နေ့စဉ်အပြုအမူကနေ သိနိုင်တဲ့ ငွေကြေးပြဿနာ အချက်ပြလက္ခဏာ (၈) ချက်

ငွေကြေးဆိုင်ရာ အဆင်ပြေညီညွတ်မှုဟာ ရေရှည်လက်တွဲဖော် ရွေးချယ်တဲ့အခါမှာ အရမ်းအရေးကြီးပါတယ်။ အိမ်ထောင်ကွဲရတဲ့ အကြောင်းရင်းတွေထဲမှာ ငွေ ကြေးပြဿနာဟာ ၃၆ ရာခိုင်နှုန်းကျော်အထိ ပါဝင်နေတာကြောင့် ကိုယ့်လက်တွဲဖော်မှာ ငွေကြေးစီမံခန့်ခွဲမှု အားနည်းနေသလားဆိုတာကို ကြိုတင်သတိထားဖို့ လိုပါတယ်။နေ့စဉ်အပြုအမူတွေကနေတစ်ဆင့် သိနိုင်တဲ့ ငွေကြေးပြဿနာ အချက်ပြလက္ခဏာ (၈) ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အရာရာကို လျှို့ဝှက်လွန်းခြင်း

လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိတာမှန်ပေမဲ့ နှစ်ယောက်အတူ ခရီးသွားဖို့ ပိုက်ဆံစုနေချိန်မှာ လက်တွဲဖော်က သူဝယ်ထားတဲ့ ပစ္စည်းတွေအကြောင်း လိမ်ပြောနေတာမျိုး၊ စုထားတဲ့ ပိုက်ဆံထဲက ပျောက်နေတာမျိုး ဒါမှမဟုတ် အကြွေးကိစ္စတွေကို ပွင့်ပွင့်လင်းလင်း မပြောတာမျိုးဟာ ယုံကြည်မှုပျက်ပြားစေတဲ့ လိမ်လည်လှည့် ဖြားမှုရဲ့ အစပဲ ဖြစ်ပါတယ်။

၂။ စုဆောင်းငွေ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု လုံးဝမရှိခြင်း

ငယ်ရွယ်စဉ်မှာ ပိုက်ဆံသိပ်မရှိတာ ပြဿနာမဟုတ်ပေမဲ့ အလုပ်အကိုင် အဆင်ပြေရဲ့သားနဲ့ အမြဲတမ်း ပိုက်ဆံမရှိသလို ဖြစ်နေတာ၊ ကုန်ကျစရိတ်ရှိမယ့် အစီအစဉ်တွေဆိုရင် ဘယ်တော့မှ မပါနိုင်တာမျိုးဟာ စိုးရိမ်စရာပါ။ အနည်းဆုံးတော့ ကိုယ်ရတဲ့ ဝင်ငွေထဲက တစ်စိတ်တစ်ပိုင်းကို စုဆောင်းနိုင်ရပါမယ်။ မစုနိုင်ဘူးဆိုရင် နောင်တစ်ချိန် အိမ်ဝယ်တာ၊ အိမ်ငှားတာတွေမှာ ပြဿနာတက်လာနိုင်ပါတယ်။

၃။ ဘတ်ဂျက် (အသုံးစရိတ်) ကို မထိန်းနိုင်ခြင်း

ဘတ်ဂျက်ဆွဲတာဟာ ကိုယ့်ငွေကို ကိုယ်ထိန်းချုပ်နိုင်ဖို့ အဓိကကျပါတယ်။ ရာခိုင်နှုန်းတွေနဲ့ အသေးစိတ်ကြီး မဟုတ်ရင်တောင် ကိုယ်ဘာအတွက် ဘယ်လောက်သုံးမလဲဆိုတဲ့ အကြမ်းဖျဉ်း အစီအစဉ်တော့ ရှိရပါမယ်။ အသုံးစရိတ်ကို စနစ်တကျ စောင့်ကြည့်တတ်သူတွေဟာ ငွေကြေးတည်ငြိမ်မှုနဲ့ စိတ်ကျေနပ်မှုကို ပိုရရှိတတ်ကြပါတယ်။

၄။ ချေးငှားပြီး ပြန်မဆပ်ခြင်း

အလုပ်လက်မဲ့ဖြစ်ချိန် ဒါမှမဟုတ် အရေးပေါ်ကိစ္စတွေမှာ မိဘ ဒါမှမဟုတ် သူငယ်ချင်းဆီက အကူအညီယူတာ ပြဿနာမဟုတ်ပေမဲ့ အမြဲတမ်း အကူအညီတောင်းနေပြီး ပြန်မဆပ်တာကတော့ တာဝန်မဲ့မှုနဲ့ သူတစ်ပါးကို အမှီအခိုပြုလွန်းတဲ့ လက္ခဏာပါ။ အခုချိန်မှာ ကိုယ့်ပြဿနာ မဟုတ်ပေမဲ့ နောင်တစ်ချိန်မှာ ကိုယ့်အိတ်ကပ်ထဲက ပိုက်ဆံတွေကိုပါ အလကားရသလို သဘောထားလာနိုင်ပါတယ်။

၅။ ဈေးဝယ်တာကို ဝါသနာ (Hobby) လို သဘောထားခြင်း

နှစ်ယောက်အတူ ရှိနေချိန်တိုင်း ဆိုင်တွေသွားဖို့ပဲ စဉ်းစားနေတာ ဒါမှမဟုတ် Online ကနေ ပစ္စည်းတွေ အမြဲဝယ်နေတာဟာ အချက်ပြမီးနီပါပဲ။ “လိုအပ်တာ” ထက် “လိုချင်တာ” ကိုပဲ ဦးစားပေးနေရင် အသုံးစရိတ်က ထိန်းမရ ဖြစ်လာပါလိမ့်မယ်။ အပိုပစ္စည်းတွေအတွက် သုံးလိုက်တဲ့ ပိုက်ဆံတွေဟာ တကယ်အရေးကြီးတဲ့ အချိန် ကျရင် လိုအပ်လာနိုင်တယ်ဆိုတာ သတိပြုရပါမယ်။

၆။ ခရက်ဒစ်ကတ် (Credit Cards) တွေ အများကြီး ရှိနေခြင်း

တကယ်လို့ ခရက်ဒစ်ကတ်ရဲ့ အကျိုးခံစားခွင့်တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်သူ မဟုတ်ရင် ကတ်တွေ အများကြီး ရှိနေတာဟာ ကိုယ့်ရဲ့ အကြွေးပမာဏကို မျက်ကွယ်ပြုထားတဲ့ လက္ခဏာပါ။ အသေးအဖွဲကိစ္စကအစ ကတ်နဲ့ပဲ ခြစ်သုံးနေရတယ်ဆိုရင် သူတို့မှာ လက်ငင်းပေးချေဖို့ ပိုက်ဆံမရှိတာမျိုး ဖြစ်နိုင်ပါတယ်။ ကတ်အများကြီး ရှိလေလေ ကိုယ့်မှာ ပိုက်ဆံအများကြီး ရှိနေတယ်လို့ ထင်ယောင်ထင်မှား ဖြစ်စေလေလေပါပဲ။

၇။ ဝင်ငွေနဲ့ ထွက်ငွေ မကိုက်ညီခြင်း

လက်တွဲဖော်က အလုပ်မရှိဘဲ ဒါမှမဟုတ် အိမ်ဝယ်ဖို့တောင် အစီအစဉ်မရှိဘဲ ကားကောင်းကောင်း စီးတာ၊ ပစ္စည်းအသစ်တွေ အမြဲဝယ်နေတာမျိုးဟာ တစ်ခုခုတော့ မှားနေပါပြီ။ ဒါဟာ ပိုက်ဆံရှိတုန်း ဖြုန်းတီးပြီး မရှိတော့မယ့် အချိန်အတွက် ကြိုတင်မပြင်ဆင်တတ်တာကို ပြနေတာပါ။

၈။ ရှေ့ရေးအတွက် အစီအစဉ်မရှိခြင်း

ဝင်ငွေရှာတယ်ဆိုတာ လက်ရှိမှာ ကောင်းကောင်းနေနိုင်ဖို့တင် မဟုတ်ဘဲ အနာဂတ်အတွက် ပြင်ဆင်ဖို့လည်း ဖြစ်ပါတယ်။ ကိုယ့်လက်တွဲဖော်ရဲ့ ငွေကြေးသုံးစွဲမှု အလေ့အထကို စိုးရိမ်နေရပြီဆိုရင် ဒါကို လျစ်လျူမရှုသင့်ပါဘူး။

ကျော့ကေခိုင်

zawgyi

ေငြေၾကးဆိုင္ရာ အဆင္ေျပညီၫြတ္မႈဟာ ေရရွည္လက္တြဲေဖာ္ ေ႐ြးခ်ယ္တဲ့အခါမွာ အရမ္းအေရးႀကီးပါတယ္။ အိမ္ေထာင္ကြဲရတဲ့ အေၾကာင္းရင္းေတြထဲမွာ ေငြ ေၾကးျပႆနာဟာ ၃၆ ရာခိုင္ႏႈန္းေက်ာ္အထိ ပါဝင္ေနတာေၾကာင့္ ကိုယ့္လက္တြဲေဖာ္မွာ ေငြေၾကးစီမံခန႔္ခြဲမႈ အားနည္းေနသလားဆိုတာကို ႀကိဳတင္သတိထားဖို႔ လိုပါတယ္။ေန႔စဥ္အျပဳအမူေတြကေနတစ္ဆင့္ သိႏိုင္တဲ့ ေငြေၾကးျပႆနာ အခ်က္ျပလကၡဏာ (၈) ခ်က္ကို ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ အရာရာကို လွ်ိဳ႕ဝွက္လြန္းျခင္း

လူတိုင္းမွာ ကိုယ္ပိုင္လြတ္လပ္ခြင့္ ရွိတာမွန္ေပမဲ့ ႏွစ္ေယာက္အတူ ခရီးသြားဖို႔ ပိုက္ဆံစုေနခ်ိန္မွာ လက္တြဲေဖာ္က သူဝယ္ထားတဲ့ ပစၥည္းေတြအေၾကာင္း လိမ္ေျပာေနတာမ်ိဳး၊ စုထားတဲ့ ပိုက္ဆံထဲက ေပ်ာက္ေနတာမ်ိဳး ဒါမွမဟုတ္ အေႂကြးကိစၥေတြကို ပြင့္ပြင့္လင္းလင္း မေျပာတာမ်ိဳးဟာ ယုံၾကည္မႈပ်က္ျပားေစတဲ့ လိမ္လည္လွည့္ ျဖားမႈရဲ႕ အစပဲ ျဖစ္ပါတယ္။

၂။ စုေဆာင္းေငြ ဒါမွမဟုတ္ ရင္းႏွီးျမႇဳပ္ႏွံမႈ လုံးဝမရွိျခင္း

ငယ္႐ြယ္စဥ္မွာ ပိုက္ဆံသိပ္မရွိတာ ျပႆနာမဟုတ္ေပမဲ့ အလုပ္အကိုင္ အဆင္ေျပရဲ႕သားနဲ႔ အၿမဲတမ္း ပိုက္ဆံမရွိသလို ျဖစ္ေနတာ၊ ကုန္က်စရိတ္ရွိမယ့္ အစီအစဥ္ေတြဆိုရင္ ဘယ္ေတာ့မွ မပါႏိုင္တာမ်ိဳးဟာ စိုးရိမ္စရာပါ။ အနည္းဆုံးေတာ့ ကိုယ္ရတဲ့ ဝင္ေငြထဲက တစ္စိတ္တစ္ပိုင္းကို စုေဆာင္းႏိုင္ရပါမယ္။ မစုႏိုင္ဘူးဆိုရင္ ေနာင္တစ္ခ်ိန္ အိမ္ဝယ္တာ၊ အိမ္ငွားတာေတြမွာ ျပႆနာတက္လာႏိုင္ပါတယ္။

၃။ ဘတ္ဂ်က္ (အသုံးစရိတ္) ကို မထိန္းႏိုင္ျခင္း

ဘတ္ဂ်က္ဆြဲတာဟာ ကိုယ့္ေငြကို ကိုယ္ထိန္းခ်ဳပ္ႏိုင္ဖို႔ အဓိကက်ပါတယ္။ ရာခိုင္ႏႈန္းေတြနဲ႔ အေသးစိတ္ႀကီး မဟုတ္ရင္ေတာင္ ကိုယ္ဘာအတြက္ ဘယ္ေလာက္သုံးမလဲဆိုတဲ့ အၾကမ္းဖ်ဥ္း အစီအစဥ္ေတာ့ ရွိရပါမယ္။ အသုံးစရိတ္ကို စနစ္တက် ေစာင့္ၾကည့္တတ္သူေတြဟာ ေငြေၾကးတည္ၿငိမ္မႈနဲ႔ စိတ္ေက်နပ္မႈကို ပိုရရွိတတ္ၾကပါတယ္။

၄။ ေခ်းငွားၿပီး ျပန္မဆပ္ျခင္း

အလုပ္လက္မဲ့ျဖစ္ခ်ိန္ ဒါမွမဟုတ္ အေရးေပၚကိစၥေတြမွာ မိဘ ဒါမွမဟုတ္ သူငယ္ခ်င္းဆီက အကူအညီယူတာ ျပႆနာမဟုတ္ေပမဲ့ အၿမဲတမ္း အကူအညီေတာင္းေနၿပီး ျပန္မဆပ္တာကေတာ့ တာဝန္မဲ့မႈနဲ႔ သူတစ္ပါးကို အမွီအခိုျပဳလြန္းတဲ့ လကၡဏာပါ။ အခုခ်ိန္မွာ ကိုယ့္ျပႆနာ မဟုတ္ေပမဲ့ ေနာင္တစ္ခ်ိန္မွာ ကိုယ့္အိတ္ကပ္ထဲက ပိုက္ဆံေတြကိုပါ အလကားရသလို သေဘာထားလာႏိုင္ပါတယ္။

၅။ ေဈးဝယ္တာကို ဝါသနာ (Hobby) လို သေဘာထားျခင္း

ႏွစ္ေယာက္အတူ ရွိေနခ်ိန္တိုင္း ဆိုင္ေတြသြားဖို႔ပဲ စဥ္းစားေနတာ ဒါမွမဟုတ္ Online ကေန ပစၥည္းေတြ အၿမဲဝယ္ေနတာဟာ အခ်က္ျပမီးနီပါပဲ။ “လိုအပ္တာ” ထက္ “လိုခ်င္တာ” ကိုပဲ ဦးစားေပးေနရင္ အသုံးစရိတ္က ထိန္းမရ ျဖစ္လာပါလိမ့္မယ္။ အပိုပစၥည္းေတြအတြက္ သုံးလိုက္တဲ့ ပိုက္ဆံေတြဟာ တကယ္အေရးႀကီးတဲ့ အခ်ိန္ က်ရင္ လိုအပ္လာႏိုင္တယ္ဆိုတာ သတိျပဳရပါမယ္။

၆။ ခရက္ဒစ္ကတ္ (Credit Cards) ေတြ အမ်ားႀကီး ရွိေနျခင္း

တကယ္လို႔ ခရက္ဒစ္ကတ္ရဲ႕ အက်ိဳးခံစားခြင့္ေတြကို ကြၽမ္းကြၽမ္းက်င္က်င္ အသုံးခ်ႏိုင္သူ မဟုတ္ရင္ ကတ္ေတြ အမ်ားႀကီး ရွိေနတာဟာ ကိုယ့္ရဲ႕ အေႂကြးပမာဏကို မ်က္ကြယ္ျပဳထားတဲ့ လကၡဏာပါ။ အေသးအဖြဲကိစၥကအစ ကတ္နဲ႔ပဲ ျခစ္သုံးေနရတယ္ဆိုရင္ သူတို႔မွာ လက္ငင္းေပးေခ်ဖို႔ ပိုက္ဆံမရွိတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ကတ္အမ်ားႀကီး ရွိေလေလ ကိုယ့္မွာ ပိုက္ဆံအမ်ားႀကီး ရွိေနတယ္လို႔ ထင္ေယာင္ထင္မွား ျဖစ္ေစေလေလပါပဲ။

၇။ ဝင္ေငြနဲ႔ ထြက္ေငြ မကိုက္ညီျခင္း

လက္တြဲေဖာ္က အလုပ္မရွိဘဲ ဒါမွမဟုတ္ အိမ္ဝယ္ဖို႔ေတာင္ အစီအစဥ္မရွိဘဲ ကားေကာင္းေကာင္း စီးတာ၊ ပစၥည္းအသစ္ေတြ အၿမဲဝယ္ေနတာမ်ိဳးဟာ တစ္ခုခုေတာ့ မွားေနပါၿပီ။ ဒါဟာ ပိုက္ဆံရွိတုန္း ျဖဳန္းတီးၿပီး မရွိေတာ့မယ့္ အခ်ိန္အတြက္ ႀကိဳတင္မျပင္ဆင္တတ္တာကို ျပေနတာပါ။

၈။ ေရွ႕ေရးအတြက္ အစီအစဥ္မရွိျခင္း

ဝင္ေငြရွာတယ္ဆိုတာ လက္ရွိမွာ ေကာင္းေကာင္းေနႏိုင္ဖို႔တင္ မဟုတ္ဘဲ အနာဂတ္အတြက္ ျပင္ဆင္ဖို႔လည္း ျဖစ္ပါတယ္။ ကိုယ့္လက္တြဲေဖာ္ရဲ႕ ေငြေၾကးသုံးစြဲမႈ အေလ့အထကို စိုးရိမ္ေနရၿပီဆိုရင္ ဒါကို လ်စ္လ်ဴမရႈသင့္ပါဘူး။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*