Rating ကောင်းနေတဲ့ The Escape of The Seven ဇာတ်လမ်းတွဲ

မြန်မာပရိသတ်တွေကြားမှာလတ်တလောရေပန်းစားနေတဲ့ The Escape of The Seven ဇာတ်လမ်းတွဲဟာ ကိုရီးယားပရိသတ်တွေကြားမှာလည်း Rating ကောင်းကောင်းနဲ့ကြည့်ရှုသူများနေတယ်လို့သိရပါတယ်။ဒီဇာတ်လမ်းတွဲရဲ့ အပိုင်း ၄ ထွက်ရှိချိန်မှာ Rating ၇.၇ ရာခိုင်နှုန်းအထိတက်လာခဲ့တယ်လို့ဆိုပါတယ်။ဒီလိုအရင်အပိုင်းထက် ၁ ရာခိုင်နှုန်းခုန်တက်နိုင်ခဲ့ခြင်းဟာ မှတ်တမ်းတင်လောက်တဲ့အောင်မြင်မှုလို့ Nielsen Korea ကပြောထားတာဖြစ်ပါတယ်။ SBS ကရိုက်ကူးထုတ်လွှင့်တဲ့ The Escape of The Seven ဟာ အပိုင်း ၁၇ ပိုင်းပါရှိမှာဖြစ်ပြီးပျောက်ဆုံးသွားတဲ့ကောင်မလေးတစ်ယောက်နဲ့ပတ်သက်နေတဲ့လူခုနစ်ယောက်အကြောင်းဖြစ်ပါတယ်။

နားကြည်းချက်နဲ့အတူ ရက်ရက်စက်စက်လက်စားချေမှုတွေလည်းပါဝင်မှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်များအဖြစ် Um Ki Joon ၊ Hwang Jung eum ၊ Lee Joon ၊ Lee Yu Bi တို့နဲ့အတူ တခြားသောအနုပညာရှင်လေးယောက်ပါဝင်ထားပါတယ်။ The Escape of The Seven ဇာတ်လမ်းတွဲဟာ ပက်စက်ယုတ်ညံ့မှုတွေအပြင်မထင်မှတ်စရာအရှုပ်အထွေးတွေကြောင့်နာမည်ကြီးခဲ့တဲ့ဇာတ်လမ်းတွဲ Penthouse ကိုဖန်တီးတဲ့ ဒါရိုက်တာ၊ဇာတ်ညွှန်းရေးဆရာတို့ရဲ့နောက်ထပ်ပူးပေါင်းမှုဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့အပိုင်း ၂ ဟာလည်းလက်မခံနိုင်စရာရက်စက်တဲ့ပြကွက်တွေကြောင့် ဝေဖန်ခံနေရပါသေးတယ်။

Ju Ju

zawgyi

ျမန္မာပရိသတ္ေတြၾကားမွာလတ္တေလာေရပန္းစားေနတဲ့ The Escape of The Seven ဇာတ္လမ္းတြဲဟာ ကိုရီးယားပရိသတ္ေတြၾကားမွာလည္း Rating ေကာင္းေကာင္းနဲ႔ၾကည့္ရႈသူမ်ားေနတယ္လို႔သိရပါတယ္။ဒီဇာတ္လမ္းတြဲရဲ႕ အပိုင္း ၄ ထြက္ရွိခ်ိန္မွာ Rating ၇.၇ ရာခိုင္ႏႈန္းအထိတက္လာခဲ့တယ္လို႔ဆိုပါတယ္။ဒီလိုအရင္အပိုင္းထက္ ၁ ရာခိုင္ႏႈန္းခုန္တက္ႏိုင္ခဲ့ျခင္းဟာ မွတ္တမ္းတင္ေလာက္တဲ့ေအာင္ျမင္မႈလို႔ Nielsen Korea ကေျပာထားတာျဖစ္ပါတယ္။ SBS က႐ိုက္ကူးထုတ္လႊင့္တဲ့ The Escape of The Seven ဟာ အပိုင္း ၁၇ ပိုင္းပါရွိမွာျဖစ္ၿပီးေပ်ာက္ဆုံးသြားတဲ့ေကာင္မေလးတစ္ေယာက္နဲ႔ပတ္သက္ေနတဲ့လူခုနစ္ေယာက္အေၾကာင္းျဖစ္ပါတယ္။

နားၾကည္းခ်က္နဲ႔အတူ ရက္ရက္စက္စက္လက္စားေခ်မႈေတြလည္းပါဝင္မွာျဖစ္ပါတယ္။ဒီဇာတ္လမ္းတြဲရဲ႕ အဓိကဇာတ္ေဆာင္မ်ားအျဖစ္ Um Ki Joon ၊ Hwang Jung eum ၊ Lee Joon ၊ Lee Yu Bi တို႔နဲ႔အတူ တျခားေသာအႏုပညာရွင္ေလးေယာက္ပါဝင္ထားပါတယ္။ The Escape of The Seven ဇာတ္လမ္းတြဲဟာ ပက္စက္ယုတ္ညံ့မႈေတြအျပင္မထင္မွတ္စရာအရႈပ္အေထြးေတြေၾကာင့္နာမည္ႀကီးခဲ့တဲ့ဇာတ္လမ္းတြဲ Penthouse ကိုဖန္တီးတဲ့ ဒါ႐ိုက္တာ၊ဇာတ္ၫႊန္းေရးဆရာတို႔ရဲ႕ေနာက္ထပ္ပူးေပါင္းမႈျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲရဲ႕အပိုင္း ၂ ဟာလည္းလက္မခံႏိုင္စရာရက္စက္တဲ့ျပကြက္ေတြေၾကာင့္ ေဝဖန္ခံေနရပါေသးတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*