ပရောက်ဖက်ရှင်နယ်များ လိုက်နာသင့်တဲ့ ကျင့်ဝတ်စံတန်ဖိုး (၆)ခု

ပရောက်ဖက်ရှင်နယ်တိုင်း လိုက်နာသင့်တဲ့ ကျင့်ဝတ်စံတန်ဖိုးတွေက ဘာတွေလဲ။ သင်ကကျင့်ဝတ်ပိုင်းဆိုင်ရာအနေနဲ့ စံနမူနာပြဖြစ်စေဖို့ ဒါမှမဟုတ် သင့်ရဲ့အဖွဲ့မှာကျင့်ဝတ်ဆိုင်ရာအလေ့အထများကို ထည့်သွင်းစဉ်းစားဖို့အတွက် လိုက်နာသင့်တဲ့ကျင့်ဝတ်တွေကို ဖော်ပြပေးချင်ပါတယ်။

ရိုးသားမှု

ရိုးသားမှုက အခြေခံအကျဆုံး ကျင့်ဝတ်တခုဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်နဲ့ဖြစ်စေ၊ဖောက်သည်များနဲ့ဖြစ်စေ၊ စားသုံးသူများနဲ့ဖြစ်စေ၊
မိတ်ဆွေအပေါင်းအသင်းဆက်ဆံရေးမှာဖြစ်စေ မရှိမဖြစ်လိုအပ်တဲ့ ကျင့်ဝတ်တခုပါပဲ။သင်မတည်နိုင်တဲ့ကတိတွေကို ရှောင်ကြဉ်တာ၊ ကိုယ့်မှာရှိတဲ့စွမ်းရည်တွေကို၊အားနည်းချက်တွေကို စိတ်ရင်းမှန်နဲ့ ဖော်ပြတာတွေကလည်း ရိုးသားမှုပါပဲ။

သမာဓိ

သစ္စာရှိမှုကို ဖော်ပြရာမှာ လူအများက ဒါကိုမကြိုက်တာတောင်သင်ကမှန်တာကိုလုပ်ဆောင်ဖို့အတွက် သန္နိဋ္ဌာန်ချထားတာပဲဖြစ်ပါတယ်။ အကျိုးစီးပွားဆိုင်ရာပဋိပက္ခကိုရှောင်ရှားတာ၊ မူဝါဒများနဲ့ စည်းမျဉ်းများကိုလိုက်နာတာ၊ သင့်အပြုအမူနဲ့ဆုံးဖြတ်ချက်ချရာမှာ တသမတ်တည်းဖြစ်တာကို ဆိုလိုပါတယ်။

တာဝန်ခံမှု

တာဝန်ခံမှုက သင့်ရဲ့ဆုံးဖြတ်ချက်များနဲ့ အပြုအမူများ လေးလေးနက်နက်ရှိတာကိုထင်ဟပ်စေပါတယ်။ တာဝန်ခံမှုရှိတာက ဆိုးရွားတဲ့အကျိုးဆက်များအတွက်အမှားကိုလက်ခံတာ သပ်သပ်မဟုတ်ပါဘူး။ သင့်ကိုပိုမိုကျင့်ဝတ်ရှိတဲ့ ဆုံးဖြတ်ချက်ချဖို့နဲ့အလားအလာရှိတဲ့ဆုံးဖြတ်ချက်တွေက တခြားသူများအပေါ် ဘယ်လိုသက်ရောက်မလဲဆိုတဲ့အချက်ကိုဆင်ခြင်ဖို့အတွက်လည်းဖြစ်ပါတယ်။

လေးစားပါ

အပြန်အလှန်လေးစားမှုဆိုတာကလုပ်ဖော်ကိုင်ဖက်များကို တန်ဖိုးထားပြီးသူတို့အလုပ်ကိုတန်ဖိုးထားကြောင်း ပြသတာပဲဖြစ်ပါတယ်။ လူတိုင်းမှာမတူညီတဲ့ နောက်ခံများ၊ရှုထောင့်များကနေ ဆင်းသက်လာတာကြောင့် နားလည်မှု၊ လေးစားမှု၊ အတွေ့အကြုံကနေသင်ယူလိုစိတ်စတာတွေကလည်း အရေးကြီးပါတယ်။ တခြားသူများကို လေးစားမှုရှိခြင်းကနေလူအချင်းချင်းဆက်ဆံရေးစွမ်းရည်များကိုမြှင့်တင်ဖို့လိုအပ်ပါတယ်။

တရားမျှတမှု

ကောင်းမွန်တဲ့လုပ်ငန်းခွင်များမှာ နောက်ခံအခြေအနေ ဒါမှမဟုတ် နေရာနဲ့မသက်ဆိုင်ဘဲလူတိုင်းအတွက် တန်းတူညီတူ မျှတမှုရှိတာပါပဲ။ တရားမျှတမှုက ဗဟိုမဏ္ဍိုင်ဖြစ်တဲ့အခါလူတိုင်းကို လေးစားမှုနဲ့ ဆက်ဆံပြီး သူတို့ရဲ့အသက်မွေးဝမ်းကျောင်းမှာ အောင်မြင်ပြီးတိုးတက်ဖို့အတွက် တန်းတူအခွင့်အရေးပေးပါတယ်။

သတ္တိ

အဖြေမှန်က ရှင်းနေရင်တောင် အဲဒီဘက်မှာ ရပ်လိုက်ဖို့ မလွယ်ပါဘူး။ ဆုံးဖြတ်ချက်တခုကလူကြိုက်များမှုမရှိတဲ့အခါ ဒါမှမဟုတ် တုံ့ ပြန်မှုပြင်းထန်တဲ့အခါများမှာကျင့်ဝတ်များကိုဦးစားပေးဖို့အတွက် သတ္တိရှိဖို့လိုအပ်ပါတယ်။ဒီအချက်တွေကတော့ လုပ်ငန်းခွင်မှာ စည်းမျဉ်းစည်းကမ်းအနေနဲ့ ချမှတ်မထားတဲ့ကျင့်ဝတ်ပိုင်းဆိုင်ရာအချက်တွေပဲဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်တယောက်ကကျင့်ဝတ်ပိုင်းဆိုင်ရာမှာ လိုက်နာဖို့လိုသလို၊ တခြားသူတွေအတွက်လည်းစံနမူနာဖြစ်ဖို့လိုပါတယ်။

MYit

zawgyi


ရိုးသားမှု


သမာဓိ


တာဝန်ခံမှု


လေးစားပါ


တရားမျှတမှု


သတ္တိ


MYit

Be the first to comment

Leave a Reply

Your email address will not be published.


*