အေဂျင်စီအသစ်နဲ့ လက်မှတ်ထိုးလိုက်တဲ့ Seo Ye Ji

မင်းသမီး Seo Ye Ji ကတော့ အေဂျင်စီအသစ်နဲ့ လက်မှတ်ထိုးလိုက်ပြီဖြစ်ပါတယ်။သူမရဲ့အေဂျင်စီအသစ်ဖြစ်တဲ့ SUBLIME ကနေ ဇွန်လ ၂၅ရက်နေ့မှာတရားဝင်ကြေညာခဲ့ပါတယ်။“ကျွန်ုပ်တို့ မင်းသမီး Seo Ye Ji နဲ့သီးသန့်စာချုပ်ချုပ်ဆိုနိုင်တဲ့အကြောင်း ကြေညာဖို့
အလွန်ဝမ်းမြောက်မိပါတယ်” လို့ သူမရဲ့အေဂျင်စီအသစ်ဖြစ်တဲ့ SUBLIME ကပြောဆိုခဲ့ပါတယ်။“မတူကွဲပြားတဲ့ သရုပ်ဆောင်မှုတွေကို မင်းသမီး Seo Ye Ji နဲ့အတူ ပေါင်းစပ်မှုအသစ်များကိုဖန်တီးဖို့ ရည်ရွယ်ထားပါတယ်။ မင်းသမီးကို ကျွန်တော်တို့အပြည့်အ၀ ပံ့ပိုးပေးမှာပါ” လို့ဖော်ပြခဲ့ပါတယ်။

Seo Ye Ji က ၂၀၁၃ ခုနှစ်မှာ tvN ဒရာမာ “Potato Star 2013QR3”နဲ့ ပွဲဦးထွက်ပါဝင်ခဲ့ပြီးပွဲဦးထွက်ပါဝင်ခဲ့ပြီး “Diary of a Night Watchman” “Super Daddy Yeol” “Last” “Hwarang: The Poet Warrior”အပါအဝင် ပရောဂျက်အမြောက်အမြားနဲ့ပရိသတ်အသိအမှတ်ပြုမှုရရှိထားတဲ့ မင်းသမီးတလက်ဖြစ်ပါတယ်။ သူမရဲ့နာမည်ကြီးဒရာမာဖြစ်တဲ့ “It’s Okay to Not Be Okay”မှာ ထိပ်တန်းမင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့ပြီးပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။သူမရဲ့အေဂျင်စီဟောင်းဖြစ်တဲ့ GOLDMEDALIST နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာစာချုပ်သက်တမ်းကုန်ဆုံးခဲ့တာဖြစ်ပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*