အိမ်ကို ဒေါ်လာ ၅သန်းနဲ့ ရောင်းချလိုက်တဲ့ မင်းသား Hyun Bin နဲ့ Son Ye Jin တို့စုံတွဲ

တောင်ကိုရီးယားမင်းသား Hyun Bin နဲ့ ဇနီးဖြစ်သူ မင်းသမီး Son Ye Jin တို့က သူတို့ရဲ့အိမ်ကိုအမေရိကန်ဒေါ်လာ ၅သန်း၊ ဝမ် ၇ဘီလီယံနဲ့ ရောင်းချခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ Znews သတင်းဌာနကနေ ဖော်ပြချက်အရ သူတို့စုံတွဲက ၂၀၂၂ခုနှစ်မှာမင်္ဂလာဆောင်ပြီးကတည်းက Gyeonggi ပြည်နယ်၊ Achiul ကျေးရွာမှာ စတုရန်းမီတာ ၃၃၀ကျယ်ဝန်းတဲ့ အဆိုပါ penthouse မှာနေထိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၀မှာ အဆိုပါအိမ်ခြံမြေကို ဝယ်ယူခဲ့ပြီး ရောင်းချမှုအတွက် အမြတ်ငွေ ဝမ် ၂ဒသမ ၂ဘီလီယံရရှိခဲ့တယ်လို့ သတင်းဖော်ပြချက်အရ သိရပါတယ်။ဒီပတ်ဝန်းကျင်က နာမည်ကြီးအနုပညာရှင်များနေထိုင်ကြတဲ့ လူသိများတဲ့ရပ်ကွက်လည်းဖြစ်ပါတယ်။ အဆိုတော် Park Jin Young, Jo Sung Mo, မင်းသမီး Park Hae Mi, Oh Yeon Seo နဲ့ Han So Hee တို့လည်း အဆိုပါရပ်ကွက်မှာနေထိုင်ကြပါတယ်။

သူတို့စုံတွဲက ဆိုးလ်မှာရှိတဲ့ ဝမ် ၁၆ဘီလီယံတန်အဆောက်အအုံနဲ့ ဝမ် ၄ဒသမ ၈ဘီလီယံနဲ့ဝယ်ယူခဲ့တာအပြင် တခြားတန်ဖိုးမြင့်အိမ်ခြံမြေပေါင်းများစွာကိုလည်း ပိုင်ဆိုင်ထားတယ်လို့ Hankyung က အစီရင်ခံစာများက ဖော်ပြပါတယ်။အသက် ၄၂ နှစ်အရွယ် မင်းသားက သူ့ရြ့အသက်မွေးဝမ်းကြောင်းမှာ ထင်ရှားတဲ့ စီးရီးတွေ၊ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပြီး တောင်ကိုရီးယား ဖျော်ဖြေရေးနယ်ပယ်မှာထိပ်တန်းပုဂ္ဂိုလ်တဦးအဖြစ် ရပ်တည်နေခဲ့သူဖြစ်ပါတယ်။ Son ကလည်း အသက်၄၂နှစ်အရွယ်ဖြစ်ပြီး သူမက ၂၀၀၃ ခုနှစ်မှာ The Class နဲ့
တီဗီစီးရီးဖြစ်တဲ့ Summer Scent တို့နဲ့ နာမည်ကျော်လူသိများလာခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားမှာ သူမက Nation first love အဖြစ်လူသိများပြီးသူမရဲ့ဇာတ်ကားများအတွက် ချီးကျူးမှုများစွာရရှိထားသူလည်းဖြစ်ပါတယ်။

MYit

zawgyi

ေတာင္ကိုရီးယားမင္းသား Hyun Bin နဲ႔ ဇနီးျဖစ္သူ မင္းသမီး Son Ye Jin တို႔က သူတို႔ရဲ႕အိမ္ကိုအေမရိကန္ေဒၚလာ ၅သန္း၊ ဝမ္ ၇ဘီလီယံနဲ႔ ေရာင္းခ်ခဲ့တယ္လို႔ ေဒသတြင္းမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ Znews သတင္းဌာနကေန ေဖာ္ျပခ်က္အရ သူတို႔စုံတြဲက ၂၀၂၂ခုႏွစ္မွာမဂၤလာေဆာင္ၿပီးကတည္းက Gyeonggi ျပည္နယ္၊ Achiul ေက်း႐ြာမွာ စတုရန္းမီတာ ၃၃၀က်ယ္ဝန္းတဲ့ အဆိုပါ penthouse မွာေနထိုင္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ ၂၀၂၀မွာ အဆိုပါအိမ္ၿခံေျမကို ဝယ္ယူခဲ့ၿပီး ေရာင္းခ်မႈအတြက္ အျမတ္ေငြ ဝမ္ ၂ဒသမ ၂ဘီလီယံရရွိခဲ့တယ္လို႔ သတင္းေဖာ္ျပခ်က္အရ သိရပါတယ္။ဒီပတ္ဝန္းက်င္က နာမည္ႀကီးအႏုပညာရွင္မ်ားေနထိုင္ၾကတဲ့ လူသိမ်ားတဲ့ရပ္ကြက္လည္းျဖစ္ပါတယ္။ အဆိုေတာ္ Park Jin Young, Jo Sung Mo, မင္းသမီး Park Hae Mi, Oh Yeon Seo နဲ႔ Han So Hee တို႔လည္း အဆိုပါရပ္ကြက္မွာေနထိုင္ၾကပါတယ္။

သူတို႔စုံတြဲက ဆိုးလ္မွာရွိတဲ့ ဝမ္ ၁၆ဘီလီယံတန္အေဆာက္အအုံနဲ႔ ဝမ္ ၄ဒသမ ၈ဘီလီယံနဲ႔ဝယ္ယူခဲ့တာအျပင္ တျခားတန္ဖိုးျမင့္အိမ္ၿခံေျမေပါင္းမ်ားစြာကိုလည္း ပိုင္ဆိုင္ထားတယ္လို႔ Hankyung က အစီရင္ခံစာမ်ားက ေဖာ္ျပပါတယ္။အသက္ ၄၂ ႏွစ္အ႐ြယ္ မင္းသားက သူ႔ျရ႕အသက္ေမြးဝမ္းေၾကာင္းမွာ ထင္ရွားတဲ့ စီးရီးေတြ၊႐ုပ္ရွင္ေတြမွာ ပါဝင္ခဲ့ၿပီး ေတာင္ကိုရီးယား ေဖ်ာ္ေျဖေရးနယ္ပယ္မွာထိပ္တန္းပုဂၢိဳလ္တဦးအျဖစ္ ရပ္တည္ေနခဲ့သူျဖစ္ပါတယ္။ Son ကလည္း အသက္၄၂ႏွစ္အ႐ြယ္ျဖစ္ၿပီး သူမက ၂၀၀၃ ခုႏွစ္မွာ The Class နဲ႔
တီဗီစီးရီးျဖစ္တဲ့ Summer Scent တို႔နဲ႔ နာမည္ေက်ာ္လူသိမ်ားလာခဲ့တာျဖစ္ပါတယ္။ေတာင္ကိုရီးယားမွာ သူမက Nation first love အျဖစ္လူသိမ်ားၿပီးသူမရဲ႕ဇာတ္ကားမ်ားအတြက္ ခ်ီးက်ဴးမႈမ်ားစြာရရွိထားသူလည္းျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*