ်ားနဲ႔ ေဆာ့ဝဲလ္စမ္းသပ္သူမ်ားစတဲ့အ လုပ္အကိုင္လိုအပ္ခ်က္မ်ားခ်က္ရွိေနလိမ့္ဦးမယ္လို႔ ခန႔္မွန္း ခ်က္ေတြရွိေနပါတယ္။ ဒါေပမဲ့ပ႐ိုဂရမ္မာေတြအတြက္ လိုအပ္ခ်က္ကေတာ့ ၁၀ရာခိုင္ႏႈန္းေလ်ာ့သြားလိမ့္မယ္လို႔ဆိုထားပါတယ္။

တီထြင္ဖန္တီးမႈလုပ္ငန္းမ်ား

ဒီအခန္းက႑ကလည္း လိုအပ္ခ်က္မ်ားေနဦးမွာျဖစ္ပါတယ္။ AI အစားထိုးလုပ္ကိုင္မရတဲ့အလုပ္ကိုင္တခုအျဖစ္ ေလာေလာဆယ္မွာ ရွိေနဦးမွာျဖစ္ပါတယ္။ ChatGPT, Midjourney နဲ႔ AIVA လိုမ်ိဳး ပ႐ိုဂရမ္မ်ားဖန္တီးေရးဆြဲျခင္းေတြအတြက္ကြၽမ္းက်င္ပညာရွင္ေတြလို အပ္ပါတယ္။ ကြၽမ္းက်င္ပညာရွင္ေတြက မ်ိဳးဆက္သစ္ ေအအိုင္ကသူတို႔ရဲ႕အလုပ္ေတြအတြက္ လုယူလာမွာကိုစိုးရိမ္မႈေတြရွိၾကပါတယ္။
ဒါေပမဲ့ ေလ့လာမႈေတြအရ စာေရးတာ၊ ဂရပ္ျဖစ္ဒီဇိုင္းဆြဲတာနဲ႔တျခားဖန္တီးမႈဆိုင္ရာအလုပ္အကိုင္မ်ားက‌ေတာ့ အနာဂတ္မွာ အေတာ္ေလးလုံၿခဳံတယ္လို႔ေျပာလို႔ရပါတယ္။ ၂၀၂၃ခုႏွစ္ရဲ႕ခန႔္မွန္းခ်က္အရ ကြန္ပ်ဴတာမ်ားက အႏုပညာ၊ ဒီဇိုင္း၊ေဖ်ာ္ေျဖေရးနဲ႔ မီဒီယာအလုပ္မ်ားက ၂၆ရာခိုင္ႏႈန္းကသာအလိုအေလ်ာက္လုပ္ေဆာင္ႏိုင္မယ္လို႔ ဆိုပါတယ္။ဒါေၾကာင့္ ဖန္တီးသူေတြအေနနဲ႔ ေအအိုင္က သူတို႔ရဲ႕အလုပ္ အ ကိုင္ေတြၿခိမ္းေျခာက္လာမွာကိုစိတ္ပူစရာမလိုပါဘူး။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*