အလုပ်ထပ်လျှောက်ရမှာကြောက်တဲ့စိတ်ကို ဘယ်လိုကျော်လွှားကြမလဲ

အလုပ်အသစ်ရှာဖွေရမှာ အလုပ်အသစ်လျှောက်ရမှာကြောက်တဲ့စိတ်၊ အင်တာဗျူးဝင်ပြီးအပယ်ခံရမှာကိုစိုးရိမ်တဲ့စိတ်တွေက တချို့သူတွေအတွက် Depression ဖြစ်လောက်တဲ့အထိဆိုးရွားတတ်ပါတယ်။ တချို့သူတွေကျပြန်တော့လည်း အလုပ်ရှာရတာ၊အင်တာဗျူးဝင်ရတာကိုမှ စိတ်လှုပ်ရှားပျော်ရွှင်တာမျိုးရှိတတ်ကြပြန်ပါတယ်။အလုပ်ရှာဖွေရတာပျော်သူတွေအတွက် ဘာမှပြဿနာမရှိပေမယ့်အလုပ်အသစ်တစ်ခုလျှောက်ဖို့တောင်ကြောက်ရွံ့နေသူတွေအနေနဲ့တော့ ဒါဟာမြန်မြန်ကုစားရမယ့်ပြဿနာဖြစ်ပါတယ်။ အခုဖော်ပြမယ့်အ ချက်တွေက ဒီလိုစိတ်ခံစားချက်တွေကိုလျော့ပါးသက်သာစေမယ့် အခြေခံအချက်တွေပဲဖြစ်ပါတယ်။

– အလုပ်အသစ်လျှောက်တဲ့အခါ စိတ်ရှည်ဖို့တော့လိုပါတယ်။ ကိုယ်လျှောက်လိုက်တာနဲ့ချက်ချင်းအင်တာဗျူးဝင်ပြီး အလုပ်ရသွားတာမျိုးဖြစ်ချင်မှဖြစ်မှာပါ။ တချို့အချိန်တွေမှာအင်တာဗျူးမခေါ်တာမျိုးတောင်ရှိနိုင်ပါတယ်။ အလုပ်သစ်ရှာဖွေခြင်းဟာလနဲ့ချီပြီးအချိန်ကြာတတ်ပါတယ်။ ဒီအချက်ကိုကိုယ့်စိတ်ထဲမှာထည့်ထားပြီးခေါင်းအေးအေးထားလုပ်ဆောင်သင့်ပါတယ်။

– နောက်တစ်ချက်က အပြုသဘောဆောင်တဲ့စိတ်နဲ့နေထိုင်ဖို့ပါ။ အလုပ်ရသည်ဖြစ်စေ မရသည်ဖြစ်စေကိုယ်လုပ်ရမယ့်အလုပ်ကိုလုပ်နေတယ်၊ အလုပ်အသစ်ရှာဖွေတာကိုစိန်ခေါ်မှုတစ်ခုလိုသဘောထားတယ်ဆိုရင် အလုပ်လျှောက်ရတာကိုပျော်လာပါလိမ့်မယ်။ ဒါကြောင့်အလုပ်တစ်ခုခုလျှောက်ပြီးတိုင်း ကိုယ့်ကိုယ်ကိုယ်ပြန်ဆုချတာမျိုးလုပ်ပေးပါ။

– အလုပ်လျှောက်မယ်ဆိုရင် အစီအစဉ်တကျလေးလုပ်ဆောင်သင့်ပါတယ်။ကိုယ်ရွေးထားတဲ့အလုပ်တွေကို စာအုပ်ထဲချရေးပြီး အဲဒီအ တွက်ပြင်ဆင်ရမယ့်အရာတွေကို တစ်ခုချင်းချရေးပါ။ Resume ကို အသစ်ပြင်ဆင်တာ၊ LinkedIn Profile ကို update လုပ်တာမျိုးတွေကိုတစ်ခုပြီးတစ်ခုလုပ်ဆောင်ရင်း စိတ်ကိုပေါ့ပေါ့ပါးပါးထားပါ။

– ကိုယ့်ရဲ့ Career အတွက် အကြံကောင်းပေးနိုင်မယ့်သူ၊ လမ်းညွှန်နိုင်မယ့်သူတွေနဲ့မဖြစ်မနေတွေ့ဆုံသင့်ပါတယ်။ ဒီလိုတွေ့ဆုံလိုက်တာက ကိုယ့်ရဲ့စိတ်အားငယ်နေမှုတွေကိုလျော့ပါးစေပြီးလမ်းအသစ်လျှောက်ဖို့ခွန်အားရှိလာပါလိမ့်မယ်။ Career နဲ့ပတ်သက်ရင်အမြဲလိုစိတ်ပျက်ညည်းညူနေတတ်တဲ့ သူငယ်ချင်းတွေကိုတော့လုံးဝရှောင်ပါနော်။

– အလုပ်ရှာဖွေတယ်ဆိုတာ နေ့စဉ်မနားတမ်းလုပ်နေရမယ့်အရာတော့မဟုတ်ပါဘူး။ အဲဒါကြောင့်အလုပ်တစ်ခုလျှောက်ထားပြီးပြီဆိုရင် ခဏလေးနားချိန်ယူပါ။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။အိပ်ရေးဝဝအိပ်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်လေးတွေစားပါ။
ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ အားကစားတစ်ခုခုလုပ်တာကလည်း ကိုယ့်ကိုစိတ်ပျော်ရွှင်လာစေပြီးအရာရာကို ရင်ဆိုင်ကျော်ဖြတ်နိုင်စေပါတယ်။နောက်ဆုံးတစ်ချက်ကတော့ လိုအပ်တဲ့ Skills အသစ်တွေဖြည့်နေဖို့ဖြစ်ပါတယ်။ Skills အသစ်တွေဖြည့်ပြီးမှ အလုပ်ထပ်ရှာ ဖွေတာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာမှာဖြစ်သလိုအလုပ်လျှောက်ရမှာ ကြောက်တဲ့စိတ်ကိုလည်းဖယ်ရှားပေးပါလိမ့်မယ်။

Ju Ju

zawgyi

အလုပ္အသစ္ရွာေဖြရမွာ အလုပ္အသစ္ေလွ်ာက္ရမွာေၾကာက္တဲ့စိတ္၊ အင္တာဗ်ဴးဝင္ၿပီးအပယ္ခံရမွာကိုစိုးရိမ္တဲ့စိတ္ေတြက တခ်ိဳ႕သူေတြအတြက္ Depression ျဖစ္ေလာက္တဲ့အထိဆိုး႐ြားတတ္ပါတယ္။ တခ်ိဳ႕သူေတြက်ျပန္ေတာ့လည္း အလုပ္ရွာရတာ၊အင္တာဗ်ဴးဝင္ရတာကိုမွ စိတ္လႈပ္ရွားေပ်ာ္႐ႊင္တာမ်ိဳးရွိတတ္ၾကျပန္ပါတယ္။အလုပ္ရွာေဖြရတာေပ်ာ္သူေတြအတြက္ ဘာမွျပႆနာမရွိေပမယ့္အလုပ္အသစ္တစ္ခုေလွ်ာက္ဖို႔ေတာင္ေၾကာက္႐ြံ႕ေနသူေတြအေနနဲ႔ေတာ့ ဒါဟာျမန္ျမန္ကုစားရမယ့္ျပႆနာျဖစ္ပါတယ္။ အခုေဖာ္ျပမယ့္အ ခ်က္ေတြက ဒီလိုစိတ္ခံစားခ်က္ေတြကိုေလ်ာ့ပါးသက္သာေစမယ့္ အေျခခံအခ်က္ေတြပဲျဖစ္ပါတယ္။

– အလုပ္အသစ္ေလွ်ာက္တဲ့အခါ စိတ္ရွည္ဖို႔ေတာ့လိုပါတယ္။ ကိုယ္ေလွ်ာက္လိုက္တာနဲ႔ခ်က္ခ်င္းအင္တာဗ်ဴးဝင္ၿပီး အလုပ္ရသြားတာမ်ိဳးျဖစ္ခ်င္မွျဖစ္မွာပါ။ တခ်ိဳ႕အခ်ိန္ေတြမွာအင္တာဗ်ဴးမေခၚတာမ်ိဳးေတာင္ရွိႏိုင္ပါတယ္။ အလုပ္သစ္ရွာေဖြျခင္းဟာလနဲ႔ခ်ီၿပီးအခ်ိန္ၾကာတတ္ပါတယ္။ ဒီအခ်က္ကိုကိုယ့္စိတ္ထဲမွာထည့္ထားၿပီးေခါင္းေအးေအးထားလုပ္ေဆာင္သင့္ပါတယ္။

– ေနာက္တစ္ခ်က္က အျပဳသေဘာေဆာင္တဲ့စိတ္နဲ႔ေနထိုင္ဖို႔ပါ။ အလုပ္ရသည္ျဖစ္ေစ မရသည္ျဖစ္ေစကိုယ္လုပ္ရမယ့္အလုပ္ကိုလုပ္ေနတယ္၊ အလုပ္အသစ္ရွာေဖြတာကိုစိန္ေခၚမႈတစ္ခုလိုသေဘာထားတယ္ဆိုရင္ အလုပ္ေလွ်ာက္ရတာကိုေပ်ာ္လာပါလိမ့္မယ္။ ဒါေၾကာင့္အလုပ္တစ္ခုခုေလွ်ာက္ၿပီးတိုင္း ကိုယ့္ကိုယ္ကိုယ္ျပန္ဆုခ်တာမ်ိဳးလုပ္ေပးပါ။

– အလုပ္ေလွ်ာက္မယ္ဆိုရင္ အစီအစဥ္တက်ေလးလုပ္ေဆာင္သင့္ပါတယ္။ကိုယ္ေ႐ြးထားတဲ့အလုပ္ေတြကို စာအုပ္ထဲခ်ေရးၿပီး အဲဒီအ တြက္ျပင္ဆင္ရမယ့္အရာေတြကို တစ္ခုခ်င္းခ်ေရးပါ။ Resume ကို အသစ္ျပင္ဆင္တာ၊ LinkedIn Profile ကို update လုပ္တာမ်ိဳးေတြကိုတစ္ခုၿပီးတစ္ခုလုပ္ေဆာင္ရင္း စိတ္ကိုေပါ့ေပါ့ပါးပါးထားပါ။

– ကိုယ့္ရဲ႕ Career အတြက္ အႀကံေကာင္းေပးႏိုင္မယ့္သူ၊ လမ္းၫႊန္ႏိုင္မယ့္သူေတြနဲ႔မျဖစ္မေနေတြ႕ဆုံသင့္ပါတယ္။ ဒီလိုေတြ႕ဆုံလိုက္တာက ကိုယ့္ရဲ႕စိတ္အားငယ္ေနမႈေတြကိုေလ်ာ့ပါးေစၿပီးလမ္းအသစ္ေလွ်ာက္ဖို႔ခြန္အားရွိလာပါလိမ့္မယ္။ Career နဲ႔ပတ္သက္ရင္အၿမဲလိုစိတ္ပ်က္ညည္းညဴေနတတ္တဲ့ သူငယ္ခ်င္းေတြကိုေတာ့လုံးဝေရွာင္ပါေနာ္။

– အလုပ္ရွာေဖြတယ္ဆိုတာ ေန႔စဥ္မနားတမ္းလုပ္ေနရမယ့္အရာေတာ့မဟုတ္ပါဘူး။ အဲဒါေၾကာင့္အလုပ္တစ္ခုေလွ်ာက္ထားၿပီးၿပီဆိုရင္ ခဏေလးနားခ်ိန္ယူပါ။ ကိုယ့္ကိုယ္ကိုယ္ဂ႐ုစိုက္ပါ။အိပ္ေရးဝဝအိပ္ပါ။ က်န္းမာေရးနဲ႔ညီၫြတ္တဲ့အစားအေသာက္ေလးေတြစားပါ။
ကိုယ္လက္လႈပ္ရွားမႈလုပ္ပါ။ အားကစားတစ္ခုခုလုပ္တာကလည္း ကိုယ့္ကိုစိတ္ေပ်ာ္႐ႊင္လာေစၿပီးအရာရာကို ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္ေစပါတယ္။ေနာက္ဆုံးတစ္ခ်က္ကေတာ့ လိုအပ္တဲ့ Skills အသစ္ေတြျဖည့္ေနဖို႔ျဖစ္ပါတယ္။ Skills အသစ္ေတြျဖည့္ၿပီးမွ အလုပ္ထပ္ရွာ ေဖြတာက ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈတိုးလာမွာျဖစ္သလိုအလုပ္ေလွ်ာက္ရမွာ ေၾကာက္တဲ့စိတ္ကိုလည္းဖယ္ရွားေပးပါလိမ့္မယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*