စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သန်မာတဲ့ ရာသီခွင် (၄)ခု

ဘဝရဲ့ ခက်ခဲတဲ့ မုန်တိုင်းတွေရင်ဆိုင်ရတဲ့အခါ ဒီလူတွေက မြဲမြံစွာနဲ့ရပ်တည်ပြီးသူတို့ရဲ့စိတ်ဓာတ်တွေက သန်မာလွန်းကြပါတယ်။ ဒီထူးကဲတဲ့စွမ်းရည်ကိုပိုင်ဆိုင်ထားတဲ့ရာသီခွင် လေးခုအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Capricorn
ဒီရာသီဖွားတွေက ခိုင်မာတဲ့ ဇွဲသတ္တိတွေနဲ့ ဘဝမုန်တိုင်းများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ကြပါတယ်။သူတို့က စိန်ခေါ်မှုများကို လက်တွေ့ကျကျမြင်နိုင်ပြီး လက်တွေ့ကျတဲ့ စိတ်ထားနဲ့စိန်ခေါ်မှုများကို ချဉ်းကပ်ကြပါတယ်။ အခက်ခဲဆုံးအခြေအနေများမှာတောင်တည်ငြိမ်မှုကိုထိန်း သိမ်းထားနိုင်ကြပါတယ်။ သူတို့က ရုပ်ပိုင်းဆိုင်ရာအရရော၊စိတ်ပိုင်းဆိုင်ရာအရပါ ကြံ့ခိုင်သန်မာကြသူတွေဖြစ်ပါတယ်။

Aries
ဒီရာသီဖွားတွေကလည်း မခံချင်စိတ်နဲ့ အတားအဆီးများကို အားတက်သရောအနိုင်ယူတတ်ပြီးမကြောက်မလန့်တွန်းလှန်နိုင်ကြပါတယ်။ သူတို့က ခံနိုင်ရည်ရှိမှုနဲ့ပြန်လည်ထိမြောက်နိုင်စွမ်းတွေကြောင့် တော်ရုံမပြိုလဲကြပါဘူး။ စိန်ခေါ်မှုများကိုထိပ်တိုက်ရင်ဆိုင်နိုင်ကြပတယ်။ သူတို့ရဲ့အတွင်းစိတ်ခွန်အားက ဘယ်လိုလမ်းမျိုးကိုမဆိုဖြတ်ကျော်ဖို့အတွက် လှုံ့ဆော်မှုမီးရှူးတန်ဆောင်ပဲဖြစ်ပါတယ်။

Scorpio
သူတို့တွေကို ဖီးနစ်ငှက်လိုမျိုးတင်စားကြပါတယ်။ သူတို့တွေက အသွင်ကူးပြောင်းမှုကိုလက်ခံကြပြီး ပြာအဖြစ်ကနေ တဖန်နိုးထလာနိုင်ကြပါတယ်။ သူတို့ရဲ့ ခံနိုင်ရည်ရှိမှုနဲ့မယိမ်းယိုင်တဲ့ ခိုင်မာတဲ့စိတ်တွေက ခက်ခဲနက်နဲတဲ့လမ်းကြောင်းများကို ရင်ဆိုင်ရာမှာအောင်ပွဲခံနိုင်ပါတယ်။ သူတို့က အမှောင်ဆုံးမုန်တိုင်းတွေကို အံ့တုနိုင်တဲ့စိတ်ရောကိုယ်ပါသန်မာကြသူတွေဖြစ်ပါတယ်။

Pisces
Pisces တွေက စာနတတ်သူတွေဖြစ်ပြီး တခြားသူတွေရဲ့စိတ်ခံစားချက်ကိုနက်နက်ရှိုင်းရှိုင်းနားလည်ချိတ်ဆက်နိုင်သူတွေဖြစ်ပါတယ်။ သူတို့တွေက အပြင်ပန်းမှာနူးညံ့တယ်လို့ထင်ရပေမဲ့ တကယ်ခက်ခဲတဲ့အချိန်တွေမှာလည်း သူမတူအောင်ကြံ့ခိုင်ကြပါတယ်။ သူတို့က ဉာဏ် ပညာနဲ့ထိုးထွင်းသိမြင်မှုနဲ့ ဒုက္ခတွေကိုဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို လမ်းညွှန်နိုင်ပါတယ်။ သူတို့က စိတ်ရောကိုယ်ပါကြံ့ခိုင်ကြပါတယ်။

MYit

zawgyi


Capricorn

Aries

Scorpio

Pisces

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*