အယဉ်ကျေးဆုံး ရာသီခွင် (၄) ခု

ရာသီခွင်တွေထဲမှာ ယဉ်ကျေးအသိမ်မွေ့ဆုံး ရာသီခွင်တွေက ဘယ်သူတွေဖြစ်မလဲလို့သင်သိချင်ပါသလား။ သူတို့တွေက နှိမ့်ချတတ်ပြီး
တခြားသူရဲ့စိတ်ခံစားချက်များကိုလေးလေးစားစားပြောဆိုဆက်ဆံပေးတတ်သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ယဉ်ကျေးတဲ့အမူအရာကြောင့်
ထင်ရှားကျော်ကြားတဲ့ ရာသီခွင်လေးခုကိုဖော်ပြပေးချင်ပါတယ်။

Libra
သံတမန်ငြိမ်းချမ်းရေးဖော်ဆောင်သူမဖြစ် နာမည်ကြီးတဲ့ သူတို့တွေကတော့ လိမ္မာပါးနပ်ပြီးလူမှုရေးတွေမှာ သိတတ်နားလည်ကြပါတယ်။ သူတို့ကသူတို့သုံးတဲ့စကားလုံးအသုံးအနှုန်းများကိုလည်း ဂရုတစိုက်ရွေးချယ်လေ့ရှိကြပါတယ်။ဒါကြောင့်ပဲ သူတို့က အယဉ်ကျေးဆုံးရာသီခွင်အဖြစ်ထိပ်ဆုံးမှာရှိနေတာပဲဖြစ်ပါတယ်။

Pisces
စာနာတတ်တဲ့ သူတွေအဖြစ် သူတို့ကို သိရှိထားကြပါတယ်။ သူတို့ရဲ့သနားကြင်နာတတ်တဲ့စိတ်နဲ့အပြန်အလှန်လေးစားတတ်တဲ့စိတ်ကြောင့် ယဉ်ကျေးသူများအဖြစ် လူသိများပါတယ်။နူးညံ့သိမ်မွေ့တဲ့ အမူအရာရှိပြီး တဖက်သူပြောသမျှကိုအာရုံစိုက်နားထောင်ပေးသူ များဖြစ်ကြပါတယ်။ သူတို့က သဘာဝအတိုင်းယဉ်ကျေးသိမ့်မွေ့ကြပြီး ဖေးမကူညီတတ်သူတွေဖြစ်ပါတယ်။

Virgo
တွေးခေါ်မြော်မြင်တတ်သူအဖြစ် သူတို့ကိုအများကသတ်မှတ်ထားကြသလို တဖက်မှာလည်းယဉ်ကျေးသိမ်မွေ့ကြသူတွေဖြစ်ပါတယ်။ သူတို့က ပြီးပြည့်စုံတဲ့ သဘောထားများရှိပြီးအပြန်အလှန်တုံ့ပြန်မှုများမှာ မယုံနိုင်လောက်အောင်တွေးခေါ်တတ်ပြီး တခြားသူများအပေါ်မှာတန်ဖိုးထားလေးစားမှု ပြသလေ့ရှိကြပါတယ်။

Taurus
ယုံကြည်စိတ်ချရသူတွေအဖြစ် Taurus တွေကို အများက သတ်မှတ်ကြပါတယ်။ သူတို့တွေကအယဉ်ကျေးဆုံးသူတွေလည်းဖြစ်နေပါသေးတယ်။ သူတို့တွေက ခေါင်းမာခြင်းအတွက်နာမည်တခုရှိပေမဲ့ တခြားသူများနဲ့ဆက်ဆံရာမှာ ယဉ်ကျေးသိမ်မွေ့ကြပါတယ်။လေးစားမှုကိုတန်ဖိုးထားပြီး လူမှုစံနှုန်းများကိုလိုက်နာတတ်ကြပါတယ်။

MYit

zawgyi


Libra

Pisces

Virgo

Taurus

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*