လုပ်ငန်းခွင်ပျော်ရွှင်မှုကို ခြိမ်းခြောက်လာတဲ့ Shift Sulking ဆိုတာ ဘာလဲ

ဒီနေ့ခေတ်မှာ “အလုပ်ထဲ စိတ်မပါတော့ဘူး”၊ “Burnout ဖြစ်နေပြီ” ဆိုတဲ့ စကားတွေက ခေတ်စားနေတာ ကြာပါပြီ။ ဒါပေမဲ့ ၂၀၂၆ ထဲကို ရောက်ခါနီးမှာ “Shift Sulking” ဆိုတဲ့ ဝေါဟာရအသစ်တစ်ခု ထပ်ထွက်လာပြန်ပါတယ်။ အထူးသဖြင့် နာရီစားနဲ့ အလုပ်လုပ်ရတဲ့သူတွေ၊ ရှေ့တန်းကနေ ဝန်ဆောင်မှုပေးရတဲ့ ဝန်ထမ်းတွေကြားမှာ ဒီရောဂါက တော်တော်လေး ပျံ့နှံ့နေတာပါ။

တကယ်တော့ Shift Sulking ဆိုတာ ဘာလဲ။ ရိုးရိုးလေး ပြောရရင်တော့ “အလုပ်မစခင်ကတည်းက စိတ်နာနေတာ” ပါပဲ။ ဥပမာ မနက်ဖြန် အလုပ်သွားရမယ်ဆိုတာကို ဒီညကတည်းက တွေးပြီး စိတ်ပျက်နေတာ၊ အလုပ်ထဲကို ခြေလှမ်းစလှမ်းလိုက်တာနဲ့ စိတ်က ပင်ပန်းပြီးသား ဖြစ်နေတာမျိုးပေါ့။အပြင်ပန်းက ကြည့်ရင်တော့ ဝန်ထမ်းက အလုပ်ကို ရောက်နေတယ်၊ ယူနီဖောင်း ဝတ်ထားတယ်။ ဒါပေမဲ့ မျက်နှာကတော့ ဘာအမူအရာမှ မရှိတော့ဘူး (ဒါကို Gen Z Stare လို့တောင် ခေါ်ကြတယ်)။ စိတ်က အလုပ်ထဲမှာ မရှိတော့ဘဲ တခြားတစ်နေရာကို ရောက်နေတာမျိုးပါ။ ဒါဟာ အပျင်းထူတာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာအရ အလုပ်အပေါ် လုံးဝ “Clocked Out” ဖြစ်သွားတာကို ပြောတာပါ။

ဘာကြောင့် ဒီလို ဖြစ်ရတာလဲ

ဒီပြဿနာက ဝန်ထမ်းတစ်ယောက်တည်းကြောင့် ဖြစ်တာ မဟုတ်ဘဲ ပတ်ဝန်းကျင်ကြောင့် ဖြစ်တာပါ။အလုပ်ချိန်က မှန်းလို့မရတာ.. ဒီအပတ် ဘယ်နှစ်ရက် ဆင်းရမလဲ၊ ဘယ်အချိန် ပြန်ရမလဲဆိုတာ တိတိကျကျ မသိရတဲ့အခါ ဝန်ထမ်းတွေမှာ စိတ်ပင်ပန်းမှု စတင်လာပါတယ်။လူနည်းနည်းနဲ့ အလုပ်တွေ အများကြီး ခိုင်းတာကြောင့်လည်း ပါပါတယ်။ ဝန်ထမ်း မလုံလောက်ဘဲ ရှိတဲ့သူကိုပဲ ဖိခိုင်းနေတာက “Shift Sulking” ဖြစ်ဖို့ အဓိက အကြောင်းရင်းပါပဲ။နောက်တချက်က အသိအမှတ် မပြုခံရတာပါ။ ပင်ပန်းရကျိုး မနပ်ဘူးလို့ ခံစားရတာ၊ ငါဘာပဲလုပ်လုပ် အလုပ်ရှင်က ဂရုမစိုက်ပါဘူးလို့ ထင်လာတဲ့အခါ စိတ်ဓာတ်က ကျသွားတာပါပဲ။

အလုပ်ရှင်တွေ ဘာကြောင့် သတိထားသင့်လဲ

ဝန်ထမ်းတွေ စိတ်မပါတော့ရင် ဆိုင်ကို လာတဲ့ Customer တွေက အရင်ဆုံး သိပါတယ်။ အရင်ဆုံး ခံစားရပါတယ်။ ဝန်ဆောင်မှုတွေ ညံ့လာမယ်၊ အမှားအယွင်းတွေ များလာမယ်။ ဒါဟာ ဆိုင်ရဲ့ နာမည်နဲ့ ဝင်ငွေကို တိုက်ရိုက် ထိခိုက်စေပါတယ်။

ဒါကို ဘယ်လို ပြန်ပြင်ကြမလဲ

ဒီပြဿနာကို ဖြေရှင်းဖို့က ပီဇာကျွေးရုံ၊ အားပေးစကား ပြောရုံနဲ့ မရတော့ပါဘူး။ လက်တွေ့ကျကျ ပြောင်းလဲဖို့ လိုလာပါတယ်။ ဒီအချက်သုံးချက်ကို သုံးပြီး ပြင်ဆင်နိုင်ပါတယ်။

အလုပ်ချိန်ကို သေချာ သတ်မှတ်ပေးပါ

နည်းပညာကို သုံးပြီး ဝန်ထမ်းတွေ အဆင်ပြေမယ့် အလုပ်ချိန်မျိုး ဖြစ်အောင် လုပ်ပေးရပါမယ်။

နားထောင်ပေးပါ

ဝန်ထမ်းတွေ ဘာအခက်အခဲ ရှိနေလဲဆိုတာကို ပွင့်ပွင့်လင်းလင်း မေးမြန်းပြီး တကယ် ကူညီပေးဖို့ လိုပါတယ်။

တန်ဖိုးထားပါ

သူတို့လုပ်နေတဲ့ အလုပ်က အရေးကြီးတယ်ဆိုတာကို သိအောင် လုပ်ပေးပြီး၊ အလုပ်နဲ့ ဘဝ မျှတအောင် (Work-life balance) ဖန်တီးပေးရပါမယ်။

Shift Sulking ဆိုတာ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတစ်ခုလို ဖြစ်နေပါပြီ။ ၂၀၂၆ မှာ အလုပ်သမားတွေဟာ ပိုက်ဆံရရုံနဲ့ မဟုတ်ဘဲ “လူသားဆန်ဆန် ဆက် ဆံခံရမှု” နဲ့ “စိတ်အေးချမ်းမှု” ကို ပိုတောင်းဆိုလာကြမှာပါ။ အလုပ်ရှင်တွေအနေနဲ့ ဝန်ထမ်းတွေကို စက်ရုပ်လို မဟုတ်ဘဲ လူသားလို တန်ဖိုးထားမှသာ ဒီပြဿနာကို ကျော်လွှားနိုင်ပါလိမ့်မယ်။

ကျော့ကေခိုင်

zawgyi

ဒီေန႔ေခတ္မွာ “အလုပ္ထဲ စိတ္မပါေတာ့ဘူး”၊ “Burnout ျဖစ္ေနၿပီ” ဆိုတဲ့ စကားေတြက ေခတ္စားေနတာ ၾကာပါၿပီ။ ဒါေပမဲ့ ၂၀၂၆ ထဲကို ေရာက္ခါနီးမွာ “Shift Sulking” ဆိုတဲ့ ေဝါဟာရအသစ္တစ္ခု ထပ္ထြက္လာျပန္ပါတယ္။ အထူးသျဖင့္ နာရီစားနဲ႔ အလုပ္လုပ္ရတဲ့သူေတြ၊ ေရွ႕တန္းကေန ဝန္ေဆာင္မႈေပးရတဲ့ ဝန္ထမ္းေတြၾကားမွာ ဒီေရာဂါက ေတာ္ေတာ္ေလး ပ်ံ႕ႏွံ႔ေနတာပါ။

တကယ္ေတာ့ Shift Sulking ဆိုတာ ဘာလဲ။ ႐ိုး႐ိုးေလး ေျပာရရင္ေတာ့ “အလုပ္မစခင္ကတည္းက စိတ္နာေနတာ” ပါပဲ။ ဥပမာ မနက္ျဖန္ အလုပ္သြားရမယ္ဆိုတာကို ဒီညကတည္းက ေတြးၿပီး စိတ္ပ်က္ေနတာ၊ အလုပ္ထဲကို ေျခလွမ္းစလွမ္းလိုက္တာနဲ႔ စိတ္က ပင္ပန္းၿပီးသား ျဖစ္ေနတာမ်ိဳးေပါ့။အျပင္ပန္းက ၾကည့္ရင္ေတာ့ ဝန္ထမ္းက အလုပ္ကို ေရာက္ေနတယ္၊ ယူနီေဖာင္း ဝတ္ထားတယ္။ ဒါေပမဲ့ မ်က္ႏွာကေတာ့ ဘာအမူအရာမွ မရွိေတာ့ဘူး (ဒါကို Gen Z Stare လို႔ေတာင္ ေခၚၾကတယ္)။ စိတ္က အလုပ္ထဲမွာ မရွိေတာ့ဘဲ တျခားတစ္ေနရာကို ေရာက္ေနတာမ်ိဳးပါ။ ဒါဟာ အပ်င္းထူတာ မဟုတ္ဘဲ စိတ္ပိုင္းဆိုင္ရာအရ အလုပ္အေပၚ လုံးဝ “Clocked Out” ျဖစ္သြားတာကို ေျပာတာပါ။

ဘာေၾကာင့္ ဒီလို ျဖစ္ရတာလဲ

ဒီျပႆနာက ဝန္ထမ္းတစ္ေယာက္တည္းေၾကာင့္ ျဖစ္တာ မဟုတ္ဘဲ ပတ္ဝန္းက်င္ေၾကာင့္ ျဖစ္တာပါ။အလုပ္ခ်ိန္က မွန္းလို႔မရတာ.. ဒီအပတ္ ဘယ္ႏွစ္ရက္ ဆင္းရမလဲ၊ ဘယ္အခ်ိန္ ျပန္ရမလဲဆိုတာ တိတိက်က် မသိရတဲ့အခါ ဝန္ထမ္းေတြမွာ စိတ္ပင္ပန္းမႈ စတင္လာပါတယ္။လူနည္းနည္းနဲ႔ အလုပ္ေတြ အမ်ားႀကီး ခိုင္းတာေၾကာင့္လည္း ပါပါတယ္။ ဝန္ထမ္း မလုံေလာက္ဘဲ ရွိတဲ့သူကိုပဲ ဖိခိုင္းေနတာက “Shift Sulking” ျဖစ္ဖို႔ အဓိက အေၾကာင္းရင္းပါပဲ။ေနာက္တခ်က္က အသိအမွတ္ မျပဳခံရတာပါ။ ပင္ပန္းရက်ိဳး မနပ္ဘူးလို႔ ခံစားရတာ၊ ငါဘာပဲလုပ္လုပ္ အလုပ္ရွင္က ဂ႐ုမစိုက္ပါဘူးလို႔ ထင္လာတဲ့အခါ စိတ္ဓာတ္က က်သြားတာပါပဲ။

အလုပ္ရွင္ေတြ ဘာေၾကာင့္ သတိထားသင့္လဲ

ဝန္ထမ္းေတြ စိတ္မပါေတာ့ရင္ ဆိုင္ကို လာတဲ့ Customer ေတြက အရင္ဆုံး သိပါတယ္။ အရင္ဆုံး ခံစားရပါတယ္။ ဝန္ေဆာင္မႈေတြ ညံ့လာမယ္၊ အမွားအယြင္းေတြ မ်ားလာမယ္။ ဒါဟာ ဆိုင္ရဲ႕ နာမည္နဲ႔ ဝင္ေငြကို တိုက္႐ိုက္ ထိခိုက္ေစပါတယ္။

ဒါကို ဘယ္လို ျပန္ျပင္ၾကမလဲ

ဒီျပႆနာကို ေျဖရွင္းဖို႔က ပီဇာေကြၽး႐ုံ၊ အားေပးစကား ေျပာ႐ုံနဲ႔ မရေတာ့ပါဘူး။ လက္ေတြ႕က်က် ေျပာင္းလဲဖို႔ လိုလာပါတယ္။ ဒီအခ်က္သုံးခ်က္ကို သုံးၿပီး ျပင္ဆင္ႏိုင္ပါတယ္။

အလုပ္ခ်ိန္ကို ေသခ်ာ သတ္မွတ္ေပးပါ

နည္းပညာကို သုံးၿပီး ဝန္ထမ္းေတြ အဆင္ေျပမယ့္ အလုပ္ခ်ိန္မ်ိဳး ျဖစ္ေအာင္ လုပ္ေပးရပါမယ္။

နားေထာင္ေပးပါ

ဝန္ထမ္းေတြ ဘာအခက္အခဲ ရွိေနလဲဆိုတာကို ပြင့္ပြင့္လင္းလင္း ေမးျမန္းၿပီး တကယ္ ကူညီေပးဖို႔ လိုပါတယ္။

တန္ဖိုးထားပါ

သူတို႔လုပ္ေနတဲ့ အလုပ္က အေရးႀကီးတယ္ဆိုတာကို သိေအာင္ လုပ္ေပးၿပီး၊ အလုပ္နဲ႔ ဘဝ မွ်တေအာင္ (Work-life balance) ဖန္တီးေပးရပါမယ္။

Shift Sulking ဆိုတာ ဝန္ထမ္းေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ ဒဏ္ရာတစ္ခုလို ျဖစ္ေနပါၿပီ။ ၂၀၂၆ မွာ အလုပ္သမားေတြဟာ ပိုက္ဆံရ႐ုံနဲ႔ မဟုတ္ဘဲ “လူသားဆန္ဆန္ ဆက္ ဆံခံရမႈ” နဲ႔ “စိတ္ေအးခ်မ္းမႈ” ကို ပိုေတာင္းဆိုလာၾကမွာပါ။ အလုပ္ရွင္ေတြအေနနဲ႔ ဝန္ထမ္းေတြကို စက္႐ုပ္လို မဟုတ္ဘဲ လူသားလို တန္ဖိုးထားမွသာ ဒီျပႆနာကို ေက်ာ္လႊားႏိုင္ပါလိမ့္မယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*