လုပ်ငန်းခွင်အတွက် ပြီးပြည့်စုံတဲ့ နှုတ်ဆက်မှု

အလုပ်တစ်ခုကနေ ထွက်ခွါမှုက နောက်အလုပ်သစ်တစ်ခုထဲကို ဘယ်လိုဝင်ရောက်မလဲဆိုတာအပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ လူတော်တော်များများက အလုပ်သစ်ဝင်ခါစကိုပဲ အလေးထားကြပေမဲ့ တကယ်တော့ အလုပ်ကထွက်တဲ့ဖြစ်စဉ်ကလည်း အလွန်အရေးကြီးပါတယ်။ နှစ်ဦးနှစ်ဖက် ကျေနပ်စရာကောင်းတဲ့ “ပြီးပြည့်စုံတဲ့ ထွက်ခွာခြင်း” ဖြစ်ဖို့ဆိုရင် တစ်ဖက်နဲ့တစ်ဖက် (အလုပ်ရှင်နဲ့ဝန်ထမ်း) ဘာတွေမျှော်လင့်ထားသလဲဆိုတာ သိထားဖို့ လိုပါတယ်။

အလုပ်ထွက်နည်းဗျူဟာက ဘာလို့ အရေးကြီးတာလဲ

အလုပ်ရှင်အတွက်တော့ ဝန်ထမ်းတစ်ယောက်က ဘာမှလည်း အပ်မသွား၊ စာရွက်စာတမ်းတွေလည်း ရှုပ်ပွ၊ အလုပ်တွေလည်း မပြီးဘဲ ရုတ်တရက်ထွက်သွားရင် ကုမ္ပဏီမှာ ငွေကြေးနဲ့ အချိန် အမြောက်အမြား ဆုံးရှုံးရပါတယ်။ဝန်ထမ်းအတွက်ကတော့ မကောင်းမွန်တဲ့ နုတ်ထွက်မှုဟာ နောင်တစ်ချိန်မှာ လိုအပ်လာမယ့် ထောက် ခံစာတွေ၊ လုပ်ငန်းခွင် အဆက်အသွယ်တွေကို ထိခိုက်စေနိုင်ပါတယ်။ အလုပ်သစ်က သင့်ရဲ့ အလုပ်ဟောင်းဆီ ဖုန်းဆက်ပြီး စုံစမ်းမှာဖြစ်လို့ ဒီအချက်ကို သတိပြုသင့်ပါတယ်။

အဆင်ပြေတဲ့ ထွက်ခွါမှု

ဝန်ထမ်းတစ်ယောက်အနေနဲ့ စိတ်အေးလက်အေး ထွက်နိုင်ဖို့ ဒီအချက်တွေကို ဂရုစိုက်သင့်ပါတယ်။အလုပ်ကထွက်ခါနီးမှာ လုပ်ငန်းစဉ်တွေကို သေချာမှတ်တမ်းတင်ပေးတာ၊ လုပ်ဖော်ကိုင်ဖက်တွေကို အလုပ်လွှဲပေးတာမျိုး လုပ်ခဲ့ရင် ကုမ္ပဏီက အသိအမှတ်ပြုပြီး ကောင်းမွန်တဲ့ ထောက်ခံစာ ပေးပါလိမ့်မယ်။ ဒါက အခွင့်အလမ်းသစ်များအတွက် လမ်းဖွင့်ထားတာဖြစ်ပါတယ်။ ပြီးတော့ ဝန်ထမ်းတယောက်ရဲ့ တာဝန်လည်း ဖြစ်ပါတယ်။စနစ်တကျ လွှဲပြောင်းမှုအတွက် လုပ်ရမယ့် အလုပ်စာရင်း (Checklist) ရှိနေတာ၊ Deadline တွေ ရှင်းလင်းနေတာမျိုးက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ရန်ဖြစ်ပြီး ထွက်မယ့်အစား စိတ်ခံစားချက်ကို ထိန်းချုပ်ပြီး နား လည်မှုရှိရှိ ထွက်တာက နောင်တစ်ချိန် အပြန်အလှန် အကူအညီရနိုင်ပါတယ်။

အလုပ်ရှင်ရဲ့ အမြင်

အလုပ်ရှင်တွေကတော့ ကုမ္ပဏီအကျိုးစီးပွားကို အဓိကထားပါတယ်။ အလုပ်နှောင့်နှေးမှု အနည်းဆုံးဖြစ်ဖို့ မျှော်လင့်ကြပါတယ်။ ဝန်ထမ်းထွက်သွားပေမဲ့ အလုပ်တွေ ရပ်မသွားဖို့ လိုပါတယ်။ပြီးတော့ ကုမ္ပဏီရဲ့ အချက်အလက်တွေ ပြင်ပကို မပေါက်ကြားဖို့ကို အလေးထားပါတယ်။အလုပ်ထွက်တဲ့အခါ ဝန်ထမ်းက ကုမ္ပဏီရဲ့ အား နည်းချက်တွေကို exit interview မှာပွင့်ပွင့်လင်းလင်း ပြောပြပေးရင် အလုပ်ရှင်ကောင်းတွေက သင်ခန်းစာယူတတ်ကြပါတယ်။ဝန်ထမ်းသစ် ရှာရတာ စရိတ်ကြီးတဲ့အတွက် ထွက်သွားမယ့် ဝန်ထမ်းက အစားထိုးမယ့်သူကို သေချာ လေ့ကျင့်ပေးခဲ့ရင် ကုမ္ပဏီအတွက် အများကြီး သက်သာပါတယ်။

မရှိမဖြစ် လိုအပ်တဲ့ စာရွက်စာတမ်းများ

အလုပ်က မထွက်ခင် ဒီစာရွက်စာတမ်းတွေကို သေချာစစ်ဆေးပါ။ ဘယ်နေ့ထွက်မယ်၊ ဘာကြောင့်ထွက်တယ်ဆိုတာကို တရားဝင် အကြောင်းကြားစာလိုပါနယ်။ ကုမ္ပဏီ အချက်အလက်တွေကို မပေါက်ကြားစေဖို့ ကတိကဝတ်ကို တည်ရပါတယ်။ ရစရာရှိတာတွေ အကုန်ရကြောင်း အတည်ပြုချက်လိုပါတယ်။ ဥပမာ လစာ၊ bonus စတာတွေပဲဖြစ်ပါတယ်။ အခွန်နဲ့ ပင်စင်ဆိုင်ရာ စာရွက်စာတမ်းများနဲ့ကုမ္ပဏီက ထုတ်ပေးထားတဲ့ Laptop၊ ကတ်ပြားနဲ့ Account Access တွေ ပြန်အပ် ကြောင်း အတည်ပြုချက်တို့ပဲဖြစ်ပါတယ်။အလုပ်ကထွက်တာဟာ လမ်းဆုံးတာမဟုတ်ဘဲ အဆင့်သစ်တစ်ခုကို တက်လှမ်းတာလို့ မြင်ကြည့်ပါ။ နှစ်ဦးနှစ်ဖက် ဂုဏ် သိက္ခာရှိရှိ လမ်းခွဲခြင်းဟာ နောင်တစ်ချိန်မှာ အခွင့်အလမ်းသစ်တွေဆီကို ဦးတည်သွားစေနိုင်ပါတယ်။

ကျော့ကေခိုင်

zawgyi

အလုပ္တစ္ခုကေန ထြက္ခြါမႈက ေနာက္အလုပ္သစ္တစ္ခုထဲကို ဘယ္လိုဝင္ေရာက္မလဲဆိုတာအေပၚ အမ်ားႀကီး သက္ေရာက္မႈရွိပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက အလုပ္သစ္ဝင္ခါစကိုပဲ အေလးထားၾကေပမဲ့ တကယ္ေတာ့ အလုပ္ကထြက္တဲ့ျဖစ္စဥ္ကလည္း အလြန္အေရးႀကီးပါတယ္။ ႏွစ္ဦးႏွစ္ဖက္ ေက်နပ္စရာေကာင္းတဲ့ “ၿပီးျပည့္စုံတဲ့ ထြက္ခြာျခင္း” ျဖစ္ဖို႔ဆိုရင္ တစ္ဖက္နဲ႔တစ္ဖက္ (အလုပ္ရွင္နဲ႔ဝန္ထမ္း) ဘာေတြေမွ်ာ္လင့္ထားသလဲဆိုတာ သိထားဖို႔ လိုပါတယ္။

အလုပ္ထြက္နည္းဗ်ဴဟာက ဘာလို႔ အေရးႀကီးတာလဲ

အလုပ္ရွင္အတြက္ေတာ့ ဝန္ထမ္းတစ္ေယာက္က ဘာမွလည္း အပ္မသြား၊ စာ႐ြက္စာတမ္းေတြလည္း ရႈပ္ပြ၊ အလုပ္ေတြလည္း မၿပီးဘဲ ႐ုတ္တရက္ထြက္သြားရင္ ကုမၸဏီမွာ ေငြေၾကးနဲ႔ အခ်ိန္ အေျမာက္အျမား ဆုံးရႈံးရပါတယ္။ဝန္ထမ္းအတြက္ကေတာ့ မေကာင္းမြန္တဲ့ ႏုတ္ထြက္မႈဟာ ေနာင္တစ္ခ်ိန္မွာ လိုအပ္လာမယ့္ ေထာက္ ခံစာေတြ၊ လုပ္ငန္းခြင္ အဆက္အသြယ္ေတြကို ထိခိုက္ေစႏိုင္ပါတယ္။ အလုပ္သစ္က သင့္ရဲ႕ အလုပ္ေဟာင္းဆီ ဖုန္းဆက္ၿပီး စုံစမ္းမွာျဖစ္လို႔ ဒီအခ်က္ကို သတိျပဳသင့္ပါတယ္။

အဆင္ေျပတဲ့ ထြက္ခြါမႈ

ဝန္ထမ္းတစ္ေယာက္အေနနဲ႔ စိတ္ေအးလက္ေအး ထြက္ႏိုင္ဖို႔ ဒီအခ်က္ေတြကို ဂ႐ုစိုက္သင့္ပါတယ္။အလုပ္ကထြက္ခါနီးမွာ လုပ္ငန္းစဥ္ေတြကို ေသခ်ာမွတ္တမ္းတင္ေပးတာ၊ လုပ္ေဖာ္ကိုင္ဖက္ေတြကို အလုပ္လႊဲေပးတာမ်ိဳး လုပ္ခဲ့ရင္ ကုမၸဏီက အသိအမွတ္ျပဳၿပီး ေကာင္းမြန္တဲ့ ေထာက္ခံစာ ေပးပါလိမ့္မယ္။ ဒါက အခြင့္အလမ္းသစ္မ်ားအတြက္ လမ္းဖြင့္ထားတာျဖစ္ပါတယ္။ ၿပီးေတာ့ ဝန္ထမ္းတေယာက္ရဲ႕ တာဝန္လည္း ျဖစ္ပါတယ္။စနစ္တက် လႊဲေျပာင္းမႈအတြက္ လုပ္ရမယ့္ အလုပ္စာရင္း (Checklist) ရွိေနတာ၊ Deadline ေတြ ရွင္းလင္းေနတာမ်ိဳးက စိတ္ဖိစီးမႈကို ေလ်ာ့က်ေစပါတယ္။ရန္ျဖစ္ၿပီး ထြက္မယ့္အစား စိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္ၿပီး နား လည္မႈရွိရွိ ထြက္တာက ေနာင္တစ္ခ်ိန္ အျပန္အလွန္ အကူအညီရႏိုင္ပါတယ္။

အလုပ္ရွင္ရဲ႕ အျမင္

အလုပ္ရွင္ေတြကေတာ့ ကုမၸဏီအက်ိဳးစီးပြားကို အဓိကထားပါတယ္။ အလုပ္ေႏွာင့္ေႏွးမႈ အနည္းဆုံးျဖစ္ဖို႔ ေမွ်ာ္လင့္ၾကပါတယ္။ ဝန္ထမ္းထြက္သြားေပမဲ့ အလုပ္ေတြ ရပ္မသြားဖို႔ လိုပါတယ္။ၿပီးေတာ့ ကုမၸဏီရဲ႕ အခ်က္အလက္ေတြ ျပင္ပကို မေပါက္ၾကားဖို႔ကို အေလးထားပါတယ္။အလုပ္ထြက္တဲ့အခါ ဝန္ထမ္းက ကုမၸဏီရဲ႕ အား နည္းခ်က္ေတြကို exit interview မွာပြင့္ပြင့္လင္းလင္း ေျပာျပေပးရင္ အလုပ္ရွင္ေကာင္းေတြက သင္ခန္းစာယူတတ္ၾကပါတယ္။ဝန္ထမ္းသစ္ ရွာရတာ စရိတ္ႀကီးတဲ့အတြက္ ထြက္သြားမယ့္ ဝန္ထမ္းက အစားထိုးမယ့္သူကို ေသခ်ာ ေလ့က်င့္ေပးခဲ့ရင္ ကုမၸဏီအတြက္ အမ်ားႀကီး သက္သာပါတယ္။

မရွိမျဖစ္ လိုအပ္တဲ့ စာ႐ြက္စာတမ္းမ်ား

အလုပ္က မထြက္ခင္ ဒီစာ႐ြက္စာတမ္းေတြကို ေသခ်ာစစ္ေဆးပါ။ ဘယ္ေန႔ထြက္မယ္၊ ဘာေၾကာင့္ထြက္တယ္ဆိုတာကို တရားဝင္ အေၾကာင္းၾကားစာလိုပါနယ္။ ကုမၸဏီ အခ်က္အလက္ေတြကို မေပါက္ၾကားေစဖို႔ ကတိကဝတ္ကို တည္ရပါတယ္။ ရစရာရွိတာေတြ အကုန္ရေၾကာင္း အတည္ျပဳခ်က္လိုပါတယ္။ ဥပမာ လစာ၊ bonus စတာေတြပဲျဖစ္ပါတယ္။ အခြန္နဲ႔ ပင္စင္ဆိုင္ရာ စာ႐ြက္စာတမ္းမ်ားနဲ႔ကုမၸဏီက ထုတ္ေပးထားတဲ့ Laptop၊ ကတ္ျပားနဲ႔ Account Access ေတြ ျပန္အပ္ ေၾကာင္း အတည္ျပဳခ်က္တို႔ပဲျဖစ္ပါတယ္။အလုပ္ကထြက္တာဟာ လမ္းဆုံးတာမဟုတ္ဘဲ အဆင့္သစ္တစ္ခုကို တက္လွမ္းတာလို႔ ျမင္ၾကည့္ပါ။ ႏွစ္ဦးႏွစ္ဖက္ ဂုဏ္ သိကၡာရွိရွိ လမ္းခြဲျခင္းဟာ ေနာင္တစ္ခ်ိန္မွာ အခြင့္အလမ္းသစ္ေတြဆီကို ဦးတည္သြားေစႏိုင္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*