လုပ်ငန်းတာဝန်လွှဲအပ်ခြင်းနဲ့ ခေါင်းဆောင်မှုအရေးပါပုံ

လုပ်ငန်းတာဝန်များကို လွှဲအပ်နိုင်တာကလည်း အရေးကြီးတဲ့ခေါင်းဆောင်မှုစွမ်းရည်ဖြစ်ပါတယ်။ ထိရောက်တဲ့ မန်နေဂျာများက အောင် မြင်မှုရရှိစေဖို့အလုပ်တာတန်တွေကို ဘယ်လိုလွှဲအပ်ရမလဲဆိုတာကိုသိဖို့ လိုအပ်ပါတယ်။တခါတလေမှာ လုပ်ငန်းတာဝန်လွှဲအပ်တာက အကြောင်းအမျိုးမျိုးကြောင့်အခက်အခဲရှိနိုင်ပါတယ်။

ပထမဆုံးအရေးကြီးတဲ့အချက်ကတော့ သင့်အဖွဲ့ကို ယုံကြည်ဖို့လိုအပ်တာပါ။ သင်တာဝန်ယူထားတဲ့ ပရောဂျက်များကို စွန့်လွှတ်ဖို့ ခက်ခဲနိုင်ပါတယ်။သင်ကိုယ်တိုင်ကလွဲရင် တခြားသူတွေကို မယုံကြည်နိုင်သလိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီလိုစိုးရိမ်မှုများက ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာဘယ်အလုပ်ကိုလွှဲအပ်ရမလဲဆိုတာကို သိရှိတာက ရေရည်မှာ အသက်ကယ်နိုင်မှာဖြစ်ပါတယ်။ကိုယ့်မှာရှိတဲ့ တာဝန်တွေကို တခြားအဖွဲ့ဝင်တွေကို တာဝန်ပေးအပ်တာက သူတို့ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ကိုယ့်ပခုံးပေါ်မှာရှိတဲ့ ဝန်ထုပ် ဝန်ပိုးတွေကိုလျှော့ချပေးတာပါ။ ဒီအချက်က တခြားသူတွေအတွက် ဖွံ့ဖြိုးတိုးတက်စေပြီးသင့်ကိုယ်သင့်လွတ်မြောက်ဖို့ အကောင်းဆုံးနည်းလမ်းတခုလည်းဖြစ်ပါတယ်။အခွင့်အာဏာလွှဲအပ်ခြင်းရဲ့ အကျိုးကျေးဇူးများလုပ်ငန်းတာဝန်များကို ပြီးမြောက်အောင်မြင်စေဖို့ တာဝန်ခွဲဝေပေးတာက အဖွဲ့များနဲ့အဖွဲ့အစည်းများအတွက် ကောင်းတဲ့ရလဒ်များစွာရှိပါတယ်။တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေ လွှဲအပ်တာက အဖွဲ့အစည်းရဲ့ ယုံကြည်မှုနဲ့ လုပ်ပိုင်ခွင့်အာဏာကိုအထောက်အကူဖြစ်စေပါတယ်။

နောက်တချက်ကတော့ သင့်ပြက္ခဒိန်မှာ အချိန်ပိုရနိုင်ပြီး ဗျူဟာမြောက်လုပ်ဆောင်ဖို့အတွက်အခွင့်အလမ်းများတိုးလာတာကို တွေ့နိုင်ပါတယ်။ သင့်မှာ မြင်နိုင်စွမ်းပိုကောင်းလာပြီးစိတ်ဖိစီးမှုလည်း လျော့နည်းလာမှာဖြစ်ပါတယ်။အခွင့်အာဏာလွှဲအပ်ခြင်းရဲ့ အရေးပါမှုဒီအ ချက်အတွက် အခြေခံအကျဆုံးအဆင့်ကတော့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ အခြားသူများကိုအလုပ်တာဝန်လွှဲအပ်တာပဲဖြစ်ပါတယ်။ သင့်အဖွဲ့မှာ သင်လုပ်ရမယ့်အလုပ်တာဝန်တွေကိုလုပ်ဆောင်နိုင်တဲ့ တခြားသူတဦးဦးကို တာဝန်လွှဲအပ်တာပါ။ ဒီလိုလွှဲအပ်တာက ယုံကြည်မှုကိုပြသတာနဲ့အတူတူပါပဲ။

နောက်တချက်ကတော့ ပူးပေါင်းလုပ်ဆောင်မှုကိုဖြစ်စေပါတယ်။ ခေါင်းဆောင်အနေနဲ့ သင်ကအလုပ်ရဲ့အရည်အသွေးနဲ့ အချိန်ကိုက်မှုကိုကြီးကြပ်ရာမှာ ဆက်လက်ပါဝင်နေနိုင်ပါတယ်။ခေါင်းဆောင်များအနေနဲ့ အောင်မြင်စွာ လွှဲအပ်နိုင်တဲ့အခါမှာ အဖွဲ့အစည်းများကကြီးပွားတိုးတက်ပါတယ်။ ခေါင်းဆောင်တွေရဲ့တာဝန်က လုပ်ငန်းတာဝန်နဲ့ လုပ်ပိုင်ခွင့်များကိုတဦးချင်းနဲ့ အဖွဲ့များအကြားမှာ သင့်တော်စွာ ခွဲဝေပေးနိုင်ဖို့ပါပဲ။ဒီလိုခွဲဝေပေးတာက အဖွဲ့အစည်းအတွင်းမှာထိရောက်မှုတွေအများကြီးဖြစ်စေပါတယ်။စိတ်ဖိစီးမှုကိုလျှော့ချနိုင်တာ၊လှုံ့ ဆော်မှုတွေတိုးလာတာ၊ အလုပ်အပေါ်ကျေနပ်မှုဖြစ်လာစေတာ၊ကျွမ်းကျင်မှုအသစ်တွေမြှင့်တင်လာနိုင်တာစတဲ့ အချက်တွေပဲဖြစ်ပါတယ်။ဒါကြောင့် အလုပ်တာဝန်လွှဲအပ်တာက သင့်အဖွဲ့ရဲ့အားသာချက်နဲ့ စွမ်းဆောင်ရည်များကိုချဲ့ထွင်နိုင်ပါတယ်။

MYit

zawgyi

လုပ္ငန္းတာဝန္မ်ားကို လႊဲအပ္ႏိုင္တာကလည္း အေရးႀကီးတဲ့ေခါင္းေဆာင္မႈစြမ္းရည္ျဖစ္ပါတယ္။ ထိေရာက္တဲ့ မန္ေနဂ်ာမ်ားက ေအာင္ ျမင္မႈရရွိေစဖို႔အလုပ္တာတန္ေတြကို ဘယ္လိုလႊဲအပ္ရမလဲဆိုတာကိုသိဖို႔ လိုအပ္ပါတယ္။တခါတေလမွာ လုပ္ငန္းတာဝန္လႊဲအပ္တာက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္အခက္အခဲရွိႏိုင္ပါတယ္။

ပထမဆုံးအေရးႀကီးတဲ့အခ်က္ကေတာ့ သင့္အဖြဲ႕ကို ယုံၾကည္ဖို႔လိုအပ္တာပါ။ သင္တာဝန္ယူထားတဲ့ ပေရာဂ်က္မ်ားကို စြန႔္လႊတ္ဖို႔ ခက္ခဲႏိုင္ပါတယ္။သင္ကိုယ္တိုင္ကလြဲရင္ တျခားသူေတြကို မယုံၾကည္ႏိုင္သလိုျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ဒီလိုစိုးရိမ္မႈမ်ားက ျဖစ္တတ္ပါတယ္။ ဒါေပမဲ့ ဘယ္အခ်ိန္မွာဘယ္အလုပ္ကိုလႊဲအပ္ရမလဲဆိုတာကို သိရွိတာက ေရရည္မွာ အသက္ကယ္ႏိုင္မွာျဖစ္ပါတယ္။ကိုယ့္မွာရွိတဲ့ တာဝန္ေတြကို တျခားအဖြဲ႕ဝင္ေတြကို တာဝန္ေပးအပ္တာက သူတို႔ရဲ႕စြမ္းေဆာင္ရည္ကို ျမႇင့္တင္ေပးၿပီး ကိုယ့္ပခုံးေပၚမွာရွိတဲ့ ဝန္ထုပ္ ဝန္ပိုးေတြကိုေလွ်ာ့ခ်ေပးတာပါ။ ဒီအခ်က္က တျခားသူေတြအတြက္ ဖြံ႕ၿဖိဳးတိုးတက္ေစၿပီးသင့္ကိုယ္သင့္လြတ္ေျမာက္ဖို႔ အေကာင္းဆုံးနည္းလမ္းတခုလည္းျဖစ္ပါတယ္။အခြင့္အာဏာလႊဲအပ္ျခင္းရဲ႕ အက်ိဳးေက်းဇူးမ်ားလုပ္ငန္းတာဝန္မ်ားကို ၿပီးေျမာက္ေအာင္ျမင္ေစဖို႔ တာဝန္ခြဲေဝေပးတာက အဖြဲ႕မ်ားနဲ႔အဖြဲ႕အစည္းမ်ားအတြက္ ေကာင္းတဲ့ရလဒ္မ်ားစြာရွိပါတယ္။တာဝန္ေတြ၊ လုပ္ပိုင္ခြင့္ေတြ လႊဲအပ္တာက အဖြဲ႕အစည္းရဲ႕ ယုံၾကည္မႈနဲ႔ လုပ္ပိုင္ခြင့္အာဏာကိုအေထာက္အကူျဖစ္ေစပါတယ္။

ေနာက္တခ်က္ကေတာ့ သင့္ျပကၡဒိန္မွာ အခ်ိန္ပိုရႏိုင္ၿပီး ဗ်ဴဟာေျမာက္လုပ္ေဆာင္ဖို႔အတြက္အခြင့္အလမ္းမ်ားတိုးလာတာကို ေတြ႕ႏိုင္ပါတယ္။ သင့္မွာ ျမင္ႏိုင္စြမ္းပိုေကာင္းလာၿပီးစိတ္ဖိစီးမႈလည္း ေလ်ာ့နည္းလာမွာျဖစ္ပါတယ္။အခြင့္အာဏာလႊဲအပ္ျခင္းရဲ႕ အေရးပါမႈဒီအ ခ်က္အတြက္ အေျခခံအက်ဆုံးအဆင့္ကေတာ့ ကိုယ္စားလွယ္အဖြဲ႕အေနနဲ႔ အျခားသူမ်ားကိုအလုပ္တာဝန္လႊဲအပ္တာပဲျဖစ္ပါတယ္။ သင့္အဖြဲ႕မွာ သင္လုပ္ရမယ့္အလုပ္တာဝန္ေတြကိုလုပ္ေဆာင္ႏိုင္တဲ့ တျခားသူတဦးဦးကို တာဝန္လႊဲအပ္တာပါ။ ဒီလိုလႊဲအပ္တာက ယုံၾကည္မႈကိုျပသတာနဲ႔အတူတူပါပဲ။

ေနာက္တခ်က္ကေတာ့ ပူးေပါင္းလုပ္ေဆာင္မႈကိုျဖစ္ေစပါတယ္။ ေခါင္းေဆာင္အေနနဲ႔ သင္ကအလုပ္ရဲ႕အရည္အေသြးနဲ႔ အခ်ိန္ကိုက္မႈကိုႀကီးၾကပ္ရာမွာ ဆက္လက္ပါဝင္ေနႏိုင္ပါတယ္။ေခါင္းေဆာင္မ်ားအေနနဲ႔ ေအာင္ျမင္စြာ လႊဲအပ္ႏိုင္တဲ့အခါမွာ အဖြဲ႕အစည္းမ်ားကႀကီးပြားတိုးတက္ပါတယ္။ ေခါင္းေဆာင္ေတြရဲ႕တာဝန္က လုပ္ငန္းတာဝန္နဲ႔ လုပ္ပိုင္ခြင့္မ်ားကိုတဦးခ်င္းနဲ႔ အဖြဲ႕မ်ားအၾကားမွာ သင့္ေတာ္စြာ ခြဲေဝေပးႏိုင္ဖို႔ပါပဲ။ဒီလိုခြဲေဝေပးတာက အဖြဲ႕အစည္းအတြင္းမွာထိေရာက္မႈေတြအမ်ားႀကီးျဖစ္ေစပါတယ္။စိတ္ဖိစီးမႈကိုေလွ်ာ့ခ်ႏိုင္တာ၊လႈံ႕ ေဆာ္မႈေတြတိုးလာတာ၊ အလုပ္အေပၚေက်နပ္မႈျဖစ္လာေစတာ၊ကြၽမ္းက်င္မႈအသစ္ေတြျမႇင့္တင္လာႏိုင္တာစတဲ့ အခ်က္ေတြပဲျဖစ္ပါတယ္။ဒါေၾကာင့္ အလုပ္တာဝန္လႊဲအပ္တာက သင့္အဖြဲ႕ရဲ႕အားသာခ်က္နဲ႔ စြမ္းေဆာင္ရည္မ်ားကိုခ်ဲ႕ထြင္ႏိုင္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*