အချိန်ပိုင်းအလုပ်ရဲ့ ကောင်းကျိုး (၅)ခု

အချိန်ပိုင်းအလုပ်များတွေက ပုံစံအမျိုးမျိုးရှိကြပါတယ်။ ဒီအချက်တွေကတော့အချိန်ပိုင်းအလုပ်လုပ်ရတာရဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။

ပြောင်းလွယ်ပြင်လွယ်ဖြစ်တာ

သင်က အချိန်ပိုင်းလုပ်တဲ့သူတယောက်ဆိုရင် ကိုယ့်ရဲ့အချိန်ဇယားကို ပြောင်းလွယ်ပြင်လွယ်စေ့စပ်ညှိနှိုင်းဖို့လွယ်ကူပါတယ်။ အချိန်ပိုင်းအလုပ်ကို စာချုပ်နဲ့လုပ်တာမျိုးဆိုရင် ဥပဒေအရပိုမိုအကာအကွယ်ရရှိနိုင်ပါတယ်။

ငွေကြေးလွတ်လပ်မှု

အချိန်ပိုင်းဝန်ထမ်းများက အချိန်ပြည့်ဝန်ထမ်းများလို လစာဝင်ငွေပုံမှန်မရှိပေမဲ့ သူတို့ကအလုပ်ရရင ရသလို ဝင်ငွေလည်းများကြပါတယ်။ တလလုပ်ပြီး ၃လလောက်ထိုင်စားလို့ရကြပါတယ်။ ဒါကြောင့်လည်း သူတို့ကိုငွေကြေးလွတ်လပ်မှုရှိတယ်လို့ပြောကြတာပါ။ သူတို့က တပတ်ကို နာရီ လေးဆယ်လောက် အလုပ်လုပ်စရာမလိုပါဘူး။အချိန်ပိုင်းအဖြစ် Freelance လုပ်တာက အသွားနှစ်ဖက်ရှိတဲ့ ဓားလိုပဲအသုံးဝင်ပါတယ်။လစာအတက်အကျရှိချိန်မှာ ကိုယ့်ရဲ့ နှုန်းထားကို ကိုယ်ပိုင်သတ်မှတ်နိုင်ပါတယ်။

ကိုယ်ပိုင်အချိန်ရှိတာ

အချိန်ပိုင်းအလုပ်က သင့်အတွက် လုပ်ငန်းအတွေ့အကြုံတွေ၊ကိုယ်စိတ်ဝင်စားတဲ့ကျွမ်းကျင်မှုတွေကို သင်ယူဖို့အချိန်ပိုမိုရရှိနိုင်ပါတယ်။
ကိုယ့်ရဲ့အချိန်စီမံခန့်ခွဲမှုကိုလည်း ကောင်းမွန်စွာလုပ်နိုင်ပါတယ်။

Networking အခွင့်အလမ်းများတာ

တစ်ယောက်တည်းအလုပ်လုပ်ရတာက introvert တွေအတွက် စိတ်ကူးယဉ်အလုပ်ဖြစ်ပေမဲ့အချိန်ပိုင်းအလုပ်မှာ တွဲဖက်လုပ်ကိုင်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဖောက်သည်တွေနဲ့မကြာခဏတွေ့ရနိုင်တာကြောင့် ပုံမှန်လစဉ်လုပ်ရတဲ့အလုပ်ထက်လူတွေနဲ့ချိတ်ဆက်ဖို့အခွင့် အလမ်းပိုများပါတယ်။ အသက်မွေးဝမ်းကျောင်းတိုးတက်မှုအတွက်နယ်ပယ်အသီးသီးက လူတွေနဲ့ချိတ်ဆက်တာကလည်း အရေးကြီးတဲ့
အချက်တခုဖြစ်လာပါတယ်။

ပိုမိုလွတ်လပ်မှု

အချိန်ပိုင်းအလုပ်သမားတွေက ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်ဇယားနဲ့အလုပ်များကိုစီမံခန့်ခွဲနိုင်တာကြောင့် ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကိုလျှော့ချနိုင်ပါတယ်။ တင်းကြပ်တဲ့အချိန်ဇယားတွေကသင့်ကိုစိတ်ပူပန်စေပြီး စိတ်ဖိစီးမှုကို တိုးစေပါတယ်။

MYit

zawgyi

အခ်ိန္ပိုင္းအလုပ္မ်ားေတြက ပုံစံအမ်ိဳးမ်ိဳးရွိၾကပါတယ္။ ဒီအခ်က္ေတြကေတာ့အခ်ိန္ပိုင္းအလုပ္လုပ္ရတာရဲ႕ ေကာင္းက်ိဳးေတြပဲျဖစ္ပါတယ္။

ေျပာင္းလြယ္ျပင္လြယ္ျဖစ္တာ

သင္က အခ်ိန္ပိုင္းလုပ္တဲ့သူတေယာက္ဆိုရင္ ကိုယ့္ရဲ႕အခ်ိန္ဇယားကို ေျပာင္းလြယ္ျပင္လြယ္ေစ့စပ္ညႇိႏႈိင္းဖို႔လြယ္ကူပါတယ္။ အခ်ိန္ပိုင္းအလုပ္ကို စာခ်ဳပ္နဲ႔လုပ္တာမ်ိဳးဆိုရင္ ဥပေဒအရပိုမိုအကာအကြယ္ရရွိႏိုင္ပါတယ္။

ေငြေၾကးလြတ္လပ္မႈ

အခ်ိန္ပိုင္းဝန္ထမ္းမ်ားက အခ်ိန္ျပည့္ဝန္ထမ္းမ်ားလို လစာဝင္ေငြပုံမွန္မရွိေပမဲ့ သူတို႔ကအလုပ္ရရင ရသလို ဝင္ေငြလည္းမ်ားၾကပါတယ္။ တလလုပ္ၿပီး ၃လေလာက္ထိုင္စားလို႔ရၾကပါတယ္။ ဒါေၾကာင့္လည္း သူတို႔ကိုေငြေၾကးလြတ္လပ္မႈရွိတယ္လို႔ေျပာၾကတာပါ။ သူတို႔က တပတ္ကို နာရီ ေလးဆယ္ေလာက္ အလုပ္လုပ္စရာမလိုပါဘူး။အခ်ိန္ပိုင္းအျဖစ္ Freelance လုပ္တာက အသြားႏွစ္ဖက္ရွိတဲ့ ဓားလိုပဲအသုံးဝင္ပါတယ္။လစာအတက္အက်ရွိခ်ိန္မွာ ကိုယ့္ရဲ႕ ႏႈန္းထားကို ကိုယ္ပိုင္သတ္မွတ္ႏိုင္ပါတယ္။

ကိုယ္ပိုင္အခ်ိန္ရွိတာ

အခ်ိန္ပိုင္းအလုပ္က သင့္အတြက္ လုပ္ငန္းအေတြ႕အႀကဳံေတြ၊ကိုယ္စိတ္ဝင္စားတဲ့ကြၽမ္းက်င္မႈေတြကို သင္ယူဖို႔အခ်ိန္ပိုမိုရရွိႏိုင္ပါတယ္။
ကိုယ့္ရဲ႕အခ်ိန္စီမံခန႔္ခြဲမႈကိုလည္း ေကာင္းမြန္စြာလုပ္ႏိုင္ပါတယ္။

Networking အခြင့္အလမ္းမ်ားတာ

တစ္ေယာက္တည္းအလုပ္လုပ္ရတာက introvert ေတြအတြက္ စိတ္ကူးယဥ္အလုပ္ျဖစ္ေပမဲ့အခ်ိန္ပိုင္းအလုပ္မွာ တြဲဖက္လုပ္ကိုင္ရတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြ၊ ေဖာက္သည္ေတြနဲ႔မၾကာခဏေတြ႕ရႏိုင္တာေၾကာင့္ ပုံမွန္လစဥ္လုပ္ရတဲ့အလုပ္ထက္လူေတြနဲ႔ခ်ိတ္ဆက္ဖို႔အခြင့္ အလမ္းပိုမ်ားပါတယ္။ အသက္ေမြးဝမ္းေက်ာင္းတိုးတက္မႈအတြက္နယ္ပယ္အသီးသီးက လူေတြနဲ႔ခ်ိတ္ဆက္တာကလည္း အေရးႀကီးတဲ့
အခ်က္တခုျဖစ္လာပါတယ္။

ပိုမိုလြတ္လပ္မႈ

အခ်ိန္ပိုင္းအလုပ္သမားေတြက ကိုယ့္ရဲ႕ကိုယ္ပိုင္အခ်ိန္ဇယားနဲ႔အလုပ္မ်ားကိုစီမံခန႔္ခြဲႏိုင္တာေၾကာင့္ ႐ုပ္ပိုင္းဆိုင္ရာစိတ္ပိုင္းဆိုင္ရာဖိစီးမႈေတြကိုေလွ်ာ့ခ်ႏိုင္ပါတယ္။ တင္းၾကပ္တဲ့အခ်ိန္ဇယားေတြကသင့္ကိုစိတ္ပူပန္ေစၿပီး စိတ္ဖိစီးမႈကို တိုးေစပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*