စေ့စပ်ညှိနှိုင်းခြင်း အဆင့် (၄)ခု

လူတွေက ရှင်သန်ဖို့အတွက်နဲ့ စိန်ခေါ်မှုဆိုင်ရာကိစ္စရပ်တွေအတွက် အမြဲတမ်းညှိနှိုင်းမှုကမရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတခုဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကနေအခုအချိန်အထိမပြောင်းမလဲရှိနေတဲ့အရာကတော့ ညှိနှိုင်းမှုပါပဲ။ စေ့စပ်မှုက ဘဝအတွက်ကြီးမားတဲ့အစိတ်အပိုင်းတခုဖြစ်နေဆဲပါပဲ။ဒီလိုစေ့စပ်ညှိနှိုင်းမှုမှာ အဆင့်လေးဆင့်ရှိပါတယ်။ ဒီလိုစေ့စပ်ညှိနှိုင်းဖို့အတွ် ပထမအဆင့်လုပ်ငန်းစဉ်ကိုနားလည်ရမှာဖြစ်ပြီး အဲဒီကနေမှတဆင့် ဘယ်လိုညှိနှိုင်းမှုအရည်အချင်းတွေကိုအသုံးချရမလဲဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ ဒီညှိနှိုင်းမှုမှာ အချိန်နဲ့နေရာသတ်မှတ်ပြီးတာနဲ့ဘယ်သူတွေတက်ရောက်သင့်သလဲဆိုတာဆုံးဖြတ်ပြီး ဒီအဆင့်လေးဆင့်နဲ့ဖြတ်သန်းနိုင်ပါတယ်၊

ပြင်ဆင်ပါ

စေ့စပ်သေချာစွာ ကြိုတင်ပြင်ဆင်မှုက ထိထိရောက်ရောက် စေ့စပ်ညှိနှိုင်းဖို့အရေးကြီးပါတယ်. အချက်အလက်များကို နားလည်သဘော ပေါက်တာကလည်းညှိနှိုင်းတဲ့အခါမှာ အားသာချက်တခုပါပဲ။ပဋိပက္ခရဲ့သဘောသဘာဝကဘာလဲ။ ဒီစေ့စပ်ညှိနှိုင်းမှုမှာ အောင်မြင်မှုကဘာလဲ၊ဘယ်လိုရွေးချယ်စရာများကို လက်ခံလို့ရမလဲ၊ ကိုယ့်ဘက်က ဘာကိုစွန့်လွှတ်သင့်သလဲ၊ညှိနှိုင်းလို့မရတဲ့အရာက ဘာလဲ၊ တဖက်သားရဲ့ ပန်းတိုင်က ဘာလဲ၊ဘယ်အချိန်မှာရုန်းထွက်သင့်သလဲစတာတွေကို အရင်ဆုံးပြင်ဆင်သင့်ပါတယ်။ကိုယ့်ရဲ့ရပ်တည်ချက်ကို ထင်ထင်ရှားရှားဖြစ်စေပြီး ကိုယ့်ရဲ့ငြင်းခုံချက်ကိုစေ့စေ့စပ်စပ်ပြင်ဆင်ခြင်းကလည်း စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေကို
လျှော့ချနိုင်ပြီး အဖြေရှာဖို့အတွက် အာရုံစိုက်နိုင်မှာြဖစ်ပါတယ်။

ဆွေးနွေးပါ

ဆွေးနွေးတဲ့အဆင့်မှာ နှစ်ဖက်စလုံးက သေသေချာချာရှင်းပြဖို့လိုပါတယ်။ ဒီအဆင့်မှာခံစားချက်တွေ ရှေ့ရောက်လာတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်ရည်းမှန်းချက်ရှိဖို့လိုပါတယ်။ နောက်ပြီးခံစားချက်တွေကိုထိန်းချုပ်ဖို့ အရေးကြီးပါတယ်။တဖက်ရဲ့အမြင်ကိုနားလည်ဖို့အတွက် လိုအပ်တဲ့အချက်အလက်များကိုစုဆောင်းဖို့အဖွင့်မေးခွန်းများမေးဖို့လိုအပ်ပါတယ်။ နားလည်မှုလွဲမှားတာတွေက ညှိနှိုင်းမှုအ တွက်နှောင့်နှေးစေနိုင်တာကိုသတိပြုပါ။ ဘုံအခြေခံကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားတာကသာအကောင်းဆုံးဖြစ်ပါတယ်။

ညှိနှိုင်းပါ

ရွေးချယ်စရာများကို ဆွေးနွေးပြီး နှစ်ဦးနှစ်ဖက်စလုံး တစုံတခုရရှိနိုင်တဲ့ရလဒ်ကိုအာရုံစိုက်ပါ။ ပြင်ဆင်မှုနဲ့ ဆွေးနွေးမှုအဆင့်များအတွင်းမှာ စုဆောင်းထားတဲ့အချက်အလက်အားလုံးကို ညှိနှိုင်းမှုမှာခိုင်မာစေဖို့ အသုံးပြုပါ။တဖက်သားပြောစကားကိုနားထောင်ပြီး သူတို့ရဲ့ ညှိ နှိုင်းမှုက အဓိပ္ပာယ်ရှိတယ်ဆိုရင်သင့်ဘက်က ချိန်ညှိဖို့ပြင်ဆင်ပါ။ စိတ်ခံစားချက်များက ဆုံးဖြတ်ချက်ချရာမှာအားနည်းစေနိုင်ပတယ်။ ဒါကြောင့် သင့်ခံစားချက်များကို ယုတ္တိဗေဒနဲ့ ဟန်ချက်ညီစေဖို့ဝေဖန်ပိုင်းခြားနိုင်တဲ့ တွေးခေါ်မှုစွမ်းရည်များကို အသုံးပြုပြီး စစ် ဆေးပါ။

သဘောတူညီချက်တစ်ခုရှာပါ

လူတိုင်းရဲ့အမြင်ရှုထောင့်နဲ့ စိတ်ဝင်စားမှုများကိုထည့်သွင်းစဉ်းစားပြီးသင့်အတွက်ကောင်းမွန်တဲ့အရာတခုကိုဆုံးဖြတ်ပါ။တောင်းဆိုချက်တိုင်းမှာအလျှော့အတင်းရှိနိုင်တာကိုလက်ခံထားရပါမယ်။ ဥပမာအနေနဲ့သင့်လစာကိုညှိနှိုင်းနေတာဖြစ်မယ်ဆိုရင် သင့်အလုပ်ရှင်က သင့်ကိုလစာတိုးပေးဖို့အတွက်ဘတ်ဂျက်မရှိဘူးဆိုရင် လုပ်ငန်းခွင်အခြေအနေကိုနားလည်နိုင်ရပါမယ်။ညှိနှိုင်းမှုများကျေလည်ခဲ့ပါက ညှိနှိုင်းထားတဲ့ စည်းကမ်းချက်များကို တရားဝင်စာချုပ်အဖြစ်သတ်မှတ်ပါ။ ပြီးရင် နှစ်ဦးနှစ်ဘက်သဘောတူညီထားတဲ့ စည်းကမ်းချက်များကို
အကောင်အထည်ဖော်ပါ။

MYit

zawgyi

လူေတြက ရွင္သန္ဖို႔အတြက္နဲ႔ စိန္ေခၚမႈဆိုင္ရာကိစၥရပ္ေတြအတြက္ အၿမဲတမ္းညႇိႏႈိင္းမႈကမရွိမျဖစ္လိုအပ္တဲ့ ကြၽမ္းက်င္မႈတခုျဖစ္လာပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကေနအခုအခ်ိန္အထိမေျပာင္းမလဲရွိေနတဲ့အရာကေတာ့ ညႇိႏႈိင္းမႈပါပဲ။ ေစ့စပ္မႈက ဘဝအတြက္ႀကီးမားတဲ့အစိတ္အပိုင္းတခုျဖစ္ေနဆဲပါပဲ။ဒီလိုေစ့စပ္ညႇိႏႈိင္းမႈမွာ အဆင့္ေလးဆင့္ရွိပါတယ္။ ဒီလိုေစ့စပ္ညႇိႏႈိင္းဖို႔အတြ္ ပထမအဆင့္လုပ္ငန္းစဥ္ကိုနားလည္ရမွာျဖစ္ၿပီး အဲဒီကေနမွတဆင့္ ဘယ္လိုညႇိႏႈိင္းမႈအရည္အခ်င္းေတြကိုအသုံးခ်ရမလဲဆိုတာ သိႏိုင္မွာျဖစ္ပါတယ္။ ဒီညႇိႏႈိင္းမႈမွာ အခ်ိန္နဲ႔ေနရာသတ္မွတ္ၿပီးတာနဲ႔ဘယ္သူေတြတက္ေရာက္သင့္သလဲဆိုတာဆုံးျဖတ္ၿပီး ဒီအဆင့္ေလးဆင့္နဲ႔ျဖတ္သန္းႏိုင္ပါတယ္၊

ျပင္ဆင္ပါ

ေစ့စပ္ေသခ်ာစြာ ႀကိဳတင္ျပင္ဆင္မႈက ထိထိေရာက္ေရာက္ ေစ့စပ္ညႇိႏႈိင္းဖို႔အေရးႀကီးပါတယ္. အခ်က္အလက္မ်ားကို နားလည္သေဘာ ေပါက္တာကလည္းညႇိႏႈိင္းတဲ့အခါမွာ အားသာခ်က္တခုပါပဲ။ပဋိပကၡရဲ႕သေဘာသဘာဝကဘာလဲ။ ဒီေစ့စပ္ညႇိႏႈိင္းမႈမွာ ေအာင္ျမင္မႈကဘာလဲ၊ဘယ္လိုေ႐ြးခ်ယ္စရာမ်ားကို လက္ခံလို႔ရမလဲ၊ ကိုယ့္ဘက္က ဘာကိုစြန႔္လႊတ္သင့္သလဲ၊ညႇိႏႈိင္းလို႔မရတဲ့အရာက ဘာလဲ၊ တဖက္သားရဲ႕ ပန္းတိုင္က ဘာလဲ၊ဘယ္အခ်ိန္မွာ႐ုန္းထြက္သင့္သလဲစတာေတြကို အရင္ဆုံးျပင္ဆင္သင့္ပါတယ္။ကိုယ့္ရဲ႕ရပ္တည္ခ်က္ကို ထင္ထင္ရွားရွားျဖစ္ေစၿပီး ကိုယ့္ရဲ႕ျငင္းခုံခ်က္ကိုေစ့ေစ့စပ္စပ္ျပင္ဆင္ျခင္းကလည္း ေစ့စပ္ညႇိႏႈိင္းေရးစားပြဲမွာ ျဖစ္လာႏိုင္တဲ့ ပဋိပကၡေတြကို
ေလွ်ာ့ခ်ႏိုင္ၿပီး အေျဖရွာဖို႔အတြက္ အာ႐ုံစိုက္ႏိုင္မွာျဖစ္ပါတယ္။

ေဆြးေႏြးပါ

ေဆြးေႏြးတဲ့အဆင့္မွာ ႏွစ္ဖက္စလုံးက ေသေသခ်ာခ်ာရွင္းျပဖို႔လိုပါတယ္။ ဒီအဆင့္မွာခံစားခ်က္ေတြ ေရွ႕ေရာက္လာတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ရည္းမွန္းခ်က္ရွိဖို႔လိုပါတယ္။ ေနာက္ၿပီးခံစားခ်က္ေတြကိုထိန္းခ်ဳပ္ဖို႔ အေရးႀကီးပါတယ္။တဖက္ရဲ႕အျမင္ကိုနားလည္ဖို႔အတြက္ လိုအပ္တဲ့အခ်က္အလက္မ်ားကိုစုေဆာင္းဖို႔အဖြင့္ေမးခြန္းမ်ားေမးဖို႔လိုအပ္ပါတယ္။ နားလည္မႈလြဲမွားတာေတြက ညႇိႏႈိင္းမႈအ တြက္ေႏွာင့္ေႏွးေစႏိုင္တာကိုသတိျပဳပါ။ ဘုံအေျခခံကို ေဖာ္ထုတ္ႏိုင္ဖို႔ ႀကိဳးစားတာကသာအေကာင္းဆုံးျဖစ္ပါတယ္။

ညႇိႏႈိင္းပါ

ေ႐ြးခ်ယ္စရာမ်ားကို ေဆြးေႏြးၿပီး ႏွစ္ဦးႏွစ္ဖက္စလုံး တစုံတခုရရွိႏိုင္တဲ့ရလဒ္ကိုအာ႐ုံစိုက္ပါ။ ျပင္ဆင္မႈနဲ႔ ေဆြးေႏြးမႈအဆင့္မ်ားအတြင္းမွာ စုေဆာင္းထားတဲ့အခ်က္အလက္အားလုံးကို ညႇိႏႈိင္းမႈမွာခိုင္မာေစဖို႔ အသုံးျပဳပါ။တဖက္သားေျပာစကားကိုနားေထာင္ၿပီး သူတို႔ရဲ႕ ညႇိ ႏႈိင္းမႈက အဓိပၸာယ္ရွိတယ္ဆိုရင္သင့္ဘက္က ခ်ိန္ညႇိဖို႔ျပင္ဆင္ပါ။ စိတ္ခံစားခ်က္မ်ားက ဆုံးျဖတ္ခ်က္ခ်ရာမွာအားနည္းေစႏိုင္ပတယ္။ ဒါေၾကာင့္ သင့္ခံစားခ်က္မ်ားကို ယုတၱိေဗဒနဲ႔ ဟန္ခ်က္ညီေစဖို႔ေဝဖန္ပိုင္းျခားႏိုင္တဲ့ ေတြးေခၚမႈစြမ္းရည္မ်ားကို အသုံးျပဳၿပီး စစ္ ေဆးပါ။

သေဘာတူညီခ်က္တစ္ခုရွာပါ

လူတိုင္းရဲ႕အျမင္ရႈေထာင့္နဲ႔ စိတ္ဝင္စားမႈမ်ားကိုထည့္သြင္းစဥ္းစားၿပီးသင့္အတြက္ေကာင္းမြန္တဲ့အရာတခုကိုဆုံးျဖတ္ပါ။ေတာင္းဆိုခ်က္တိုင္းမွာအေလွ်ာ့အတင္းရွိႏိုင္တာကိုလက္ခံထားရပါမယ္။ ဥပမာအေနနဲ႔သင့္လစာကိုညႇိႏႈိင္းေနတာျဖစ္မယ္ဆိုရင္ သင့္အလုပ္ရွင္က သင့္ကိုလစာတိုးေပးဖို႔အတြက္ဘတ္ဂ်က္မရွိဘူးဆိုရင္ လုပ္ငန္းခြင္အေျခအေနကိုနားလည္ႏိုင္ရပါမယ္။ညႇိႏႈိင္းမႈမ်ားေက်လည္ခဲ့ပါက ညႇိႏႈိင္းထားတဲ့ စည္းကမ္းခ်က္မ်ားကို တရားဝင္စာခ်ဳပ္အျဖစ္သတ္မွတ္ပါ။ ၿပီးရင္ ႏွစ္ဦးႏွစ္ဘက္သေဘာတူညီထားတဲ့ စည္းကမ္းခ်က္မ်ားကို
အေကာင္အထည္ေဖာ္ပါ။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*