ရာထူးတိုးအင်တာဗျူးမေးခွန်းများအတွက် အကြံပြုချက် (၅)ချက်

ရာထူးတိုးအင်တာဗျူးဖြေဆိုတဲ့အခါ ဘယ်လိုမေးခွန်းတွေဆိုရင်ဘယ်လိုဖြေဆိုသင့်သလဲဆိုတာကို သင့်အနေနဲ့သိထားမယ်ဆိုရင် ဒီအင် တာဗျူးကသင့်အတွက်အခက်အခဲမရှိနိုင်ပါဘူး။ ကိုယ့်ရဲ့အနာဂတ် အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ပြီးမျှော်မှန်းချက်များအကြောင်းကို အသေးစိတ်ကျတဲ့ မေးခွန်းတွေအတွက် သင့်အတွေ့အကြုံနဲ့ပညာရပ်ဆိုင်ရာပေါ်မှာမူတည်ပြီး ကျော်လွှားသွားနိုင်ပါတယ်။ ဒါကတော့ အင်တာဗျူးအတွက်နမူနာမေးခွန်းတချို့ပဲဖြစ်ပါတယ်။

မင်းရဲ့ လက်ရှိ လုပ်ရတဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဘာကို သဘောကျလဲ

ဒီမေးခွန်းကို အလုပ်ခန့်ထားရေးမန်နေဂျာတွေက မေးပြီဆိုရင် သင့်အနေနဲ့ဘယ်လိုဖြေသင့်သလဲဆိုတာ မျှဝေပေးသွားပါမယ်။ အလုပ်ရှင်များအနေနဲ့ အဖွဲ့အစည်းနဲ့ကုမ္ပဏီယဉ်ကျေးမှုနဲ့ပတ်သက်ပြီး သင့်ခံစားချက်တွေကိုသိရှိလိုတြ့အပြင်သင့်အရည်အချင်းသတ်မှတ်ချက်က လက်ရှိမျှော်မှန်းချက်များနဲ့ ကိုက်ညီမှုရှိ၊မရှိကိုသိရှိလိုကြပါတယ်။ဒီမေးခွန်းအတွက် နမူနာအဖြေကတော့ … ကျနော်၊ ကျမကတော့အဖွဲ့ ရဲ့လှုပ်ရှားဆောင်ရွက်မှုများကို အမှန်တကယ်နှစ်သက်ပါတယ်။ပရောဂျက်များဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကျနော်၊ ကျမတို့ရဲ့မန်နေဂျာကတဦးချင်းစီအတွက်လုပ်ပိုင်ခွင်ပေးပြီး ခြေလှမ်းတိုင်းကို ပံ့ပိုးပေးတယ်လို့ ခံစားရပါတယ်။အဖွဲ့အတွင်းမှာ အချင်းချင်းကူညီကြပြီး ဌာနရဲ့ပန်းတိုင်များအတွက်ရှေ့ဆက်ဖို့စုပေါင်းလုပ်ဆောင်ကြပါတယ်။

ဘာကြောင့်ရာထူးတိုးချင်တာလဲ

ဒီမေးခွန်းကတော့ မင်းရဲ့အသက်မွေးဝမ်းကျောင်းပန်းတိုင်တွေက ကုမ္ပဏီရဲ့ရည်မှန်းချက်တွေနဲ့ကိုက်ညီမှုရှိ၊ မရှိသိချင်ကြပါတယ်။ သင့်ကိုလှုံ့ဆော်ပေးတဲ့အရာ၊ ရည်မှန်းချက်များချမှတ်ပုံနဲ့ရာထူးတိုးခြင်းအတွက် အနာဂတ်ဆန္ဒများနဲ့ ကိုက်ညီတဲ့နေရာဟုတ်၊ မဟုတ်ပိုမိုနားလည်ဖို့အတွက် ဒီမေးခွန်းကိုမေးမြန်းတာဖြစ်ပါတယ်။မင်းကို ရာထူးတိုးပေးဖို့ အကြောင်းအရင်းကို သူတို့ကမင်းကိုပြောပြပေးစေချင်တာပဲဖြစ်ပါတယ်။နမူနာအဖြေကတော့… ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း ကျွန်ုပ်ရဲ့ အခန်းကဏ္ဍမှာကျွန်ုပ်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ကြိုး ပမ်းခဲ့ပါတယ်။ မြင့်မားတဲ့အဆင့်မှာလုပ်ဆောင်ရန်နဲ့စိန်ခေါ်မှုများကို တုံ့ပြန်ဖို့ ကျွမ်းကျင်မှုအားလုံး ရှိနေပြီလို့ကိုယ့်ကိုယ်ကိုယ်သေချာစေလို့ဖြစ်ပါတယ်။

လျှောက်ထားတဲ့ ရာထူးနဲ့ပတ်သက်ပြီး သင်ဘယ်လိုသိထားလဲ

သူတို့က သင့်ရဲ့အခန်းကဏ္ဍသစ်အတွက် သင့်ရဲ့ပါဝင်ပတ်သက်မှုနဲ့ စိတ်အားထက်သန်မှုကိုနားလည်လိုကြပါတယ်။ ဒီမေးခွန်းက သင့်ရဲ့အင်တာဗျူးပြင်ဆင်မှုနဲ့ သုတေသနကိုအစအဆုံးမြင်စေနိုင်ပါတယ်။နမူနာအဖြေကတော့ ခေါင်းဆောင်မှုရာထူးဖြစ်တာကို နားလည်ထားပြီး ဌာနရဲ့လုပ်ဆောင်းရွက်မှုနဲ့ စွမ်းဆောင်ရည်ကို ကြီးကြပ်ရမှာဖြစ်ပါတယ်။ သီခြားအဖွဲ့တခုမှာမဟုတ်ဘဲအခြားဌာနခေါင်းဆောင်များနဲ့ လက်တွဲလုပ်ဆောင်ရကြောင်းကို နားလည်ထားပါတယ်။ဒီဌာနကိုဦးဆောင်ဖို့အတွက် စိတ်အားထက်သန်နေပြီး လူတိုင်းရဲ့ အားသာချက်၊
အားနည်းချက်များကို တိုးတက်စေဖို့ ဘယ်လိုတွန်းအားပေးရမလဲဆိုတာကိုသိနားလည်ထားပါတယ်။

ရာထူးမတိုးခဲ့ဘူးဆိုရင် သင်ရဲ့နောက်ထပ်ခြေလှမ်းက ဘာဖြစ်မလဲ

မထင်မှတ်ထားတဲ့ အဆင်မပြေမှုများ၊ စိတ်ပျက်စရာများကြုံလာရတဲ့အခါအပြုသဘောဆောင်တဲ့ ဘယ်လိုတုံ့ပြန်ချက်မျိုးကို တုံ့ပြန်မလဲဆိုတာကို သူတို့အနေနဲ့သိချင်ကြပါတယ်။ ရာထူးမတိုးပေမဲ့လည်း ဒီအလုပ်ကို ဆက်လက်လုပ်ဆောင်မယ်ဆိုတာကိုသူတို့ကိုအာမခံပါ။
နမူနာအဖြေကတော့…တကယ်လို့ ဒီရာထူးတိုးမှုက ကျနော်၊ ကျမအတွက်မဟုတ်ခဲ့ဘူးဆိုရင်စိတ်ပျက်ရမှာသေချာပေမဲ့ အင်တာဗျူးခွင့်ရတဲ့အတွက် ကျေးဇူးတင်မိမှာပါ။ဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အားသာချက်၊ အားနည်းချက်များကိုဝေဖန်ပိုင်းခြားတွေးခေါ်ဖို့အတွက် အ ခွင့်အရေးတခုဖြစ်စေလို့ပါ။ဒီနေရာအတွက် ကျနော်၊ ကျမကိုမရွေးချယ်ဘူးဆိုရင် နောင်အခွင့်အရေးအတွက် ကျနော်၊ကျမတို့ ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာကို အကြုံပြုချက်ပေးဖို့တောင်းဆိုချင်ပါတယ်။

ရာထူးတိုးပါက ဘယ်လိုအောင်မြင်အောင်လုပ်မယ်လို့ စဉ်းစားထားသလဲ

အလုပ်ခန့်ထားရေးမန်နေဂျာတွေက သင့်ရဲ့ဝေဖန်ပိုင်းခြားတွေးခေါ်မှုစွမ်းရည်နဲ့ပြဿနာဖြေရှင်းနည်းလုပ်ငန်းစဉ်များကို နားလည်လိုကြပါတယ်။လုပ်ငန်းစဉ်ကိုအကြမ်းဖျင်းဖော်ပြပြီး အောင်မြင်တဲ့ရလဒ်များကိုဖော်ပြပါ။နမူနာအဖြေကတော့ … ရည်မှန်းချက်ကတော့ ဌာနအတွင်းမှာ စွမ်းဆောင်ရည်များတိုးမြှင့်ရန်ဖြစ်ပါတယ်။ ရာထူးတိုးအတွက်ရွေးချယ်ခံရပါက ပထမဆုံးလုပ်မယ့်အရာကလစ်ဟာမှုများကိုရှာဖွေဖော်ထုတ်ရန်နဲ့ ခွဲခြမ်းစိတ်ဖြာရန်ဖြစ်ပါတယ်။ တခြားဌာနများနဲ့ ခိုင်မာတဲ့ဆက်သွယ်ရေးနဲ့ လုပ်ငန်းအသွားအလာများကိုစစ်ဆေးခြင်းများဖြစ်ပါတယ်။ဒီမေးခွန်းတွေကတော့ ရာထူးတိုးအင်တာဗျူးမှာ မေးတတ်တဲ့ မေးခွန်းတချို့ဖြစ်ပါတယ်။ဒီလိုမေးခွန်းမျိုးမေးခံရရင် ဖြေသင့်တဲ့ အဖြေတချို့ကို အကြံပြုဖော်ပြလိုက်တာပဲဖြစ်ပါတယ်။အားလုံးအလုပ်အကိုင်တွေအဆင်ပြေစေဖို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

MYit

zawgyi

ရာထူးတိုးအင္တာဗ်ဴးေျဖဆိုတဲ့အခါ ဘယ္လိုေမးခြန္းေတြဆိုရင္ဘယ္လိုေျဖဆိုသင့္သလဲဆိုတာကို သင့္အေနနဲ႔သိထားမယ္ဆိုရင္ ဒီအင္ တာဗ်ဴးကသင့္အတြက္အခက္အခဲမရွိႏိုင္ပါဘူး။ ကိုယ့္ရဲ႕အနာဂတ္ အသက္ေမြးဝမ္းေက်ာင္းနဲ႔ပတ္သက္ၿပီးေမွ်ာ္မွန္းခ်က္မ်ားအေၾကာင္းကို အေသးစိတ္က်တဲ့ ေမးခြန္းေတြအတြက္ သင့္အေတြ႕အႀကဳံနဲ႔ပညာရပ္ဆိုင္ရာေပၚမွာမူတည္ၿပီး ေက်ာ္လႊားသြားႏိုင္ပါတယ္။ ဒါကေတာ့ အင္တာဗ်ဴးအတြက္နမူနာေမးခြန္းတခ်ိဳ႕ပဲျဖစ္ပါတယ္။

မင္းရဲ႕ လက္ရွိ လုပ္ရတဲ့အခန္းက႑နဲ႔ ပတ္သက္ၿပီး ဘာကို သေဘာက်လဲ

ဒီေမးခြန္းကို အလုပ္ခန႔္ထားေရးမန္ေနဂ်ာေတြက ေမးၿပီဆိုရင္ သင့္အေနနဲ႔ဘယ္လိုေျဖသင့္သလဲဆိုတာ မွ်ေဝေပးသြားပါမယ္။ အလုပ္ရွင္မ်ားအေနနဲ႔ အဖြဲ႕အစည္းနဲ႔ကုမၸဏီယဥ္ေက်းမႈနဲ႔ပတ္သက္ၿပီး သင့္ခံစားခ်က္ေတြကိုသိရွိလိုၾတ့အျပင္သင့္အရည္အခ်င္းသတ္မွတ္ခ်က္က လက္ရွိေမွ်ာ္မွန္းခ်က္မ်ားနဲ႔ ကိုက္ညီမႈရွိ၊မရွိကိုသိရွိလိုၾကပါတယ္။ဒီေမးခြန္းအတြက္ နမူနာအေျဖကေတာ့ … က်ေနာ္၊ က်မကေတာ့အဖြဲ႕ ရဲ႕လႈပ္ရွားေဆာင္႐ြက္မႈမ်ားကို အမွန္တကယ္ႏွစ္သက္ပါတယ္။ပေရာဂ်က္မ်ားဖြံ႕ၿဖိဳးတိုးတက္ေစဖို႔အတြက္ က်ေနာ္၊ က်မတို႔ရဲ႕မန္ေနဂ်ာကတဦးခ်င္းစီအတြက္လုပ္ပိုင္ခြင္ေပးၿပီး ေျခလွမ္းတိုင္းကို ပံ့ပိုးေပးတယ္လို႔ ခံစားရပါတယ္။အဖြဲ႕အတြင္းမွာ အခ်င္းခ်င္းကူညီၾကၿပီး ဌာနရဲ႕ပန္းတိုင္မ်ားအတြက္ေရွ႕ဆက္ဖို႔စုေပါင္းလုပ္ေဆာင္ၾကပါတယ္။

ဘာေၾကာင့္ရာထူးတိုးခ်င္တာလဲ

ဒီေမးခြန္းကေတာ့ မင္းရဲ႕အသက္ေမြးဝမ္းေက်ာင္းပန္းတိုင္ေတြက ကုမၸဏီရဲ႕ရည္မွန္းခ်က္ေတြနဲ႔ကိုက္ညီမႈရွိ၊ မရွိသိခ်င္ၾကပါတယ္။ သင့္ကိုလႈံ႕ေဆာ္ေပးတဲ့အရာ၊ ရည္မွန္းခ်က္မ်ားခ်မွတ္ပုံနဲ႔ရာထူးတိုးျခင္းအတြက္ အနာဂတ္ဆႏၵမ်ားနဲ႔ ကိုက္ညီတဲ့ေနရာဟုတ္၊ မဟုတ္ပိုမိုနားလည္ဖို႔အတြက္ ဒီေမးခြန္းကိုေမးျမန္းတာျဖစ္ပါတယ္။မင္းကို ရာထူးတိုးေပးဖို႔ အေၾကာင္းအရင္းကို သူတို႔ကမင္းကိုေျပာျပေပးေစခ်င္တာပဲျဖစ္ပါတယ္။နမူနာအေျဖကေတာ့… ၿပီးခဲ့ေသာႏွစ္အနည္းငယ္အတြင္း ကြၽႏ္ုပ္ရဲ႕ အခန္းက႑မွာကြၽႏ္ုပ္ရဲ႕စြမ္းေဆာင္ရည္ကို ျမႇင့္တင္ဖို႔ ႀကိဳး ပမ္းခဲ့ပါတယ္။ ျမင့္မားတဲ့အဆင့္မွာလုပ္ေဆာင္ရန္နဲ႔စိန္ေခၚမႈမ်ားကို တုံ႔ျပန္ဖို႔ ကြၽမ္းက်င္မႈအားလုံး ရွိေနၿပီလို႔ကိုယ့္ကိုယ္ကိုယ္ေသခ်ာေစလို႔ျဖစ္ပါတယ္။

ေလွ်ာက္ထားတဲ့ ရာထူးနဲ႔ပတ္သက္ၿပီး သင္ဘယ္လိုသိထားလဲ

သူတို႔က သင့္ရဲ႕အခန္းက႑သစ္အတြက္ သင့္ရဲ႕ပါဝင္ပတ္သက္မႈနဲ႔ စိတ္အားထက္သန္မႈကိုနားလည္လိုၾကပါတယ္။ ဒီေမးခြန္းက သင့္ရဲ႕အင္တာဗ်ဴးျပင္ဆင္မႈနဲ႔ သုေတသနကိုအစအဆုံးျမင္ေစႏိုင္ပါတယ္။နမူနာအေျဖကေတာ့ ေခါင္းေဆာင္မႈရာထူးျဖစ္တာကို နားလည္ထားၿပီး ဌာနရဲ႕လုပ္ေဆာင္း႐ြက္မႈနဲ႔ စြမ္းေဆာင္ရည္ကို ႀကီးၾကပ္ရမွာျဖစ္ပါတယ္။ သီျခားအဖြဲ႕တခုမွာမဟုတ္ဘဲအျခားဌာနေခါင္းေဆာင္မ်ားနဲ႔ လက္တြဲလုပ္ေဆာင္ရေၾကာင္းကို နားလည္ထားပါတယ္။ဒီဌာနကိုဦးေဆာင္ဖို႔အတြက္ စိတ္အားထက္သန္ေနၿပီး လူတိုင္းရဲ႕ အားသာခ်က္၊
အားနည္းခ်က္မ်ားကို တိုးတက္ေစဖို႔ ဘယ္လိုတြန္းအားေပးရမလဲဆိုတာကိုသိနားလည္ထားပါတယ္။

ရာထူးမတိုးခဲ့ဘူးဆိုရင္ သင္ရဲ႕ေနာက္ထပ္ေျခလွမ္းက ဘာျဖစ္မလဲ

မထင္မွတ္ထားတဲ့ အဆင္မေျပမႈမ်ား၊ စိတ္ပ်က္စရာမ်ားႀကဳံလာရတဲ့အခါအျပဳသေဘာေဆာင္တဲ့ ဘယ္လိုတုံ႔ျပန္ခ်က္မ်ိဳးကို တုံ႔ျပန္မလဲဆိုတာကို သူတို႔အေနနဲ႔သိခ်င္ၾကပါတယ္။ ရာထူးမတိုးေပမဲ့လည္း ဒီအလုပ္ကို ဆက္လက္လုပ္ေဆာင္မယ္ဆိုတာကိုသူတို႔ကိုအာမခံပါ။
နမူနာအေျဖကေတာ့…တကယ္လို႔ ဒီရာထူးတိုးမႈက က်ေနာ္၊ က်မအတြက္မဟုတ္ခဲ့ဘူးဆိုရင္စိတ္ပ်က္ရမွာေသခ်ာေပမဲ့ အင္တာဗ်ဴးခြင့္ရတဲ့အတြက္ ေက်းဇူးတင္မိမွာပါ။ဒီလုပ္ငန္းစဥ္နဲ႔ပတ္သက္ၿပီး အားသာခ်က္၊ အားနည္းခ်က္မ်ားကိုေဝဖန္ပိုင္းျခားေတြးေခၚဖို႔အတြက္ အ ခြင့္အေရးတခုျဖစ္ေစလို႔ပါ။ဒီေနရာအတြက္ က်ေနာ္၊ က်မကိုမေ႐ြးခ်ယ္ဘူးဆိုရင္ ေနာင္အခြင့္အေရးအတြက္ က်ေနာ္၊က်မတို႔ ဘယ္လိုတိုးတက္ေအာင္လုပ္ရမလဲဆိုတာကို အႀကဳံျပဳခ်က္ေပးဖို႔ေတာင္းဆိုခ်င္ပါတယ္။

ရာထူးတိုးပါက ဘယ္လိုေအာင္ျမင္ေအာင္လုပ္မယ္လို႔ စဥ္းစားထားသလဲ

အလုပ္ခန႔္ထားေရးမန္ေနဂ်ာေတြက သင့္ရဲ႕ေဝဖန္ပိုင္းျခားေတြးေခၚမႈစြမ္းရည္နဲ႔ျပႆနာေျဖရွင္းနည္းလုပ္ငန္းစဥ္မ်ားကို နားလည္လိုၾကပါတယ္။လုပ္ငန္းစဥ္ကိုအၾကမ္းဖ်င္းေဖာ္ျပၿပီး ေအာင္ျမင္တဲ့ရလဒ္မ်ားကိုေဖာ္ျပပါ။နမူနာအေျဖကေတာ့ … ရည္မွန္းခ်က္ကေတာ့ ဌာနအတြင္းမွာ စြမ္းေဆာင္ရည္မ်ားတိုးျမႇင့္ရန္ျဖစ္ပါတယ္။ ရာထူးတိုးအတြက္ေ႐ြးခ်ယ္ခံရပါက ပထမဆုံးလုပ္မယ့္အရာကလစ္ဟာမႈမ်ားကိုရွာေဖြေဖာ္ထုတ္ရန္နဲ႔ ခြဲျခမ္းစိတ္ျဖာရန္ျဖစ္ပါတယ္။ တျခားဌာနမ်ားနဲ႔ ခိုင္မာတဲ့ဆက္သြယ္ေရးနဲ႔ လုပ္ငန္းအသြားအလာမ်ားကိုစစ္ေဆးျခင္းမ်ားျဖစ္ပါတယ္။ဒီေမးခြန္းေတြကေတာ့ ရာထူးတိုးအင္တာဗ်ဴးမွာ ေမးတတ္တဲ့ ေမးခြန္းတခ်ိဳ႕ျဖစ္ပါတယ္။ဒီလိုေမးခြန္းမ်ိဳးေမးခံရရင္ ေျဖသင့္တဲ့ အေျဖတခ်ိဳ႕ကို အႀကံျပဳေဖာ္ျပလိုက္တာပဲျဖစ္ပါတယ္။အားလုံးအလုပ္အကိုင္ေတြအဆင္ေျပေစဖို႔ ဆုမြန္ေကာင္းေတာင္းအပ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*