Remote အလုပ်တွေမှာ Interpersonal Communication ရဲ့အခန်းကဏ္ဍ

လူတိုင်းက တဦးကိုတဦး နားလည်ဖို့လိုအပ်ပြီး စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေကိုမျှဝေဖို့အတွက် သက်သောင့်သက်သာနဲ့ ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ Remote Work တွေမှာလူအချင်းချင်းဆက်သွယ်ပြောဆိုမှုရဲ့ အခန်းကဏ္ဍကဘယ်လိုရှိပါသလဲ။ဒီအချက်ကိုမျှဝေပေးသွားချင်ပါတယ်။ပထမဦးဆုံး Remote Work လို့ဆိုလိုက်ရင် အားလုံးလည်းသိပြီးဖြစ်ပါလိမ့်မယ်။ အလုပ်တခုကိုနိုင်ငံပေါင်းစုံကနေ လှမ်းပြီးလုပ်ကိုင်တာ၊ နေရာပေါင်းစုံကနေ လှမ်းပြီးလုပ်ကိုင်တာမျိုးပါ။ကုမ္ပဏီတခုရဲ့ အချိန်ပြည့်ဝန်ထမ်း ဒါမှမဟုတ် အချိန်ပိုင်းဝန်ထမ်းဖြစ်ပြီး ရုံးတက်စရာ မလိုဘူး။အင်တာနက်ရှိရုံနဲ့ ဘယ်နေရာ၊ ဘယ်နိုင်ငံကမဆို လုပ်ကိုင်နိုင်ပါတယ်။ ဒါကို Remote Work လို့ခေါ်ပါတယ်။

အမေရိကန်မှာတော့ ဝန်ထမ်း ၂၆ရာခိုင်နှုန်းလောက်က Remote အလုပ်တွေကိုလုပ်ကိုင်ကြပါတယ်။ ပေါင်းစပ်သဘောတူညီချက်များနဲ့ လိုက်လျောညီထွေမှုတို့ကိုရှေ့တန်းတင်လုပ်ဆောင်တာက အလုပ်ပတ်ဝန်းကျင်တွေ၊ လုပ်ဆောင်ရတဲ့အလုပ်တွေမှာများစွာ ပြောင်းလဲသွားပါတယ်။ ဒါကြောင့်ပဲ remote နဲ့အလုပ်လုပ်ရတဲ့ အဖွဲ့တွေကြားမှာဆက်သွယ်ရေးက အရေးပါလာပါတယ်။ အထီးကျန်မှု၊ ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတို့ကိုရှောင်ရှားနိုင်ဖို့အတွက် Interpersonal Communication က အာရုံစိုက်ဖို့လိုအပ်လာပါတယ်။ Remote လုပ်ရတဲ့ အဖွဲ့ဝင်များကြား ထိရောက်တဲ့အပြန်အလှန်ဆက်သွယ်ပြောဆိုမှုတွေရှိဖို့အရေးကြီးပါတယ်။

ဒီလိုဆက်သွယ်ပြောဆိုမှုတွေကိုမြှင့်တင်ဖို့အတွက်က Interpersonal Communication ကအရေးကြီးလာပါတယ်။သာမန်အလုပ်ခွင်တွေကို အားလပ်ချိန်မှာလုပ်ဖော်ကိုင်ဖက်အချင်းချင်း ပေါ့ပေါ့ပါးပါးစကားပြောဆိုတာမျိုး remote အလုပ်တွေမှာ အခွင့်အရေးမရနိုင်ပါဘူး။ထမင်းစားချိန်မှာလည်း မဆုံနိုင်ပါဘူး။ ဒါကြောင့် remote အလုပ်ပတ်ဝန်းကျင်ကအဖွဲ့သားတွေအနေနဲ့ လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးစကားပြောဆိုနိုင်ဖို့စကားပြောခန်းများ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်တာက ယုံကြည်မှုနဲ့ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်နိုင်ပြီး စိတ်ဓာတ်ကို မြှင့်တင်ပေးပါတယ်။ဒီအချက်တွေကတော့ Remote Work တွေအတွက် interpersonal ဆက်ဆံရေးကောင်းဖို့အတွက် အကြံပြုချက်တွေပဲဖြစ်ပါတယ်။

နှစ်သက်တဲ့ ဆက်သွယ်ရေးနည်းလမ်းကို ရွေးချယ်ပါ

အသုံးပြုရလွယ်ကူတဲ့ ဆက်သွယ်ရေးနည်းလမ်းတခုခုကိုသုံးပြီး အွန်လိုင်းမှာအတူတကွစုပေါင်းနိုင်ဖို့ လုပ်ဆောင်ပါ။ ဝန်ထမ်းများကို အ ကြံဉာဏ်ပေးလိုတာဖြစ်စေ၊တင်ပြလိုတာဖြစ်စေ၊ စကားစမြည်ပြောတာဖြစ်စေ ဒီလိုလုပ်ဆောင်ဖို့အတွက် သူတို့နှစ်သက်တဲ့ဆက်သွယ်ရေးနည်းလမ်းတခုကို စစ်တမ်းကောက်ယူပါ။ ဒါကိုရွေးချယ်ပြီးတာနဲ့ဝန်ထမ်းအားလုံး ဒီပလက်ဖောင်းကို အသုံးပြုပြီး တဦးနဲ့တဦး ပိုမိုရင်းနှီးဖို့အတွက်အခွင့်အလမ်းဖန်တီးပေးပါ။

နှုတ်ဖြင့်ပုံမှန်စကားပြောပါ

နောက်တချက်ကတော့ အဖွဲ့သားများကို နှုတ်နဲ့ပုံမှန်စကားပြောဖို့ပါ။ အီးမေးလ်ပို့တာ၊မက်ဆေ့ချ်ပို့တာတွေထက် တခါတရံမှာ နှုတ်နဲ့ ကိုယ်တိုင်စကားပြောဆိုသင့်ပါတယ်။တစုတစည်းထဲ အလုပ်စုလုပ်ကြတာ မဟုတ်တဲ့အတွက် အကြံဉာဏ်တွေ၊ မေးခွန်းတွေကိုအမြန်မျှဝေဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ပုံမှန်အစည်းအဝေးများဖန်တီးပြိးစကားပြောဆိုသင့်ပါတယ်။ သူတို့ရဲ့အတွေးတွေ၊ စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောနိုင်ဖို့အခွင့်အရေးပဲဖြစ်ပါတယ်။

အချိန်ကွာခြားချက်များကို သတိပြုပါ

တတိယအချက်ကတော့ အချိန်ကွာခြားချက်ကို သတိပြုဖို့ပါပဲ။ Remote အလုပ်ဆိုတဲ့အတိုင်းမတူညီတဲ့ Time Zone တွေကို လေစားတတ်ဖို့လိုပါတယ်။ တခါတလေမှာ ကိုယ်တွေဘက်ကမနက်ခင်ဖြစ်နေတတ်ပြီး တခြားဘက်အခြမ်းမှာတော့ ညဘက်ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်သူတို့ရဲ့အချိန်ကိုလည်း ထည့်တွက်သင့်ပါတယ်။ ဘယ်သူမှကသူတို့သတ်မှတ်ထားတဲ့ နာရီထက်ပိုအလုပ်မလုပ်ချင်ကြသလို တနေ့တာအလုပ်ပြီးခါမှ အပိုအလုပ်တွေစုပုံလာတဲ့အခါမျိုးမှာနာကျင်ရပါတယ်။ ဒါကြောင့် အချိန်ကွာခြားမှုတွေကို အသိအမှတ်ပြုပြီး လေးစားမှုနဲ့တွေးခေါ်မှုကိုပြသဖို့ သေချာပါစေ။

နည်းပညာလွှမ်းမိုးမှု

Remote အလုပ်တွေမှာ နည်းပညာလွှမ်းမိုးမှုက အားသာချက်ပါပဲ။ အွန်လိုင်းမှာအလုပ်လုပ်ဖို့အတွက် အတိအလင်းတည်ဆောက်ထားတဲ့ ဒစ်ဂျစ်တယ်ကိရိယာအသစ်များကိုတွင်ကျယ်စွာရရှိနိုင်ပါတယ်။ Slack က စကားဝိုင်းများစွာကို ဖန်တီးတည၊ ထိန်းသိမ်းတာ၊စာရွက် စာတမ်းများ မျှဝေတာတွေအတွက် အကောင်းဆုံးကိရိယာတခုဖြစ်ပါတယ်။ Zoom ကကွန်ဖရင့်ခေါ်ဆိုမှုများ၊ အစည်းအဝေးများနဲ့ တဦးချင်းတွေ့ဆုံမှုများအတွက်အံ့ဖွယ်ပလက်ဖောင်းတခုဖြစ်ပါတယ်။

MYit

zawgyi

လူတိုင္းက တဦးကိုတဦး နားလည္ဖို႔လိုအပ္ၿပီး စိတ္ကူးေတြ၊ ေမွ်ာ္လင့္ခ်က္ေတြကိုမွ်ေဝဖို႔အတြက္ သက္ေသာင့္သက္သာနဲ႔ ယုံၾကည္မႈရွိဖို႔လိုအပ္ပါတယ္။ Remote Work ေတြမွာလူအခ်င္းခ်င္းဆက္သြယ္ေျပာဆိုမႈရဲ႕ အခန္းက႑ကဘယ္လိုရွိပါသလဲ။ဒီအခ်က္ကိုမွ်ေဝေပးသြားခ်င္ပါတယ္။ပထမဦးဆုံး Remote Work လို႔ဆိုလိုက္ရင္ အားလုံးလည္းသိၿပီးျဖစ္ပါလိမ့္မယ္။ အလုပ္တခုကိုႏိုင္ငံေပါင္းစုံကေန လွမ္းၿပီးလုပ္ကိုင္တာ၊ ေနရာေပါင္းစုံကေန လွမ္းၿပီးလုပ္ကိုင္တာမ်ိဳးပါ။ကုမၸဏီတခုရဲ႕ အခ်ိန္ျပည့္ဝန္ထမ္း ဒါမွမဟုတ္ အခ်ိန္ပိုင္းဝန္ထမ္းျဖစ္ၿပီး ႐ုံးတက္စရာ မလိုဘူး။အင္တာနက္ရွိ႐ုံနဲ႔ ဘယ္ေနရာ၊ ဘယ္ႏိုင္ငံကမဆို လုပ္ကိုင္ႏိုင္ပါတယ္။ ဒါကို Remote Work လို႔ေခၚပါတယ္။

အေမရိကန္မွာေတာ့ ဝန္ထမ္း ၂၆ရာခိုင္ႏႈန္းေလာက္က Remote အလုပ္ေတြကိုလုပ္ကိုင္ၾကပါတယ္။ ေပါင္းစပ္သေဘာတူညီခ်က္မ်ားနဲ႔ လိုက္ေလ်ာညီေထြမႈတို႔ကိုေရွ႕တန္းတင္လုပ္ေဆာင္တာက အလုပ္ပတ္ဝန္းက်င္ေတြ၊ လုပ္ေဆာင္ရတဲ့အလုပ္ေတြမွာမ်ားစြာ ေျပာင္းလဲသြားပါတယ္။ ဒါေၾကာင့္ပဲ remote နဲ႔အလုပ္လုပ္ရတဲ့ အဖြဲ႕ေတြၾကားမွာဆက္သြယ္ေရးက အေရးပါလာပါတယ္။ အထီးက်န္မႈ၊ ဖိစီးမႈ၊ စိုးရိမ္ပူပန္မႈတို႔ကိုေရွာင္ရွားႏိုင္ဖို႔အတြက္ Interpersonal Communication က အာ႐ုံစိုက္ဖို႔လိုအပ္လာပါတယ္။ Remote လုပ္ရတဲ့ အဖြဲ႕ဝင္မ်ားၾကား ထိေရာက္တဲ့အျပန္အလွန္ဆက္သြယ္ေျပာဆိုမႈေတြရွိဖို႔အေရးႀကီးပါတယ္။

ဒီလိုဆက္သြယ္ေျပာဆိုမႈေတြကိုျမႇင့္တင္ဖို႔အတြက္က Interpersonal Communication ကအေရးႀကီးလာပါတယ္။သာမန္အလုပ္ခြင္ေတြကို အားလပ္ခ်ိန္မွာလုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္း ေပါ့ေပါ့ပါးပါးစကားေျပာဆိုတာမ်ိဳး remote အလုပ္ေတြမွာ အခြင့္အေရးမရႏိုင္ပါဘူး။ထမင္းစားခ်ိန္မွာလည္း မဆုံႏိုင္ပါဘူး။ ဒါေၾကာင့္ remote အလုပ္ပတ္ဝန္းက်င္ကအဖြဲ႕သားေတြအေနနဲ႔ လြတ္လြတ္လပ္လပ္နဲ႔ ေပါ့ေပါ့ပါးပါးစကားေျပာဆိုႏိုင္ဖို႔စကားေျပာခန္းမ်ား ဖန္တီးေပးဖို႔ လိုအပ္ပါတယ္။ ဒီလိုလုပ္တာက ယုံၾကည္မႈနဲ႔ေပါင္းသင္းဆက္ဆံေရးကို တည္ေဆာက္ႏိုင္ၿပီး စိတ္ဓာတ္ကို ျမႇင့္တင္ေပးပါတယ္။ဒီအခ်က္ေတြကေတာ့ Remote Work ေတြအတြက္ interpersonal ဆက္ဆံေရးေကာင္းဖို႔အတြက္ အႀကံျပဳခ်က္ေတြပဲျဖစ္ပါတယ္။

ႏွစ္သက္တဲ့ ဆက္သြယ္ေရးနည္းလမ္းကို ေ႐ြးခ်ယ္ပါ

အသုံးျပဳရလြယ္ကူတဲ့ ဆက္သြယ္ေရးနည္းလမ္းတခုခုကိုသုံးၿပီး အြန္လိုင္းမွာအတူတကြစုေပါင္းႏိုင္ဖို႔ လုပ္ေဆာင္ပါ။ ဝန္ထမ္းမ်ားကို အ ႀကံဉာဏ္ေပးလိုတာျဖစ္ေစ၊တင္ျပလိုတာျဖစ္ေစ၊ စကားစျမည္ေျပာတာျဖစ္ေစ ဒီလိုလုပ္ေဆာင္ဖို႔အတြက္ သူတို႔ႏွစ္သက္တဲ့ဆက္သြယ္ေရးနည္းလမ္းတခုကို စစ္တမ္းေကာက္ယူပါ။ ဒါကိုေ႐ြးခ်ယ္ၿပီးတာနဲ႔ဝန္ထမ္းအားလုံး ဒီပလက္ေဖာင္းကို အသုံးျပဳၿပီး တဦးနဲ႔တဦး ပိုမိုရင္းႏွီးဖို႔အတြက္အခြင့္အလမ္းဖန္တီးေပးပါ။

ႏႈတ္ျဖင့္ပုံမွန္စကားေျပာပါ

ေနာက္တခ်က္ကေတာ့ အဖြဲ႕သားမ်ားကို ႏႈတ္နဲ႔ပုံမွန္စကားေျပာဖို႔ပါ။ အီးေမးလ္ပို႔တာ၊မက္ေဆ့ခ်္ပို႔တာေတြထက္ တခါတရံမွာ ႏႈတ္နဲ႔ ကိုယ္တိုင္စကားေျပာဆိုသင့္ပါတယ္။တစုတစည္းထဲ အလုပ္စုလုပ္ၾကတာ မဟုတ္တဲ့အတြက္ အႀကံဉာဏ္ေတြ၊ ေမးခြန္းေတြကိုအျမန္မွ်ေဝဖို႔ ခက္ခဲပါတယ္။ ဒါေၾကာင့္ ပုံမွန္အစည္းအေဝးမ်ားဖန္တီးၿပိးစကားေျပာဆိုသင့္ပါတယ္။ သူတို႔ရဲ႕အေတြးေတြ၊ စိုးရိမ္ပူပန္မႈေတြကို ထုတ္ေဖာ္ေျပာႏိုင္ဖို႔အခြင့္အေရးပဲျဖစ္ပါတယ္။

အခ်ိန္ကြာျခားခ်က္မ်ားကို သတိျပဳပါ

တတိယအခ်က္ကေတာ့ အခ်ိန္ကြာျခားခ်က္ကို သတိျပဳဖို႔ပါပဲ။ Remote အလုပ္ဆိုတဲ့အတိုင္းမတူညီတဲ့ Time Zone ေတြကို ေလစားတတ္ဖို႔လိုပါတယ္။ တခါတေလမွာ ကိုယ္ေတြဘက္ကမနက္ခင္ျဖစ္ေနတတ္ၿပီး တျခားဘက္အျခမ္းမွာေတာ့ ညဘက္ျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္သူတို႔ရဲ႕အခ်ိန္ကိုလည္း ထည့္တြက္သင့္ပါတယ္။ ဘယ္သူမွကသူတို႔သတ္မွတ္ထားတဲ့ နာရီထက္ပိုအလုပ္မလုပ္ခ်င္ၾကသလို တေန႔တာအလုပ္ၿပီးခါမွ အပိုအလုပ္ေတြစုပုံလာတဲ့အခါမ်ိဳးမွာနာက်င္ရပါတယ္။ ဒါေၾကာင့္ အခ်ိန္ကြာျခားမႈေတြကို အသိအမွတ္ျပဳၿပီး ေလးစားမႈနဲ႔ေတြးေခၚမႈကိုျပသဖို႔ ေသခ်ာပါေစ။

နည္းပညာလႊမ္းမိုးမႈ

Remote အလုပ္ေတြမွာ နည္းပညာလႊမ္းမိုးမႈက အားသာခ်က္ပါပဲ။ အြန္လိုင္းမွာအလုပ္လုပ္ဖို႔အတြက္ အတိအလင္းတည္ေဆာက္ထားတဲ့ ဒစ္ဂ်စ္တယ္ကိရိယာအသစ္မ်ားကိုတြင္က်ယ္စြာရရွိႏိုင္ပါတယ္။ Slack က စကားဝိုင္းမ်ားစြာကို ဖန္တီးတည၊ ထိန္းသိမ္းတာ၊စာ႐ြက္ စာတမ္းမ်ား မွ်ေဝတာေတြအတြက္ အေကာင္းဆုံးကိရိယာတခုျဖစ္ပါတယ္။ Zoom ကကြန္ဖရင့္ေခၚဆိုမႈမ်ား၊ အစည္းအေဝးမ်ားနဲ႔ တဦးခ်င္းေတြ႕ဆုံမႈမ်ားအတြက္အံ့ဖြယ္ပလက္ေဖာင္းတခုျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*