ခရီးသွားဖို့ အမြဲစိတ်အားထက်သန်နေတဲ့ ရာသီခွင် (၄)

ဝေလံခေါင်သီတဲ့ဒေသတွေ၊ ထူးခြားဆန်းပြားတဲ့ ယဉ်ကျေးမှုများနဲ့စိတ်လှုပ်ရှားဖွယ်စွန့်စားခန်းများကို အမြဲတစေအိပ်မက်မက်နေသူတွေရှိပါတယ်။ အဲဒါကတော့အခုပြောပြမယ့် ရာသီခွင် (၄)ခုပဲဖြစ်ပါတယ်။

Sagittarius
လွတ်လပ်မှုနဲ့ စူးစမ်းရှာဖွေမှုကိုနှစ်သက်ကြတဲ့ ဆာဂျီတွေက ခရီးထွက်ဖို့ဆိုရင် ရှေ့ဆုံးကရှိနေမယ့်သူများပါပဲ။ သူတို့က အတွေ့အကြုံအသစ်များ၊ ယဉ်ကျေးမှုများနဲ့မသိသေးတဲ့အရာတွေကို ရှာဖွေခြင်းတွေကို စိတ်လှုပ်ရှားကြပါတယ်။ သူတို့ရဲ့စွန့်စားခန်းခရီးကသူတို့ကိုစိတ်ကျေနပ်မှုရစေပါတယ်။

Gemini
ဒီရာသီဖွားတွေကလည်း သူတို့ရဲ့စူးစမ်းလေ့လာလိုစိတ်ကြောင့်လူသိများပါတယ်။ သူတို့ကပြောင်းလဲမှုနဲ့ မတူကွဲပြားမှုများအပေါ် အထူးအလေးပေးပါတယ်။ သူတို့ကရှုထောင့်အသစ်များနဲ့ အတွေ့အကြုံအသစ်များကို ရယူလိုစိတ်ကြောင့်ခရီးသွားဖို့စိတ်အားထက်သန်ကြပါတယ်။ သူတို့က ခရီးသွားလာရင်း အလွှာပေါင်းစုံကလူများနဲ့ချိတ်ဆက်နိုင်ကြပါတယ်။ အပေါင်းအသင်းမိတ်ဆွေလည်းများပြားကြတဲ့သူတွေဖြစ်ပါတယ်။

Aquarius
ဆန်းကြယ်တဲ့စွန့်စားခန်းတွေကို နှစ်သက်ကြသူတွေဖြစ်ပါတယ်။ သူတို့ကတကိုယ်တော်ခရီးထွက်ရတာကိုလည်းနှစ်သက်ကြပြီးအတွေး အခေါ်တွေပိုမိုတိုးပွားစေနိုင်မယ့်ခရီးမျိုးကို နှစ်သက်ကြပါတယ်။ ထူးခြားဆန်းပြားတဲ့ခရီးသွားအတွေ့အကြုံများကိုနှစ်သက်ကြပါတယ်။ အပြောင်းအလဲကိုပံ့ပိုးပေးနိုင်တဲ့နေရာတွေကို မကြာခဏခရီးထွက်လေ့ရှိကြပါတယ်။

Pisces
ဒီရာသီဖွားတွေကတော့ စိတ်ခံစားမှုနဲ့ တီထွင်ဖန်တီးမှုကိုနှိုးဆော်ပေးတဲ့အတွေ့အကြုံတွေကိုရှာဖွေလိုကြပါတယ်။ နေ့စဉ်ဖိအားတွေကနေလွတ်မြောက်ပြီးအေးချမ်းတဲ့နေရာလေးတွေကိုခရီးထွက်လိုကြပါတယ်။ ပင်လယ်ဘက်ခရီးထွက်ရတာမျိုးကိုအထူးနှစ်သက်ကြပါတယ်။

MYit

zawgyi


Sagittarius

Gemini

Aquarius

Pisces

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*