ကိုယ်လုပ်သမျှ ကိုယ့်ဆီ ပြန်လာမယ့် လုပ်ငန်းခွင် အလေ့အထ (၅) ခု

နောက်ဆုံးသတ်ရက် (Deadline) မတိုင်ခင်က ကိုယ်ကူညီပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ကို ကိုယ်က မေ့သွားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလုပ်ဖော်ကိုင်ဖက်ကတော့ မမေ့ပါဘူး။ ကိုယ်ကတော့ နောက်ပြောင်စရာ စကားတစ်ခွန်းကို အန္တရာယ်မရှိဘူးလို့ တွေးပြီး ပြောလိုက်ပေမဲ့ အဲဒီစကားကို ခံလိုက်ရတဲ့သူကတော့ “ဒီလူဟာ မန်နေဂျာကောင်းတစ်ယောက် ဖြစ်လာနိုင်ပါ့မလား” ဆိုပြီး တခြားသူတွေက မေးလာတဲ့အခါ အဲဒါကို ပြန်သတိရသွားနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြုမူပြောဆိုပုံတွေဟာ ကိုယ့်ထက် အမြဲတမ်း တစ်လှမ်းစောပြီး ရောက်နှင့်နေတတ်ပြီး နောက်ဆုံးမှာတော့ ကိုယ့်ဆီကို ပြန်လည်ရောက်ရှိလာတတ်ပါတယ်။ ဒါကိုပဲ လုပ်ငန်းခွင် ဝဋ်လည်တာလို့ သတ်မှတ်ပါတယ်။

“လုပ်ငန်းခွင် ဝဋ်လည်တယ် ” ဆိုတာ တကယ်တော့ ဘာလဲ

ဒါကို “လုပ်ငန်းခွင် ဝဋ်” လို့ပဲ ခေါ်ကြပါစို့။ ကိုယ်ပြုမူလိုက်သမျှ အရာမှန်သမျှဟာ နာမည်ဂုဏ်သတင်း၊ ဆက်ဆံရေးနဲ့ လူတွေက ကိုယ့်ကို ပေးအပ်မယ့် သို့မဟုတ်ပိတ်ပင်မယ့် အခွင့်အလမ်းတွေကနေတဆင့်Boomerang လိုမျိုး ကိုယ့်ဆီကို ပြန်လှည့်လာတတ်ပါတယ်။ ဒါက ရက်ရောတဲ့ ဝန်ထမ်းတိုင်း ရာထူးတိုးတယ်လို့ ဆိုလိုတာမဟုတ်သလို၊ အဆိပ်အတောက်ဖြစ်စေတဲ့ သူဌေးတိုင်းလည်း ထင်ရှားပေါ်ထွက်လာမယ်လို့ မဆိုလိုပါဘူး။ လုပ်ငန်းခွင်ဆိုတာ အပြည့်အဝ တရားမျှတလှတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ နေ့စဉ်အပြုအမူတွေက ကိုယ်အလုပ်လုပ်နေရတဲ့ ပတ်ဝန်းကျင်နဲ့ တခြားသူတွေ ကိုယ့်အပေါ် သတ်မှတ်ထားတဲ့ အမြင်တွေကို ဖန်တီးပေးဖို့ အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ဒီနေရာမှာ “ဝဋ်” ဆိုတာ ဝိညာဉ်ရေးရာ ဓလေ့ထုံးစံတွေ၊ စကြဝဠာရဲ့ တရားမျှတမှုစတဲ့ သဘောတရားတွေထက် ဆိုးကျိုး၊ ကောင်းကျိုး သက်ရောက်မှုကို တင်စားထားတာပဲ ဖြစ်ပါတယ်။ လက်တွေ့ကျတဲ့ ယန္တရားတွေကတော့ အပြန်အလှန် ကျေးဇူးဆပ်တတ်မှု၊ ယုံကြည်မှု၊လူမှု ရေးအရ သင်ယူမှုနဲ့ နာမည်ဂုဏ်သတင်းတို့ပဲ ဖြစ်ပါတယ်။

အသင်းအဖွဲ့ကို ထိခိုက်စေတဲ့ နည်းလမ်းများနဲ့ အောင်မြင်မှုရှာတာ

အလုပ်ခွင်မှာ တချို့သူတွေက ကိုယ်တစ်ယောက်တည်း နာမည်ထွက်ဖို့၊ နေရာရဖို့အတွက် လုပ်ဖော်ကိုင်ဖက်တွေကို ကျော်တက်သွားဖို့၊ ဒါမှမဟုတ် သူတို့ရဲ့ အကြံ ဉာဏ်တွေကို ခိုးယူဖို့ ဝန်မလေးကြပါဘူး။ တစ်ခါတလေ ဒါဟာ ရေတိုမှာ ကိုယ့်အတွက် အသာစီးရသွားစေနိုင်ပါတယ်။ ဒါပေမဲ့ ရေရှည်မှာတော့ ဒါက ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်းကို ပျက်စီးစေပါတယ်။ လူတွေက ကိုယ့်ကို ယုံကြည်လို့မရတော့ဘူးဆိုတာ သတိထားမိလာတဲ့အခါ ဘယ်သူမှ ကိုယ်နဲ့ အတူတူ လက်တွဲပြီး အလုပ်လုပ်ချင်တော့မှာ မဟုတ်ပါဘူး။ အောင်မြင်မှုဆိုတာ တစ်ယောက်တည်း ရယူလို့ရတာ မဟုတ်ဘဲ အသင်းအဖွဲ့နဲ့ တည်ဆောက်ရတာဖြစ်လို့ ဒီအကျင့်က နောက်ဆုံးမှာ ကိုယ့်ခြေထောက် ကိုယ်ပြန်ခုတ်သလို ဖြစ်သွားပါလိမ့်မယ်။

အသိအမှတ်ပြုမှုနဲ့ ကျေးဇူးတင်မှုကို လက်ခံပေးရန် ဝန်လေးခြင်း

အလုပ်တစ်ခု အောင်မြင်သွားတဲ့အခါ အဲဒီအောင်မြင်မှုနောက်ကွယ်က ပါဝင်ကူညီပေးခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အခန်းကဏ္ဍကို ဖုံးကွယ်ထားလိုက်တာ၊ ကိုယ်တစ်ယောက်တည်း အကုန်လုပ်ခဲ့သလို ပုံဖော်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ ခေါင်း ဆောင်ကောင်းတစ်ယောက်၊ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ တခြားသူတွေရဲ့ ကြိုးစားအားထုတ်မှုကို တန်ဖိုးထားတတ်ဖို့ လိုပါတယ်။ အမြဲတမ်း ကိုယ်တစ်ယောက်တည်း နာမည်ယူနေမယ်ဆိုရင် အသင်းသားတွေရဲ့ စိတ် ဓာတ်ကျဆင်းလာမှာဖြစ်ပြီး အခက်အခဲကြုံလာတဲ့အခါ ဘယ်သူကမှ ကိုယ့်ဘက်ကနေ ဝိုင်းဝန်းကူညီပေးတော့မှာ မဟုတ်ပါဘူး။

အမှားကို တာဝန်ယူရန် ငြင်းဆန်ခြင်း

အလုပ်မှာ ပြဿနာတစ်ခုခု တက်လာပြီ၊ အမှားတစ်ခု ဖြစ်သွားပြီဆိုရင် ကိုယ့်အမှားဖြစ်ပါလျက်နဲ့ တခြားသူတွေဆီ ပုံချတာ၊ အပြစ်တင်တာမျိုးတွေ လုပ်တတ်ပါတယ်။ ဒါဟာ အဲဒီအချိန်မှာတော့ အပြစ်ကနေ လွတ်သွားနိုင်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဘယ်သူက တာဝန်ယူတတ်ပြီး ဘယ်သူက တာဝန်ရှောင်တတ်လဲဆိုတာကို ရုံးတွင်းက လူတိုင်း သိသွားကြပါလိမ့်မယ်။ ဒီလိုလုပ်ရပ်က ကိုယ့်အပေါ်ထားရှိတဲ့ ယုံကြည်မှုကို တိုက်စားပစ်လိုက်တာပါပဲ။ နောက်တစ်ကြိမ်မှာ အမှားလုပ်မိရင် ဘယ်သူကမှ ကိုယ့်ကို ကာကွယ်ပေးချင်တော့မှာ မဟုတ်ပါတော့ဘူး။

အဆိပ်အတောက်ဖြစ်စေသော ကောလာဟလများနဲ့ မကောင်းပြောဆိုခြင်း

ရုံးတွင်းမှာ ကောလာဟလတွေ ဖြန့်တာ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကွယ်ရာမှာ မကောင်းပြောတာတွေဟာ အလုပ်ခွင်ရဲ့ စိတ်ဓာတ်ရေးရာကို အဆိပ်သင့်စေတဲ့ အဓိက အကြောင်းရင်းပါပဲ။ ပျော်စရာကောင်းတဲ့ စကားစမြည်ပြောတာနဲ့ တစ်ပါးသူကို ထိခိုက်စေတဲ့ ကောလာဟလပြောတာဟာ လုံးဝ မတူပါဘူး။ ဒီလို အလေ့အထရှိတဲ့သူတွေကို လူတွေက သတိထားလာကြပြီး တဖြည်းဖြည်းနဲ့ အရေးကြီးတဲ့ အချက်အလက်တွေ၊ ဆွေးနွေးပွဲတွေကနေ ဖယ်ရှားထားတတ်ကြပါတယ်။ “သူများအ ကြောင်း ပြောတဲ့သူဟာ ကိုယ့်အကြောင်းလည်း ပြောမှာပဲ” ဆိုတဲ့ ယုံကြည်ချက်က လုပ်ငန်းခွင်မှာ အမြဲတမ်း အလုပ်ဖြစ်နေတတ်ပါတယ်။

အခြားသူများရဲ့ အခက်အခဲကို လျစ်လျူရှုတာ

ကိုယ့်အလုပ်တွေ ပြီးသွားပြီဆိုတာနဲ့ တခြားသူတွေ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ အကူအညီတောင်းလာရင် မျက်ကွယ်ပြုတာ၊ “ကိုယ့်အလုပ်မှ မဟုတ်တာ” ဆိုပြီး လက်ရှောင်တာမျိုးတွေ လုပ်တတ်ပါတယ်။ အလုပ်ခွင်ဆိုတာ အပြန်အလှန် အကူအညီပေးရတဲ့ နေရာတစ်ခုပါ။ ကိုယ်က တခြားသူတွေ အခက်အခဲကြုံချိန်မှာ လက်တွဲကူညီခဲ့ဖူးမယ်ဆိုရင် ကိုယ်ကိုယ်တိုင် အကြပ်အတည်းနဲ့ ကြုံလာရတဲ့အခါ ဝိုင်းဝန်းကူညီပေးမယ့်သူတွေ ရှိနေမှာပါ။ ဆန့်ကျင်ဘက်အနေနဲ့ အမြဲတမ်း လက် ရှောင်နေတတ်မယ်ဆိုရင် ကိုယ်တယ်တိုင် ဒုက္ခရောက်တဲ့အခါ ဘယ်သူ့ဆီကမှ အကူအညီ ရနိုင်တော့မှာ မဟုတ်ပါဘူး။ လုပ်ငန်းခွင်မှာ လုပ်သလောက် ပြန်ရတယ်ဆိုတာ သဘာဝတရားပါပဲ။ ကောင်းတာလုပ်ရင် ကောင်းတာ၊ ဆိုးတာလုပ်ရင် ဆိုးတာ ပြန်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ နေ့စဉ် အပြုအမူ၊ ပြောဆိုဆက်ဆံပုံတွေကို သတိထားဆင်ခြင်ခြင်းက ရေရှည်မှာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလမ်းကြောင်းကို အကောင်းဆုံး အကာအကွယ်ပေးမယ့် အကောင်းဆုံး နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

ေနာက္ဆုံးသတ္ရက္ (Deadline) မတိုင္ခင္က ကိုယ္ကူညီေပးခဲ့တဲ့ လုပ္ေဖာ္ကိုင္ဖက္ကို ကိုယ္က ေမ့သြားႏိုင္ပါတယ္။ ဒါေပမဲ့ အဲဒီလုပ္ေဖာ္ကိုင္ဖက္ကေတာ့ မေမ့ပါဘူး။ ကိုယ္ကေတာ့ ေနာက္ေျပာင္စရာ စကားတစ္ခြန္းကို အႏၲရာယ္မရွိဘူးလို႔ ေတြးၿပီး ေျပာလိုက္ေပမဲ့ အဲဒီစကားကို ခံလိုက္ရတဲ့သူကေတာ့ “ဒီလူဟာ မန္ေနဂ်ာေကာင္းတစ္ေယာက္ ျဖစ္လာႏိုင္ပါ့မလား” ဆိုၿပီး တျခားသူေတြက ေမးလာတဲ့အခါ အဲဒါကို ျပန္သတိရသြားႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ျပဳမူေျပာဆိုပုံေတြဟာ ကိုယ့္ထက္ အၿမဲတမ္း တစ္လွမ္းေစာၿပီး ေရာက္ႏွင့္ေနတတ္ၿပီး ေနာက္ဆုံးမွာေတာ့ ကိုယ့္ဆီကို ျပန္လည္ေရာက္ရွိလာတတ္ပါတယ္။ ဒါကိုပဲ လုပ္ငန္းခြင္ ဝဋ္လည္တာလို႔ သတ္မွတ္ပါတယ္။

“လုပ္ငန္းခြင္ ဝဋ္လည္တယ္ ” ဆိုတာ တကယ္ေတာ့ ဘာလဲ

ဒါကို “လုပ္ငန္းခြင္ ဝဋ္” လို႔ပဲ ေခၚၾကပါစို႔။ ကိုယ္ျပဳမူလိုက္သမွ် အရာမွန္သမွ်ဟာ နာမည္ဂုဏ္သတင္း၊ ဆက္ဆံေရးနဲ႔ လူေတြက ကိုယ့္ကို ေပးအပ္မယ့္ သို႔မဟုတ္ပိတ္ပင္မယ့္ အခြင့္အလမ္းေတြကေနတဆင့္Boomerang လိုမ်ိဳး ကိုယ့္ဆီကို ျပန္လွည့္လာတတ္ပါတယ္။ ဒါက ရက္ေရာတဲ့ ဝန္ထမ္းတိုင္း ရာထူးတိုးတယ္လို႔ ဆိုလိုတာမဟုတ္သလို၊ အဆိပ္အေတာက္ျဖစ္ေစတဲ့ သူေဌးတိုင္းလည္း ထင္ရွားေပၚထြက္လာမယ္လို႔ မဆိုလိုပါဘူး။ လုပ္ငန္းခြင္ဆိုတာ အျပည့္အဝ တရားမွ်တလွတာမ်ိဳးေတာ့ မရွိပါဘူး။ ဒါေပမဲ့ ကိုယ့္ရဲ႕ ေန႔စဥ္အျပဳအမူေတြက ကိုယ္အလုပ္လုပ္ေနရတဲ့ ပတ္ဝန္းက်င္နဲ႔ တျခားသူေတြ ကိုယ့္အေပၚ သတ္မွတ္ထားတဲ့ အျမင္ေတြကို ဖန္တီးေပးဖို႔ အမ်ားႀကီး အေထာက္အကူ ျဖစ္ေစပါတယ္။ ဒီေနရာမွာ “ဝဋ္” ဆိုတာ ဝိညာဥ္ေရးရာ ဓေလ့ထုံးစံေတြ၊ စၾကဝဠာရဲ႕ တရားမွ်တမႈစတဲ့ သေဘာတရားေတြထက္ ဆိုးက်ိဳး၊ ေကာင္းက်ိဳး သက္ေရာက္မႈကို တင္စားထားတာပဲ ျဖစ္ပါတယ္။ လက္ေတြ႕က်တဲ့ ယႏၲရားေတြကေတာ့ အျပန္အလွန္ ေက်းဇူးဆပ္တတ္မႈ၊ ယုံၾကည္မႈ၊လူမႈ ေရးအရ သင္ယူမႈနဲ႔ နာမည္ဂုဏ္သတင္းတို႔ပဲ ျဖစ္ပါတယ္။

အသင္းအဖြဲ႕ကို ထိခိုက္ေစတဲ့ နည္းလမ္းမ်ားနဲ႔ ေအာင္ျမင္မႈရွာတာ

အလုပ္ခြင္မွာ တခ်ိဳ႕သူေတြက ကိုယ္တစ္ေယာက္တည္း နာမည္ထြက္ဖို႔၊ ေနရာရဖို႔အတြက္ လုပ္ေဖာ္ကိုင္ဖက္ေတြကို ေက်ာ္တက္သြားဖို႔၊ ဒါမွမဟုတ္ သူတို႔ရဲ႕ အႀကံ ဉာဏ္ေတြကို ခိုးယူဖို႔ ဝန္မေလးၾကပါဘူး။ တစ္ခါတေလ ဒါဟာ ေရတိုမွာ ကိုယ့္အတြက္ အသာစီးရသြားေစႏိုင္ပါတယ္။ ဒါေပမဲ့ ေရရွည္မွာေတာ့ ဒါက ကိုယ့္ရဲ႕ နာမည္ဂုဏ္သတင္းကို ပ်က္စီးေစပါတယ္။ လူေတြက ကိုယ့္ကို ယုံၾကည္လို႔မရေတာ့ဘူးဆိုတာ သတိထားမိလာတဲ့အခါ ဘယ္သူမွ ကိုယ္နဲ႔ အတူတူ လက္တြဲၿပီး အလုပ္လုပ္ခ်င္ေတာ့မွာ မဟုတ္ပါဘူး။ ေအာင္ျမင္မႈဆိုတာ တစ္ေယာက္တည္း ရယူလို႔ရတာ မဟုတ္ဘဲ အသင္းအဖြဲ႕နဲ႔ တည္ေဆာက္ရတာျဖစ္လို႔ ဒီအက်င့္က ေနာက္ဆုံးမွာ ကိုယ့္ေျခေထာက္ ကိုယ္ျပန္ခုတ္သလို ျဖစ္သြားပါလိမ့္မယ္။

အသိအမွတ္ျပဳမႈနဲ႔ ေက်းဇူးတင္မႈကို လက္ခံေပးရန္ ဝန္ေလးျခင္း

အလုပ္တစ္ခု ေအာင္ျမင္သြားတဲ့အခါ အဲဒီေအာင္ျမင္မႈေနာက္ကြယ္က ပါဝင္ကူညီေပးခဲ့ၾကတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ အခန္းက႑ကို ဖုံးကြယ္ထားလိုက္တာ၊ ကိုယ္တစ္ေယာက္တည္း အကုန္လုပ္ခဲ့သလို ပုံေဖာ္တာမ်ိဳးေတြ လုပ္တတ္ၾကပါတယ္။ ေခါင္း ေဆာင္ေကာင္းတစ္ေယာက္၊ လုပ္ေဖာ္ကိုင္ဖက္ေကာင္းတစ္ေယာက္ ျဖစ္ဖို႔ဆိုတာ တျခားသူေတြရဲ႕ ႀကိဳးစားအားထုတ္မႈကို တန္ဖိုးထားတတ္ဖို႔ လိုပါတယ္။ အၿမဲတမ္း ကိုယ္တစ္ေယာက္တည္း နာမည္ယူေနမယ္ဆိုရင္ အသင္းသားေတြရဲ႕ စိတ္ ဓာတ္က်ဆင္းလာမွာျဖစ္ၿပီး အခက္အခဲႀကဳံလာတဲ့အခါ ဘယ္သူကမွ ကိုယ့္ဘက္ကေန ဝိုင္းဝန္းကူညီေပးေတာ့မွာ မဟုတ္ပါဘူး။

အမွားကို တာဝန္ယူရန္ ျငင္းဆန္ျခင္း

အလုပ္မွာ ျပႆနာတစ္ခုခု တက္လာၿပီ၊ အမွားတစ္ခု ျဖစ္သြားၿပီဆိုရင္ ကိုယ့္အမွားျဖစ္ပါလ်က္နဲ႔ တျခားသူေတြဆီ ပုံခ်တာ၊ အျပစ္တင္တာမ်ိဳးေတြ လုပ္တတ္ပါတယ္။ ဒါဟာ အဲဒီအခ်ိန္မွာေတာ့ အျပစ္ကေန လြတ္သြားႏိုင္ေပမဲ့ အခ်ိန္ၾကာလာတာနဲ႔အမွ် ဘယ္သူက တာဝန္ယူတတ္ၿပီး ဘယ္သူက တာဝန္ေရွာင္တတ္လဲဆိုတာကို ႐ုံးတြင္းက လူတိုင္း သိသြားၾကပါလိမ့္မယ္။ ဒီလိုလုပ္ရပ္က ကိုယ့္အေပၚထားရွိတဲ့ ယုံၾကည္မႈကို တိုက္စားပစ္လိုက္တာပါပဲ။ ေနာက္တစ္ႀကိမ္မွာ အမွားလုပ္မိရင္ ဘယ္သူကမွ ကိုယ့္ကို ကာကြယ္ေပးခ်င္ေတာ့မွာ မဟုတ္ပါေတာ့ဘူး။

အဆိပ္အေတာက္ျဖစ္ေစေသာ ေကာလာဟလမ်ားနဲ႔ မေကာင္းေျပာဆိုျခင္း

႐ုံးတြင္းမွာ ေကာလာဟလေတြ ျဖန႔္တာ၊ လုပ္ေဖာ္ကိုင္ဖက္ေတြကို ကြယ္ရာမွာ မေကာင္းေျပာတာေတြဟာ အလုပ္ခြင္ရဲ႕ စိတ္ဓာတ္ေရးရာကို အဆိပ္သင့္ေစတဲ့ အဓိက အေၾကာင္းရင္းပါပဲ။ ေပ်ာ္စရာေကာင္းတဲ့ စကားစျမည္ေျပာတာနဲ႔ တစ္ပါးသူကို ထိခိုက္ေစတဲ့ ေကာလာဟလေျပာတာဟာ လုံးဝ မတူပါဘူး။ ဒီလို အေလ့အထရွိတဲ့သူေတြကို လူေတြက သတိထားလာၾကၿပီး တျဖည္းျဖည္းနဲ႔ အေရးႀကီးတဲ့ အခ်က္အလက္ေတြ၊ ေဆြးေႏြးပြဲေတြကေန ဖယ္ရွားထားတတ္ၾကပါတယ္။ “သူမ်ားအ ေၾကာင္း ေျပာတဲ့သူဟာ ကိုယ့္အေၾကာင္းလည္း ေျပာမွာပဲ” ဆိုတဲ့ ယုံၾကည္ခ်က္က လုပ္ငန္းခြင္မွာ အၿမဲတမ္း အလုပ္ျဖစ္ေနတတ္ပါတယ္။

အျခားသူမ်ားရဲ႕ အခက္အခဲကို လ်စ္လ်ဴရႈတာ

ကိုယ့္အလုပ္ေတြ ၿပီးသြားၿပီဆိုတာနဲ႔ တျခားသူေတြ ဘယ္ေလာက္ပဲ ပင္ပန္းေနပါေစ၊ အကူအညီေတာင္းလာရင္ မ်က္ကြယ္ျပဳတာ၊ “ကိုယ့္အလုပ္မွ မဟုတ္တာ” ဆိုၿပီး လက္ေရွာင္တာမ်ိဳးေတြ လုပ္တတ္ပါတယ္။ အလုပ္ခြင္ဆိုတာ အျပန္အလွန္ အကူအညီေပးရတဲ့ ေနရာတစ္ခုပါ။ ကိုယ္က တျခားသူေတြ အခက္အခဲႀကဳံခ်ိန္မွာ လက္တြဲကူညီခဲ့ဖူးမယ္ဆိုရင္ ကိုယ္ကိုယ္တိုင္ အၾကပ္အတည္းနဲ႔ ႀကဳံလာရတဲ့အခါ ဝိုင္းဝန္းကူညီေပးမယ့္သူေတြ ရွိေနမွာပါ။ ဆန႔္က်င္ဘက္အေနနဲ႔ အၿမဲတမ္း လက္ ေရွာင္ေနတတ္မယ္ဆိုရင္ ကိုယ္တယ္တိုင္ ဒုကၡေရာက္တဲ့အခါ ဘယ္သူ႔ဆီကမွ အကူအညီ ရႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ လုပ္ငန္းခြင္မွာ လုပ္သေလာက္ ျပန္ရတယ္ဆိုတာ သဘာဝတရားပါပဲ။ ေကာင္းတာလုပ္ရင္ ေကာင္းတာ၊ ဆိုးတာလုပ္ရင္ ဆိုးတာ ျပန္လာတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ ေန႔စဥ္ အျပဳအမူ၊ ေျပာဆိုဆက္ဆံပုံေတြကို သတိထားဆင္ျခင္ျခင္းက ေရရွည္မွာ ကိုယ့္ရဲ႕ အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းလမ္းေၾကာင္းကို အေကာင္းဆုံး အကာအကြယ္ေပးမယ့္ အေကာင္းဆုံး နည္းလမ္းတစ္ခုပဲ ျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*