ဖွံ့ဖြိုးတိုးတက်တဲ့ အဖွဲ့အစည်းဖြစ်ဖို့ Positive Feedback ရဲ့အရေးပါမှု

Positive Feedback နဲ့ပတ်သက်လို့ သင်က ပေးသူပဲဖြစ်ဖြစ်၊ လက်ခံသူပဲဖြစ်ဖြစ် ဒီအချက်နှစ်ရပ်စလုံးက နှစ်ဦးနှစ်ဖက်အတွက် အကျိုး ကျေးဇူးဖြစ်စေတာကို သတိရပါ။ Feeback လို့ပြောလိုက်တာနဲ့ တော်တော်များများက အပြုသဘောဆိုတာထက် နည်းနည်းတော့ကျော စိမ့်သွားတတ်ကြပါတယ်။ ဒါကြောင့်လည်း စစ်တမ်းတွေအရ မန်နေဂျာ ၃၇ရာခိုင်နှုန်းကသူတို့ရဲ့အသင်းစွမ်းဆောင်ရည်အပေါ်မှာ တုံ့ပြန်ချက်ပေးဖို့ စိတ်မသက်မသာဖြစ်ရကြောင်းဝန်ခံထားကြပါတယ်။ဒါကြောင့် Feedback နဲ့ပတ်သက်ပြီး တုန်လှုပ်ဖွယ်ရာ၊ ပျက်စီးဖွယ်ရာဆိုတဲ့ အယူအဆမျိုးမရှိစေချင်ပါဘူး။ Feedback တွေက လူတွေ၊ အသင်းအဖွဲ့တွေကိုပိုကောင်းအောင်ကူညီပေးတတ်ကြပါတယ်။ သု တေသနပြုချက်တွေအရ ဝန်ထမ်း ၈၂ရာခိုင်နှုန်းလောက် သူတို့ရဲ့လုပ် ဆောင်ပုံနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်များကြားရဖို့ လိုလားကြပါတယ်။အခုပြောချင်တာကတော့ Positive Feedback ဆိုတာပါပဲ။

အပြုသဘောဆောင်တဲ့တုံ့ပြန်ချက်ဆိုတာဘာလဲ။ ဒါလေးကို အနည်းငယ်မျှဝေပေးချင်ပါတယ်။ အပြုသဘောဆောင်တဲ့ အကြံပြုချက်၊ တုံ့ပြန်ချက်ဆိုတာကလုပ်ဆောင်နေတဲ့အရာများအတွက် အားဖြည့်ဖို့အတွက် ပံ့ပိုးမှုတရပ်ဖြစ်ပါတယ်။အပြုသဘောဆောင်တဲ့ အားဖြည့်မှုတွေက တစုံတဦးရဲ့အမှားကို စကင်ဖတ်သလိုရှာနေမယ့်အစား တိကျတဲ့အပြုအမူများနဲ့ အသိအမှတ်ပြုဖို့ ချီးကျူးဖို့အခွင့်အလမ်းများကိုရှာဖွေနေတတ်ပါတယ်။ ဒီ Positive Feedback က စီမံခန့်ခွဲမှုအတွက်မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတခုပဲဖြစ်ပါတယ်။

အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်တွေက အနုတ်လက္ခဏာထက် ပိုပြီးထိရောက်နိုင်တာကိုသင့်အနေနဲ့ သတိပြုသင့်ပါတယ်။တကယ်လို့များ သင်က လုပ်ငန်းခွင်ထဲမှာစီမံခန့်ခွဲမှုလုပ်နေရသူ တဦးဆိုရင် သင့်အဖွဲ့အနေနဲ့ သင့်ဆီကနေ အပြုသဘောဆောင်တဲ့မှတ်ချက်တွေကြားရဖို့ မျှော်လင့်နေတတ်တာကို သတိပြုပါ။စွမ်းဆောင်ရည်အပေါ်မှာ အပြုသဘောဆောင်တဲ့ မှတ်ချက်ပေးတာက အဖွဲ့သားများအတွက်
မိုတီဗေးရှင်းဖြစ်စေပါတယ်။အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေရဲ့အကျိုးကျေးဇူးတွေကလည်း အများကြီးရှိပါတယ်။

ပထမအချက်ကတော့ ဝန်ထမ်းများနဲ့ ဆက်ဆံမှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ Gallupရဲ့စစ်တမ်းတခုအရ မန်နေဂျာများက အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်ပေးတဲ့အခါဝန်ထမ်းတွေရဲ့ ၆၇ရာခိုင်နှုန်းလောက်က အဲဒီအပေါ်မှာ အပြည့်အဝပူးပေါင်းပါဝင်ကြတာကိုတွေ့ရပါတယ်။အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေက ဝန်ထမ်းများအကြားမှာ ယုံကြည်မှုနဲ့စိတ်ဓာတ်တက်ကြွမှုကိုတည်ဆောက်ပေးပါတယ်။ စိတ်အားထက်သန်မှုကိုလည်းတိုးမြှင့်စေပါတယ်။

MYit

zawgyi

Positive Feedback နဲ႔ပတ္သက္လို႔ သင္က ေပးသူပဲျဖစ္ျဖစ္၊ လက္ခံသူပဲျဖစ္ျဖစ္ ဒီအခ်က္ႏွစ္ရပ္စလုံးက ႏွစ္ဦးႏွစ္ဖက္အတြက္ အက်ိဳး ေက်းဇူးျဖစ္ေစတာကို သတိရပါ။ Feeback လို႔ေျပာလိုက္တာနဲ႔ ေတာ္ေတာ္မ်ားမ်ားက အျပဳသေဘာဆိုတာထက္ နည္းနည္းေတာ့ေက်ာ စိမ့္သြားတတ္ၾကပါတယ္။ ဒါေၾကာင့္လည္း စစ္တမ္းေတြအရ မန္ေနဂ်ာ ၃၇ရာခိုင္ႏႈန္းကသူတို႔ရဲ႕အသင္းစြမ္းေဆာင္ရည္အေပၚမွာ တုံ႔ျပန္ခ်က္ေပးဖို႔ စိတ္မသက္မသာျဖစ္ရေၾကာင္းဝန္ခံထားၾကပါတယ္။ဒါေၾကာင့္ Feedback နဲ႔ပတ္သက္ၿပီး တုန္လႈပ္ဖြယ္ရာ၊ ပ်က္စီးဖြယ္ရာဆိုတဲ့ အယူအဆမ်ိဳးမရွိေစခ်င္ပါဘူး။ Feedback ေတြက လူေတြ၊ အသင္းအဖြဲ႕ေတြကိုပိုေကာင္းေအာင္ကူညီေပးတတ္ၾကပါတယ္။ သု ေတသနျပဳခ်က္ေတြအရ ဝန္ထမ္း ၈၂ရာခိုင္ႏႈန္းေလာက္ သူတို႔ရဲ႕လုပ္ ေဆာင္ပုံနဲ႔ပတ္သက္ၿပီး တုံ႔ျပန္ခ်က္မ်ားၾကားရဖို႔ လိုလားၾကပါတယ္။အခုေျပာခ်င္တာကေတာ့ Positive Feedback ဆိုတာပါပဲ။

အျပဳသေဘာေဆာင္တဲ့တုံ႔ျပန္ခ်က္ဆိုတာဘာလဲ။ ဒါေလးကို အနည္းငယ္မွ်ေဝေပးခ်င္ပါတယ္။ အျပဳသေဘာေဆာင္တဲ့ အႀကံျပဳခ်က္၊ တုံ႔ျပန္ခ်က္ဆိုတာကလုပ္ေဆာင္ေနတဲ့အရာမ်ားအတြက္ အားျဖည့္ဖို႔အတြက္ ပံ့ပိုးမႈတရပ္ျဖစ္ပါတယ္။အျပဳသေဘာေဆာင္တဲ့ အားျဖည့္မႈေတြက တစုံတဦးရဲ႕အမွားကို စကင္ဖတ္သလိုရွာေနမယ့္အစား တိက်တဲ့အျပဳအမူမ်ားနဲ႔ အသိအမွတ္ျပဳဖို႔ ခ်ီးက်ဴးဖို႔အခြင့္အလမ္းမ်ားကိုရွာေဖြေနတတ္ပါတယ္။ ဒီ Positive Feedback က စီမံခန႔္ခြဲမႈအတြက္မရွိမျဖစ္လိုအပ္တဲ့ ကြၽမ္းက်င္မႈတခုပဲျဖစ္ပါတယ္။

အျပဳသေဘာေဆာင္တဲ့ တုံ႔ျပန္ခ်က္ေတြက အႏုတ္လကၡဏာထက္ ပိုၿပီးထိေရာက္ႏိုင္တာကိုသင့္အေနနဲ႔ သတိျပဳသင့္ပါတယ္။တကယ္လို႔မ်ား သင္က လုပ္ငန္းခြင္ထဲမွာစီမံခန႔္ခြဲမႈလုပ္ေနရသူ တဦးဆိုရင္ သင့္အဖြဲ႕အေနနဲ႔ သင့္ဆီကေန အျပဳသေဘာေဆာင္တဲ့မွတ္ခ်က္ေတြၾကားရဖို႔ ေမွ်ာ္လင့္ေနတတ္တာကို သတိျပဳပါ။စြမ္းေဆာင္ရည္အေပၚမွာ အျပဳသေဘာေဆာင္တဲ့ မွတ္ခ်က္ေပးတာက အဖြဲ႕သားမ်ားအတြက္
မိုတီေဗးရွင္းျဖစ္ေစပါတယ္။အျပဳသေဘာေဆာင္တဲ့ တုံ႔ျပန္မႈေတြရဲ႕အက်ိဳးေက်းဇူးေတြကလည္း အမ်ားႀကီးရွိပါတယ္။

ပထမအခ်က္ကေတာ့ ဝန္ထမ္းမ်ားနဲ႔ ဆက္ဆံမႈကို တိုးျမႇင့္ေပးႏိုင္ပါတယ္။ Gallupရဲ႕စစ္တမ္းတခုအရ မန္ေနဂ်ာမ်ားက အျပဳသေဘာေဆာင္တဲ့ တုံ႔ျပန္ခ်က္ေပးတဲ့အခါဝန္ထမ္းေတြရဲ႕ ၆၇ရာခိုင္ႏႈန္းေလာက္က အဲဒီအေပၚမွာ အျပည့္အဝပူးေပါင္းပါဝင္ၾကတာကိုေတြ႕ရပါတယ္။အျပဳသေဘာေဆာင္တဲ့ အႀကံျပဳခ်က္ေတြက ဝန္ထမ္းမ်ားအၾကားမွာ ယုံၾကည္မႈနဲ႔စိတ္ဓာတ္တက္ႂကြမႈကိုတည္ေဆာက္ေပးပါတယ္။ စိတ္အားထက္သန္မႈကိုလည္းတိုးျမႇင့္ေစပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*