၂၀၂၆ ခုနှစ်မှာ ငွေဝင်ကြမ်းပြီး ကံကောင်းမယ့် ရာသီခွင် (၄)ခု

၂၀၂၆ ထဲမှာ ကံကောင်းခြင်းနဲ့ ကြွယ်ဝခြင်းကို ဆောင်ကြဉ်းပေးတဲ့ ဂျူပီတာ (ကြာသပတေးဂြိုဟ်) ရဲ့ အစွမ်းကြောင့် အလုပ်အကိုင်တွေ ပြောင်းလဲတာပဲဖြစ်ဖြစ်၊ ရာထူးတက်တာပဲဖြစ်ဖြစ် စီးပွားရေးအရ အကြီးအကျယ် အောင်မြင်မယ့် ရာသီဖွားတွေကတော့ ဒီရာသီခွင် ၄ ခုပဲဖြစ်ပါတယ်။

၁။ Gemini                                                                                                                                                                                                                                မေထုန်ရာသီဖွားတွေအတွက် ၂၀၂၆ ဟာ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေ တိုးပွားမယ့်နှစ်ပါ။ မတ်လ ၁၁ ရက်နေ့အထိတော့ ကံကောင်းခြင်းဂြိုဟ်က ခေတ္တရပ်တန့်နေသလို ဖြစ်နေပေမဲ့ အဲ့ဒီနောက်ပိုင်းမှာတော့ အခြေအနေတွေက တဟုန်ထိုး ကောင်းလာပါလိမ့်မယ်။ အထူးသဖြင့် ဇွန်လထဲမှာ ငွေကြေးဂြိုဟ်ဖြစ်တဲ့ သောကြာဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်တို့ ဆုံတဲ့အခါမှာတော့ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေနဲ့အတူ အကြီးအကျယ် ငွေဝင်ဖို့ ရှိနေပါတယ်။

၂။ Cancer
Cancer ရာသီဖွားတွေကတော့ ၂၀၂၆ မှာ ငွေရှာတဲ့ပုံစံကို အကောင်းဘက်ကနေ အကြီးအကျယ် ပြောင်းလဲပစ်နိုင်ပါလိမ့်မယ်။ နှစ်ဝက်နောက်ပိုင်းမှာ ငွေဝင်ပေါက်တွေ ပိုကျယ်လာပြီး အရင်က ကြိုးစားခဲ့သမျှတွေအတွက် အသီးအပွင့် ခံစားရမယ့်အချိန်ပါ။ ရင်းနှီးမြှုပ်နှံမှုတွေကနေလည်း အကျိုးအမြတ်တွေ အများကြီး ပြန်ရနိုင်ခြေ ရှိနေပါတယ်။

၃။ Sagittarius
ဓနုရာသီဖွားတွေကျတော့ ကိုယ်တိုင်ပင်ပင်ပန်းပန်း လုပ်ရတာထက် တခြားသူတွေဆီကနေတစ်ဆင့် ငွေဝင်တာမျိုး၊ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတွေကနေ အကျိုးအ မြတ်ရတာမျိုး ဖြစ်တတ်ပါတယ်။ အလုပ်မလုပ်ဘဲ ဝင်နေမယ့် ဝင်ငွေ (Passive Income) မျိုး ဒါမှမဟုတ် အမွေရတာမျိုးတောင် ဖြစ်နိုင်ပါတယ်။ သတိထားရမှာကတော့ ရလာတဲ့ပိုက်ဆံကို စနစ်တကျ သုံးစွဲဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုအကြောင်း ပိုလေ့လာထားဖို့ လိုပါမယ်။

၄။ Capricorn
မကာရရာသီဖွားတွေအတွက် ၂၀၂၆ ဟာ အိမ်ထောင်ဖက်ကြောင့်ပဲဖြစ်ဖြစ်၊ စီးပွားဖက်ကြောင့်ပဲဖြစ်ဖြစ် ပိုင်ဆိုင်မှုတွေ အကြီးအကျယ် တိုးပွားမယ့်နှစ်ပါ။ အထူးသ ဖြင့် နှစ်ဝက်နောက်ပိုင်းမှာ စည်းစိမ်ဥစ္စာတွေ သိသိသာသာ တိုးလာပြီး ငွေကြေးအာဏာ ပိုရှိလာပါလိမ့်မယ်။ ဒီနှစ်ထဲမှာ စနစ်တကျ စုဆောင်းတာ၊ ရင်းနှီးမြှုပ်နှံတာမျိုး လုပ်မယ်ဆိုရင်တော့ စီးပွားရေးအရ အရှိန်အဟုန်နဲ့ တိုးတက်မယ့် နှစ်တစ်နှစ် ဖြစ်လာမှာပါ။

အနှစ်ချုပ်ပြောရရင် ဒီရာသီဖွား ၄ ခုကတော့ ၂၀၂၆ မှာ ငွေကြေးကံ အကောင်းဆုံး လူတွေပါပဲ။ မိမိရဲ့ ရာသီခွင်အလိုက် ကံကောင်းခြင်းတွေကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။

ကျော့ကေခိုင်

zawgyi

၂၀၂၆ ထဲမွာ ကံေကာင္းျခင္းနဲ႔ ႂကြယ္ဝျခင္းကို ေဆာင္ၾကဥ္းေပးတဲ့ ဂ်ဴပီတာ (ၾကာသပေတးၿဂိဳဟ္) ရဲ႕ အစြမ္းေၾကာင့္ အလုပ္အကိုင္ေတြ ေျပာင္းလဲတာပဲျဖစ္ျဖစ္၊ ရာထူးတက္တာပဲျဖစ္ျဖစ္ စီးပြားေရးအရ အႀကီးအက်ယ္ ေအာင္ျမင္မယ့္ ရာသီဖြားေတြကေတာ့ ဒီရာသီခြင္ ၄ ခုပဲျဖစ္ပါတယ္။

၁။ Gemini                                                                                                                                                                                                                                ေမထုန္ရာသီဖြားေတြအတြက္ ၂၀၂၆ ဟာ ေငြေၾကးနဲ႔ ပိုင္ဆိုင္မႈေတြ တိုးပြားမယ့္ႏွစ္ပါ။ မတ္လ ၁၁ ရက္ေန႔အထိေတာ့ ကံေကာင္းျခင္းၿဂိဳဟ္က ေခတၱရပ္တန႔္ေနသလို ျဖစ္ေနေပမဲ့ အဲ့ဒီေနာက္ပိုင္းမွာေတာ့ အေျခအေနေတြက တဟုန္ထိုး ေကာင္းလာပါလိမ့္မယ္။ အထူးသျဖင့္ ဇြန္လထဲမွာ ေငြေၾကးၿဂိဳဟ္ျဖစ္တဲ့ ေသာၾကာၿဂိဳဟ္နဲ႔ ၾကာသပေတးၿဂိဳဟ္တို႔ ဆုံတဲ့အခါမွာေတာ့ အလုပ္အကိုင္ အခြင့္အလမ္းသစ္ေတြနဲ႔အတူ အႀကီးအက်ယ္ ေငြဝင္ဖို႔ ရွိေနပါတယ္။

၂။ Cancer
Cancer ရာသီဖြားေတြကေတာ့ ၂၀၂၆ မွာ ေငြရွာတဲ့ပုံစံကို အေကာင္းဘက္ကေန အႀကီးအက်ယ္ ေျပာင္းလဲပစ္ႏိုင္ပါလိမ့္မယ္။ ႏွစ္ဝက္ေနာက္ပိုင္းမွာ ေငြဝင္ေပါက္ေတြ ပိုက်ယ္လာၿပီး အရင္က ႀကိဳးစားခဲ့သမွ်ေတြအတြက္ အသီးအပြင့္ ခံစားရမယ့္အခ်ိန္ပါ။ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကေနလည္း အက်ိဳးအျမတ္ေတြ အမ်ားႀကီး ျပန္ရႏိုင္ေျခ ရွိေနပါတယ္။

၃။ Sagittarius
ဓႏုရာသီဖြားေတြက်ေတာ့ ကိုယ္တိုင္ပင္ပင္ပန္းပန္း လုပ္ရတာထက္ တျခားသူေတြဆီကေနတစ္ဆင့္ ေငြဝင္တာမ်ိဳး၊ ဒါမွမဟုတ္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကေန အက်ိဳးအ ျမတ္ရတာမ်ိဳး ျဖစ္တတ္ပါတယ္။ အလုပ္မလုပ္ဘဲ ဝင္ေနမယ့္ ဝင္ေငြ (Passive Income) မ်ိဳး ဒါမွမဟုတ္ အေမြရတာမ်ိဳးေတာင္ ျဖစ္ႏိုင္ပါတယ္။ သတိထားရမွာကေတာ့ ရလာတဲ့ပိုက္ဆံကို စနစ္တက် သုံးစြဲဖို႔နဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈအေၾကာင္း ပိုေလ့လာထားဖို႔ လိုပါမယ္။

၄။ Capricorn
မကာရရာသီဖြားေတြအတြက္ ၂၀၂၆ ဟာ အိမ္ေထာင္ဖက္ေၾကာင့္ပဲျဖစ္ျဖစ္၊ စီးပြားဖက္ေၾကာင့္ပဲျဖစ္ျဖစ္ ပိုင္ဆိုင္မႈေတြ အႀကီးအက်ယ္ တိုးပြားမယ့္ႏွစ္ပါ။ အထူးသ ျဖင့္ ႏွစ္ဝက္ေနာက္ပိုင္းမွာ စည္းစိမ္ဥစၥာေတြ သိသိသာသာ တိုးလာၿပီး ေငြေၾကးအာဏာ ပိုရွိလာပါလိမ့္မယ္။ ဒီႏွစ္ထဲမွာ စနစ္တက် စုေဆာင္းတာ၊ ရင္းႏွီးျမႇဳပ္ႏွံတာမ်ိဳး လုပ္မယ္ဆိုရင္ေတာ့ စီးပြားေရးအရ အရွိန္အဟုန္နဲ႔ တိုးတက္မယ့္ ႏွစ္တစ္ႏွစ္ ျဖစ္လာမွာပါ။

အႏွစ္ခ်ဳပ္ေျပာရရင္ ဒီရာသီဖြား ၄ ခုကေတာ့ ၂၀၂၆ မွာ ေငြေၾကးကံ အေကာင္းဆုံး လူေတြပါပဲ။ မိမိရဲ႕ ရာသီခြင္အလိုက္ ကံေကာင္းျခင္းေတြကို အမိအရ ဆုပ္ကိုင္ႏိုင္ဖို႔ ျပင္ဆင္ထားသင့္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*