AI ခေတ် အလုပ်အကိုင်လိမ်ညာမှုတွေကို ဘယ်လိုတုံ့ပြန်မလဲ

ဒီနေ့ခေတ်မှာ အလုပ်ရှာရတာတင် မဟုတ်ဘဲ အလုပ်ခန့်ရတာပါ တော်တော်လေး ခေါင်းစားစရာ ဖြစ်လာပါတယ်။ အဓိက တရားခံကတော့ အားလုံး သိကြတဲ့ AI (Artificial Intelligence) ပါပဲ။ AI က အလုပ်အကိုင်လောကကို အများကြီး အထောက်အကူပြုသလိုပဲ၊ တစ်ဖက်မှာလည်း “အလုပ်လျှောက်သူ အတုအယောင်” တွေ ဖန်တီးဖို့အတွက် လိမ်ညာသူတွေရဲ့ လက်နက်ကောင်းတစ်ခု ဖြစ်လာပါတယ်။

ခေါင်းစဉ်နဲ့ပတ်သက်ပြီး သတိထားရမယ့်အချက်တွေကို ဒီဆောင်းပါးမှာ ဆွေးနွေးကြည့်ရအောင်ပါ။

အလုပ်လျှောက်သူတွေ ဘယ်လို လိမ်နေကြသလဲ

အခုနောက်ပိုင်းမှာ အလုပ်လျှောက်လွှာတင်တာကအစ အင်တာဗျူးဖြေတာအထိ AI ကို နည်းမျိုးစုံနဲ့ သုံးပြီး လိမ်လာကြပါတယ်။Resume အတုများသုံးပြီး လိမ်ကြတယ်။ AI သုံး ပြီး ကုမ္ပဏီက လိုချင်တဲ့ Keyword တွေနဲ့ ကွက်တိကိုက်အောင် ရေးထားပေမဲ့ တကယ်တမ်း လုပ်ငန်းခွင်မှာ ဘာမှမလုပ်တတ်တာမျိုးတွေရှိလာပါတယ်။

ဒုတိယအချက်က Deepfake အင်တာဗျူးပါ။ ဗီဒီယိုကောနဲ့ အင်တာဗျူးတဲ့အခါ တခြားသူတစ်ယောက်ရဲ့ မျက်နှာ ဒါမှမဟုတ် AI နဲ့ ဖန်တီးထားတဲ့ ရုပ်ပုံကိုသုံးပြီး လူစားထိုး ဖြေဆိုတာမျိုး လိမ်လည်လာကြတာပါ။

နံပါတ်သုံးအချက်ကတော့ အကောင့်အတုများနဲ့ လိမ်လည်တာပါ။ LinkedIn လိုမျိုး Social Media တွေမှာ အတွေ့အကြုံတွေ အများကြီးရှိသယောင် အကောင့်အတုတွေ ဖန်တီးပြီး အလုပ်လျှောက်တာမျိုးတွေ ရှိလာပါတယ်။

ဒီလိုလိမ်ညာမှုတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အဖြေကလည်း တဖက်မှာရှိနေပါတယ်။

နည်းပညာကို နည်းပညာနဲ့ပြန်တိုက်ခြင်း (The Tofu Strategy)

လိမ်ညာသူတွေက AI သုံးရင် ဒီဘက်ကလည်း AI နဲ့ပဲ ပြန်စစ်ဖို့ လိုလာပါတယ်။ ဥပမာ- Tofu လို Startup မျိုးတွေက အလုပ်လျှောက်သူရဲ့ Social Media Profile တွေကို AI နဲ့ ပြန်စစ်ပါတယ်။သူ့ရဲ့ LinkedIn အကောင့်က ဘယ်တုန်းက ဖွင့်ထားတာလဲ။ Connection တွေက လူအစစ်တွေလား။ သူ့ရဲ့ Activity တွေက သဘာဝ ကျရဲ့လား။ဒီလို Metadata တွေကို စစ်ဆေးခြင်းအားဖြင့် လူအစစ်လား၊ AI ဖန်တီးထားတဲ့ Bot လားဆိုတာ ခွဲခြားနိုင်ပါတယ်။

ကုမ္ပဏီတွေနဲ့ HR တွေ ဘယ်လို ပြင်ဆင်ရမလဲ

ဒီလို လိမ်ညာမှုတွေကို တုံ့ပြန်ဖို့အတွက် နည်းလမ်းအဟောင်းတွေနဲ့ပဲ သွားလို့ မရတော့ပါဘူး။ Video Interview ထက် ကိုယ်တိုင်တွေ့ဆုံခြင်းက ဒီအခြေအနေတွေအတွက် အကာအကွယ်ဖြစ်စေပါတယ်။ တတ်နိုင်သမျှ Final အဆင့်မှာ လူကိုယ်တိုင် (In-person) တွေ့ဆုံဖို့ ကြိုးစားပါ။ မရဘူးဆိုရင်လည်း အင်တာဗျူးနေစဉ်အတွင်း မမျှော်လင့်ထားတဲ့ မေးခွန်းတွေ မေးတာမျိုး၊ တိုက်ရိုက် လက်တွေ့စမ်းသပ်တာမျိုး (Live Task) လုပ်သင့်ပါတယ်။နောက်တချက်က Identity Verification လုပ်တာပါ။ အလုပ်မခန့်ခင်မှာ မှတ်ပုံတင် ဒါမှမဟုတ် တရားဝင် အထောက်အထားတွေကို AI စနစ်သုံး စစ်ဆေးတဲ့ Software တွေနဲ့ သေချာစစ်ဆေးဖို့ လိုပါတယ်။
နောက်ပြီး Background Check ကို ပိုတင်းကြပ်ခြင်းပါပဲ။ အရင်က လုပ်ခဲ့ဖူးတယ်ဆိုတဲ့ ကုမ္ပဏီတွေကို ဖုန်းဆက်မေးတာမျိုးတင် မဟုတ်ဘဲ၊ အဲ့ဒီလူရဲ့ Digital Footprint (အင်တာနက်ပေါ်က ခြေရာလက်ရာ) တွေကို သေချာ စိစစ်ရပါမယ်။

အလုပ်ရှာသူတွေအတွက် သတိပေးချက်

တကယ်အလုပ်လုပ်ချင်တဲ့သူတွေအနေနဲ့လည်း AI ကို အလွန်အကျွံသုံးပြီး ကိုယ့်ရဲ့ အရည်အချင်းကို လိမ်ညာတင်ပြတာမျိုး ရှောင်သင့်ပါတယ်။ အခုဆိုရင် ကုမ္ပဏီတွေက AI နဲ့ ရေးထားတဲ့ CV တွေကို သိနိုင်တဲ့ Tool တွေ သုံးနေပြီဖြစ်လို့ ကိုယ့်ရဲ့ “Personal Touch” (ကိုယ်ပိုင်ဟန်) ပါဖို့က အရင်ကထက် ပိုအရေးကြီးလာပါတယ်။ AI ခေတ်မှာ အလုပ်ရဖို့တင် မဟုတ်ဘဲ “လူအစစ်” ဖြစ်ဖို့ကပါ စိန်ခေါ်မှု တစ်ခု ဖြစ်လာပါတယ်။ လိမ်ညာမှုတွေက ပိုပြီး ပါးနပ်လာတဲ့အတွက် ကုမ္ပဏီတွေဘက်ကလည်း Tofu လိုမျိုး Identity Layer စစ်ဆေးပေးတဲ့ နည်းပညာသစ်တွေကို အားကိုးဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

ဒီေန႔ေခတ္မွာ အလုပ္ရွာရတာတင္ မဟုတ္ဘဲ အလုပ္ခန႔္ရတာပါ ေတာ္ေတာ္ေလး ေခါင္းစားစရာ ျဖစ္လာပါတယ္။ အဓိက တရားခံကေတာ့ အားလုံး သိၾကတဲ့ AI (Artificial Intelligence) ပါပဲ။ AI က အလုပ္အကိုင္ေလာကကို အမ်ားႀကီး အေထာက္အကူျပဳသလိုပဲ၊ တစ္ဖက္မွာလည္း “အလုပ္ေလွ်ာက္သူ အတုအေယာင္” ေတြ ဖန္တီးဖို႔အတြက္ လိမ္ညာသူေတြရဲ႕ လက္နက္ေကာင္းတစ္ခု ျဖစ္လာပါတယ္။

ေခါင္းစဥ္နဲ႔ပတ္သက္ၿပီး သတိထားရမယ့္အခ်က္ေတြကို ဒီေဆာင္းပါးမွာ ေဆြးေႏြးၾကည့္ရေအာင္ပါ။

အလုပ္ေလွ်ာက္သူေတြ ဘယ္လို လိမ္ေနၾကသလဲ

အခုေနာက္ပိုင္းမွာ အလုပ္ေလွ်ာက္လႊာတင္တာကအစ အင္တာဗ်ဴးေျဖတာအထိ AI ကို နည္းမ်ိဳးစုံနဲ႔ သုံးၿပီး လိမ္လာၾကပါတယ္။Resume အတုမ်ားသုံးၿပီး လိမ္ၾကတယ္။ AI သုံး ၿပီး ကုမၸဏီက လိုခ်င္တဲ့ Keyword ေတြနဲ႔ ကြက္တိကိုက္ေအာင္ ေရးထားေပမဲ့ တကယ္တမ္း လုပ္ငန္းခြင္မွာ ဘာမွမလုပ္တတ္တာမ်ိဳးေတြရွိလာပါတယ္။

ဒုတိယအခ်က္Dက eepfake အင္တာဗ်ဴးပါ။ ဗီဒီယိုေကာနဲ႔ အင္တာဗ်ဴးတဲ့အခါ တျခားသူတစ္ေယာက္ရဲ႕ မ်က္ႏွာ ဒါမွမဟုတ္ AI နဲ႔ ဖန္တီးထားတဲ့ ႐ုပ္ပုံကိုသုံးၿပီး လူစားထိုး ေျဖဆိုတာမ်ိဳး လိမ္လည္လာၾကတာပါ။

နံပါတ္သုံးအခ်က္ကေတာ့ အေကာင့္အတုမ်ားနဲ႔ လိမ္လည္တာပါ။ LinkedIn လိုမ်ိဳး Social Media ေတြမွာ အေတြ႕အႀကဳံေတြ အမ်ားႀကီးရွိသေယာင္ အေကာင့္အတုေတြ ဖန္တီးၿပီး အလုပ္ေလွ်ာက္တာမ်ိဳးေတြ ရွိလာပါတယ္။

ဒီလိုလိမ္ညာမႈေတြကို ဘယ္လိုေျဖရွင္းမလဲဆိုတဲ့ အေျဖကလည္း တဖက္မွာရွိေနပါတယ္။

နည္းပညာကို နည္းပညာနဲ႔ျပန္တိုက္ျခင္း (The Tofu Strategy)

လိမ္ညာသူေတြက AI သုံးရင္ ဒီဘက္ကလည္း AI နဲ႔ပဲ ျပန္စစ္ဖို႔ လိုလာပါတယ္။ ဥပမာ- Tofu လို Startup မ်ိဳးေတြက အလုပ္ေလွ်ာက္သူရဲ႕ Social Media Profile ေတြကို AI နဲ႔ ျပန္စစ္ပါတယ္။သူ႔ရဲ႕ LinkedIn အေကာင့္က ဘယ္တုန္းက ဖြင့္ထားတာလဲ။ Connection ေတြက လူအစစ္ေတြလား။ သူ႔ရဲ႕ Activity ေတြက သဘာဝ က်ရဲ႕လား။ဒီလို Metadata ေတြကို စစ္ေဆးျခင္းအားျဖင့္ လူအစစ္လား၊ AI ဖန္တီးထားတဲ့ Bot လားဆိုတာ ခြဲျခားႏိုင္ပါတယ္။

ကုမၸဏီေတြနဲ႔ HR ေတြ ဘယ္လို ျပင္ဆင္ရမလဲ

ဒီလို လိမ္ညာမႈေတြကို တုံ႔ျပန္ဖို႔အတြက္ နည္းလမ္းအေဟာင္းေတြနဲ႔ပဲ သြားလို႔ မရေတာ့ပါဘူး။ Video Interview ထက္ ကိုယ္တိုင္ေတြ႕ဆုံျခင္းက ဒီအေျခအေနေတြအတြက္ အကာအကြယ္ျဖစ္ေစပါတယ္။ တတ္ႏိုင္သမွ် Final အဆင့္မွာ လူကိုယ္တိုင္ (In-person) ေတြ႕ဆုံဖို႔ ႀကိဳးစားပါ။ မရဘူးဆိုရင္လည္း အင္တာဗ်ဴးေနစဥ္အတြင္း မေမွ်ာ္လင့္ထားတဲ့ ေမးခြန္းေတြ ေမးတာမ်ိဳး၊ တိုက္႐ိုက္ လက္ေတြ႕စမ္းသပ္တာမ်ိဳး (Live Task) လုပ္သင့္ပါတယ္။ေနာက္တခ်က္က Identity Verification လုပ္တာပါ။ အလုပ္မခန႔္ခင္မွာ မွတ္ပုံတင္ ဒါမွမဟုတ္ တရားဝင္ အေထာက္အထားေတြကို AI စနစ္သုံး စစ္ေဆးတဲ့ Software ေတြနဲ႔ ေသခ်ာစစ္ေဆးဖို႔ လိုပါတယ္။
ေနာက္ၿပီး Background Check ကို ပိုတင္းၾကပ္ျခင္းပါပဲ။ အရင္က လုပ္ခဲ့ဖူးတယ္ဆိုတဲ့ ကုမၸဏီေတြကို ဖုန္းဆက္ေမးတာမ်ိဳးတင္ မဟုတ္ဘဲ၊ အဲ့ဒီလူရဲ႕ Digital Footprint (အင္တာနက္ေပၚက ေျခရာလက္ရာ) ေတြကို ေသခ်ာ စိစစ္ရပါမယ္။

အလုပ္ရွာသူေတြအတြက္ သတိေပးခ်က္

တကယ္အလုပ္လုပ္ခ်င္တဲ့သူေတြအေနနဲ႔လည္း AI ကို အလြန္အကြၽံသုံးၿပီး ကိုယ့္ရဲ႕ အရည္အခ်င္းကို လိမ္ညာတင္ျပတာမ်ိဳး ေရွာင္သင့္ပါတယ္။ အခုဆိုရင္ ကုမၸဏီေတြက AI နဲ႔ ေရးထားတဲ့ CV ေတြကို သိႏိုင္တဲ့ Tool ေတြ သုံးေနၿပီျဖစ္လို႔ ကိုယ့္ရဲ႕ “Personal Touch” (ကိုယ္ပိုင္ဟန္) ပါဖို႔က အရင္ကထက္ ပိုအေရးႀကီးလာပါတယ္။ AI ေခတ္မွာ အလုပ္ရဖို႔တင္ မဟုတ္ဘဲ “လူအစစ္” ျဖစ္ဖို႔ကပါ စိန္ေခၚမႈ တစ္ခု ျဖစ္လာပါတယ္။ လိမ္ညာမႈေတြက ပိုၿပီး ပါးနပ္လာတဲ့အတြက္ ကုမၸဏီေတြဘက္ကလည္း Tofu လိုမ်ိဳး Identity Layer စစ္ေဆးေပးတဲ့ နည္းပညာသစ္ေတြကို အားကိုးဖို႔ လိုအပ္လာၿပီ ျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*