Talent Pool ဆိုတာ ဘာလဲ

ဒီအပတ်မှာတော့ Talent pool ဆိုတာ ဘာလဲ။ ဒါက လုပ်ငန်းခွင်အတွက် ဘာကြောင့် အရေးပါသလဲဆိုတာနဲ့ပတ်သက်ပြီး ပြန်လည်မျှဝေပေးသွားချင်ပါတယ်။ လုပ် ငန်းတစ်ခု အောင်မြင်ဖို့ဆိုရင် ငွေကြေးနဲ့ နည်းပညာတင်မကဘဲ တကယ်တော်တဲ့ လူသားအရင်းအမြစ်တွေ ရှိဖို့က အဓိကကျပါတယ်။ အခုခေတ်မှာ လူတော်တွေကို ရှာဖွေရတာဟာ စိန်ခေါ်မှုတစ်ခု ဖြစ်လာတဲ့အတွက် Talent Pool ဆိုတဲ့ အယူအဆက လုပ်ငန်းရှင်တွေနဲ့ HR ပညာရှင်တွေကြားမှာ အလွန်အရေးပါလာပါတယ်။

Talent Pool ဆိုတာ တကယ်တော့ ဘာလဲ

အရိုးရှင်းဆုံး ပြောရရင်တော့ Talent Pool ဆိုတာ ကုမ္ပဏီအတွက် အနာဂတ်မှာ လိုအပ်လာနိုင်မယ့် “အရည်အချင်းရှိသူတွေရဲ့ စုစည်းမှု” ဒါမှမဟုတ် “အရန်အင်အား စာရင်း” ပါပဲ။ အလုပ်နေရာတစ်ခု လစ်လပ်သွားတဲ့အခါမှ အစကနေ ပြန်ရှာတာမျိုးမဟုတ်ဘဲ၊ ကိုယ့်ဆီမှာ ကြိုတင်စုဆောင်းထားတဲ့ အရည်အချင်းရှိသူတွေရဲ့ အချက် အလက် (Database) ထဲကနေ ချက်ချင်းဆက်သွယ် ခန့်အပ်နိုင်ဖို့ ပြင်ဆင်ထားတာကို ဆိုလိုတာပါ။

ဒီ Pool ထဲမှာ ဘယ်လိုလူတွေ ပါဝင်နိုင်သလဲ

Talent Pool ဆိုတာ အလုပ်လျှောက်လွှာ တင်ထားသူတွေတင်မကဘဲ အုပ်စုအမျိုးမျိုး ပါဝင်နိုင်ပါတယ်။အရင်က အင်တာဗျူး လာဖြေဖူးတယ်အရည်အချင်းလည်း ရှိတယ်၊ ဒါပေမဲ့ အဲဒီတုန်းက အလုပ်နေရာ အကန့်အသတ်ကြောင့် မခန့်ဖြစ်ခဲ့တဲ့သူတွေဟာ အကောင်းဆုံး အရန်အင်အားတွေပါပဲ။ ပြောရရင် Silver Medalists တွေပါ။ ဒုတိယအကောင်းဆုံးသူများလို့ဆိုနိုင်ပါတယ်။

နောက်တခုက ဝန်ထမ်းဟောင်းများပါ။ ကုမ္ပဏီကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားပေမဲ့ တော်ပြီးသားသူတွေကို ပြန်ချိတ်ဆက်ဖို့ စာရင်းထဲ ထည့်ထားသင့်ပါတယ်။ သူတို့က ကုမ္ပဏီအကြောင်း သိပြီးသားမို့ ပြန်ခန့်တဲ့အခါ သင်တန်းပေးရတာ သက်သာပါတယ်။

တတိယကတော့ အလုပ်သင်များနဲ့ Freelancersများပါ။ ကုမ္ပဏီနဲ့ လက်တွဲလုပ်ဖူးပြီးသားဖြစ်တဲ့ အလုပ်သင်တွေ၊ အလွတ်တန်းသမားတွေကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ဖို့ Pool ထဲမှာ ထည့်ထားနိုင်ပါတယ်။

နောက်ဆုံးတခုကတော့ လက်ရှိမှာ အလုပ်မရှာနေသေးပေမဲ့ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် အရည်အချင်းရှိသူတွေကို LinkedIn လိုနေရာမျိုးမှာ တွေ့ထားရင်လည်း ကြိုတင်မိတ်ဖွဲ့ထားပြီး စာရင်းသွင်းထားလို့ ရပါတယ်။

Talent Pool ရှိခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ နံပါတ်တစ် အချိန်ကို အထိရောက်ဆုံး သုံးနိုင်တာပါ။အလုပ်နေရာတစ်ခု လွတ်သွားပြီဆိုတာနဲ့ ကြော်ငြာတင်၊ လူစစ်၊ အင်တာဗျူးခေါ် ဆိုတဲ့ အဆင့်တွေကို ကျော်ပြီး ကိုယ့်ဆီမှာ ရှိပြီးသား List ထဲကနေ အမြန်ဆုံး ရွေးချယ်နိုင်ပါတယ်။ ဒါဟာ လုပ်ငန်းလည်ပတ်မှု မပြတ်တောက်အောင် ကူညီပေးပါတယ်။

နံပါတ်နှစ်ကတော့ ကုန်ကျစရိတ်တွေ လျှော့ချနိုင်တာပါပဲ။ အလုပ်ကြော်ငြာခတွေ၊ အေဂျင်စီတွေကို ပေးရတဲ့ အခကြေးငွေတွေကို အများကြီး သက်သာစေပါတယ်။ ကိုယ့်လက်ထဲမှာ ရှိပြီးသား လူသားအရင်းအမြစ်ကို အသုံးချတာဟာ ငွေကုန်ကြေးကျ အသက်သာဆုံးပါပဲ။

နံပါတ်သုံးကတော့ အရည်အသွေး ပိုကောင်းတဲ့ ဝန်ထမ်းကို ရရှိနိုင်တာပါ။ အလောတကြီး ရှာတာမဟုတ်ဘဲ အေးအေးဆေးဆေး စိစစ်ပြီး Pool ထဲ ထည့်ထားတဲ့သူတွေ ဖြစ်တဲ့အတွက် ကုမ္ပဏီရဲ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီမယ့်သူကို ပိုမိုတိကျစွာ ရွေးချယ်နိုင်ပါတယ်။

Talent Pool တစ်ခုကို ဘယ်လို တည်ဆောက်ပြီး ထိန်းသိမ်းမလဲ

နာမည်နဲ့ ဖုန်းနံပါတ်တွေ စုထားရုံနဲ့တော့ Talent Pool တစ်ခု မဖြစ်နိုင်ပါဘူး။ အသက်ဝင်နေဖို့အတွက် ဒီအချက်တွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဘယ်သူက ဘာကျွမ်းကျင်လဲ၊ ဘယ်သူက ဘယ်နှနှစ် အတွေ့အကြုံရှိလဲ ဆိုတာကို Category လေးတွေ ခွဲထားရပါမယ်။ ဒီလိုစနစ်တကျထားတာက ပိုပြီးလွယ်ကူစေပါတယ်။ Pool ထဲမှာ ရှိနေတဲ့သူတွေကို ကုမ္ပဏီရဲ့ အောင်မြင်မှုတွေ၊ သတင်းလွှာတွေကို အခါအားလျော်စွာ ပို့ပေးပြီး ကုမ္ပဏီကို သတိရနေအောင် လုပ်ဖို့ လိုပါတယ်။ ဒါကအဆက်အ သွယ်မပြတ်အောင် လုပ်ဆောင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

အနှစ်ချုပ်ရရင် Talent Pool ဆိုတာဟာ လုပ်ငန်းတစ်ခုအတွက် “လူသားအရင်းအမြစ် ရတနာသိုက်” ပါပဲ။ လိုအပ်မှ လူရှာတာထက် လူတော်တွေကို ကြိုတင်စု ဆောင်း ထိန်းသိမ်းထားတဲ့ နည်းဗျူဟာကသာ အနာဂတ်ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဈေးကွက်မှာ အမြဲတမ်း အသာစီးရနေမှာ ဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

ဒီအပတ္မွာေတာ့ Talent pool ဆိုတာ ဘာလဲ။ ဒါက လုပ္ငန္းခြင္အတြက္ ဘာေၾကာင့္ အေရးပါသလဲဆိုတာနဲ႔ပတ္သက္ၿပီး ျပန္လည္မွ်ေဝေပးသြားခ်င္ပါတယ္။ လုပ္ ငန္းတစ္ခု ေအာင္ျမင္ဖို႔ဆိုရင္ ေငြေၾကးနဲ႔ နည္းပညာတင္မကဘဲ တကယ္ေတာ္တဲ့ လူသားအရင္းအျမစ္ေတြ ရွိဖို႔က အဓိကက်ပါတယ္။ အခုေခတ္မွာ လူေတာ္ေတြကို ရွာေဖြရတာဟာ စိန္ေခၚမႈတစ္ခု ျဖစ္လာတဲ့အတြက္ Talent Pool ဆိုတဲ့ အယူအဆက လုပ္ငန္းရွင္ေတြနဲ႔ HR ပညာရွင္ေတြၾကားမွာ အလြန္အေရးပါလာပါတယ္။

Talent Pool ဆိုတာ တကယ္ေတာ့ ဘာလဲ

အ႐ိုးရွင္းဆုံး ေျပာရရင္ေတာ့ Talent Pool ဆိုတာ ကုမၸဏီအတြက္ အနာဂတ္မွာ လိုအပ္လာႏိုင္မယ့္ “အရည္အခ်င္းရွိသူေတြရဲ႕ စုစည္းမႈ” ဒါမွမဟုတ္ “အရန္အင္အား စာရင္း” ပါပဲ။ အလုပ္ေနရာတစ္ခု လစ္လပ္သြားတဲ့အခါမွ အစကေန ျပန္ရွာတာမ်ိဳးမဟုတ္ဘဲ၊ ကိုယ့္ဆီမွာ ႀကိဳတင္စုေဆာင္းထားတဲ့ အရည္အခ်င္းရွိသူေတြရဲ႕ အခ်က္ အလက္ (Database) ထဲကေန ခ်က္ခ်င္းဆက္သြယ္ ခန႔္အပ္ႏိုင္ဖို႔ ျပင္ဆင္ထားတာကို ဆိုလိုတာပါ။

ဒီ Pool ထဲမွာ ဘယ္လိုလူေတြ ပါဝင္ႏိုင္သလဲ

Talent Pool ဆိုတာ အလုပ္ေလွ်ာက္လႊာ တင္ထားသူေတြတင္မကဘဲ အုပ္စုအမ်ိဳးမ်ိဳး ပါဝင္ႏိုင္ပါတယ္။အရင္က အင္တာဗ်ဴး လာေျဖဖူးတယ္အရည္အခ်င္းလည္း ရွိတယ္၊ ဒါေပမဲ့ အဲဒီတုန္းက အလုပ္ေနရာ အကန႔္အသတ္ေၾကာင့္ မခန႔္ျဖစ္ခဲ့တဲ့သူေတြဟာ အေကာင္းဆုံး အရန္အင္အားေတြပါပဲ။ ေျပာရရင္ Silver Medalists ေတြပါ။ ဒုတိယအေကာင္းဆုံးသူမ်ားလို႔ဆိုႏိုင္ပါတယ္။

ေနာက္တခုက ဝန္ထမ္းေဟာင္းမ်ားပါ။ ကုမၸဏီကေန အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထြက္သြားေပမဲ့ ေတာ္ၿပီးသားသူေတြကို ျပန္ခ်ိတ္ဆက္ဖို႔ စာရင္းထဲ ထည့္ထားသင့္ပါတယ္။ သူတို႔က ကုမၸဏီအေၾကာင္း သိၿပီးသားမို႔ ျပန္ခန႔္တဲ့အခါ သင္တန္းေပးရတာ သက္သာပါတယ္။

တတိယကေတာ့ အလုပ္သင္မ်ားနဲ႔ Freelancersမ်ားပါ။ ကုမၸဏီနဲ႔ လက္တြဲလုပ္ဖူးၿပီးသားျဖစ္တဲ့ အလုပ္သင္ေတြ၊ အလြတ္တန္းသမားေတြကို အၿမဲတမ္းဝန္ထမ္းအျဖစ္ ခန႔္ဖို႔ Pool ထဲမွာ ထည့္ထားႏိုင္ပါတယ္။

ေနာက္ဆုံးတခုကေတာ့ လက္ရွိမွာ အလုပ္မရွာေနေသးေပမဲ့ ကိုယ့္လုပ္ငန္းနဲ႔ ကိုက္ညီမယ့္ အရည္အခ်င္းရွိသူေတြကို LinkedIn လိုေနရာမ်ိဳးမွာ ေတြ႕ထားရင္လည္း ႀကိဳတင္မိတ္ဖြဲ႕ထားၿပီး စာရင္းသြင္းထားလို႔ ရပါတယ္။

Talent Pool ရွိျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကေတာ့ နံပါတ္တစ္ အခ်ိန္ကို အထိေရာက္ဆုံး သုံးႏိုင္တာပါ။အလုပ္ေနရာတစ္ခု လြတ္သြားၿပီဆိုတာနဲ႔ ေၾကာ္ျငာတင္၊ လူစစ္၊ အင္တာဗ်ဴးေခၚ ဆိုတဲ့ အဆင့္ေတြကို ေက်ာ္ၿပီး ကိုယ့္ဆီမွာ ရွိၿပီးသား List ထဲကေန အျမန္ဆုံး ေ႐ြးခ်ယ္ႏိုင္ပါတယ္။ ဒါဟာ လုပ္ငန္းလည္ပတ္မႈ မျပတ္ေတာက္ေအာင္ ကူညီေပးပါတယ္။

နံပါတ္ႏွစ္ကေတာ့ ကုန္က်စရိတ္ေတြ ေလွ်ာ့ခ်ႏိုင္တာပါပဲ။ အလုပ္ေၾကာ္ျငာခေတြ၊ ေအဂ်င္စီေတြကို ေပးရတဲ့ အခေၾကးေငြေတြကို အမ်ားႀကီး သက္သာေစပါတယ္။ ကိုယ့္လက္ထဲမွာ ရွိၿပီးသား လူသားအရင္းအျမစ္ကို အသုံးခ်တာဟာ ေငြကုန္ေၾကးက် အသက္သာဆုံးပါပဲ။

နံပါတ္သုံးကေတာ့ အရည္အေသြး ပိုေကာင္းတဲ့ ဝန္ထမ္းကို ရရွိႏိုင္တာပါ။ အေလာတႀကီး ရွာတာမဟုတ္ဘဲ ေအးေအးေဆးေဆး စိစစ္ၿပီး Pool ထဲ ထည့္ထားတဲ့သူေတြ ျဖစ္တဲ့အတြက္ ကုမၸဏီရဲ႕ ယဥ္ေက်းမႈနဲ႔ ကိုက္ညီမယ့္သူကို ပိုမိုတိက်စြာ ေ႐ြးခ်ယ္ႏိုင္ပါတယ္။

Talent Pool တစ္ခုကို ဘယ္လို တည္ေဆာက္ၿပီး ထိန္းသိမ္းမလဲ

နာမည္နဲ႔ ဖုန္းနံပါတ္ေတြ စုထား႐ုံနဲ႔ေတာ့ Talent Pool တစ္ခု မျဖစ္ႏိုင္ပါဘူး။ အသက္ဝင္ေနဖို႔အတြက္ ဒီအခ်က္ေတြ လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ ဘယ္သူက ဘာကြၽမ္းက်င္လဲ၊ ဘယ္သူက ဘယ္ႏွႏွစ္ အေတြ႕အႀကဳံရွိလဲ ဆိုတာကို Category ေလးေတြ ခြဲထားရပါမယ္။ ဒီလိုစနစ္တက်ထားတာက ပိုၿပီးလြယ္ကူေစပါတယ္။ Pool ထဲမွာ ရွိေနတဲ့သူေတြကို ကုမၸဏီရဲ႕ ေအာင္ျမင္မႈေတြ၊ သတင္းလႊာေတြကို အခါအားေလ်ာ္စြာ ပို႔ေပးၿပီး ကုမၸဏီကို သတိရေနေအာင္ လုပ္ဖို႔ လိုပါတယ္။ ဒါကအဆက္အ သြယ္မျပတ္ေအာင္ လုပ္ေဆာင္တဲ့ နည္းလမ္းျဖစ္ပါတယ္။

အႏွစ္ခ်ဳပ္ရရင္ Talent Pool ဆိုတာဟာ လုပ္ငန္းတစ္ခုအတြက္ “လူသားအရင္းအျမစ္ ရတနာသိုက္” ပါပဲ။ လိုအပ္မွ လူရွာတာထက္ လူေတာ္ေတြကို ႀကိဳတင္စု ေဆာင္း ထိန္းသိမ္းထားတဲ့ နည္းဗ်ဴဟာကသာ အနာဂတ္ရဲ႕ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ေဈးကြက္မွာ အၿမဲတမ္း အသာစီးရေနမွာ ျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*