တပတ်မှာ အလုပ်လုပ်ရက် ၄ရက်အစီအစဉ်ကို အင်ဒိုနီးရှားအစိုးရ စတင်စမ်းသပ်

ကုန်ထုတ်စွမ်းအားနဲ့ လူတယောက်ရဲ့စိတ်ပျော်ရွှင်မှုအပေါ်သက်ရောက်မှုကို စမ်းသပ်ဖို့အတွက်အင်ဒိုနီးရှားဝန်ကြီးဌာက တပတ်မှာအလုပ်လုပ်ရက် ၄ရက်ကို စတင်စမ်းသပ်နေပြီဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံပိုင်စီးပွားရေးရာဝန်ကြီးဌာနမှာ တပတ်လေးရက်အစီအစဉ်ကိုအခုသီတင်းပတ်မှာ စတင်စမ်းသပ်နေတာဖြစ်ပါတယ်။ဒီစမ်းသပ်ချက်ကို လာမယ့်နှစ်လအတွင်း စမ်းသပ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။အ စမ်းလုပ်ကိုင်တဲ့ကာလအတွင်း လေးရက်အတွင်း အနည်းဆုံးအလုပ်လုပ်ချိန် နာရီ ၄၀လုပ်ကိုင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ပါရှိပါတယ်။ ပြီးတော့ ကုန်ထုတ်စွမ်းအားကဘယ်လောက်ရှိမလဲဆိုတာတွေနဲ့ ဒီရလဒ်အပေါ်မူတည်ပြီး ဒီအစီအစဉ်က ဆက်လုပ်ဖြစ်၊မလုပ်ဖြစ်ဆိုတာကို ဆုံးဖြတ်မှာလည်းဖြစ်ပါတယ်။

ဒီစမ်းသပ်မှုက ဝန်ထမ်းတွေရဲ့ကုန်ထုတ်စွမ်းအားကို တိုးတက်တာရှိ၊ မရှိသိနိုင်အောင်ရည်ရွယ်ထားတယ်လို့ အတွင်းဝန် Rabin Indrajab Hatari က ပြောပါတယ်။လေးရက်ကြာအလုပ်စနစ်အောက်မှာ အဖွဲ့များကို စီမံခန့်ခွဲတဲ့ မန်နေဂျာတွေရဲ့လုပ်ရည်ကိုင်ရည်ကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။ Mr Rabin ရဲ့ အဆိုအရ ဝန်ထမ်းများရဲ့ စိတ်ဖိစီးမှုအဆင့်ကို စစ်တမ်းကောက်ယူခဲ့ရာမှာလုပ်ငန်းခွင်နဲ့ဘဝဟန်ချက်ညီမှုပိုမိုကောင်းမွန်ဖို့လိုအပ်တာကိုတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ဒါက ဝန်ထမ်းတွေရဲ့ သုခချမ်းသာကို မြှင့်တင်ပေးမယ့် အစီအစဉ်တွေထဲက တစ်ခုပါလို့ Mr Rabin က ပြောကြားခဲ့ပါတယ်။

တပတ်လေးရက်အစီအစဉ်ကို မတ်လမှာအလုပ်သမားဝန်ကြီးက အဆိုပြုခဲ့တာဖြစ်ပါတယ်။သူ့အဆိုအရ မျိုးဆက်သစ်လူငယ် ၇၀ရာခိုင် နှုန်းက ကုန်ထုတ်စွမ်းအားကိုထိခိုက်စေနိုင်တဲ့စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေရှိနေတယ်လို့ဆိုပါတယ်။အခုစစ်ဆေးမှုကို နိုင်ငံပိုင်စီးပွားရေးရာဝန်ကြီးဌာနမှာအရင်စတင်ခဲ့တာဖြစ်ပြီးအခြားအစိုးရဝန်ကြီးဌာနတွေ တိုးချဲ့မလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဒီဝန်ကြီးဌာနက ဝန်ထမ်း၄၀၀ခန့်ရှိပြီး အင်ဒိုနီးရှားဝန်ကြီးဌာန ၃၄ခုအနက် အသေးငယ်ဆုံးတခုဖြစ်ပါတယ်။တပတ်ကိုအလုပ်လေးရက်ပြောင်းတဲ့ အစီအစဉ်ကို ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ စပိန်နဲ့ပေါ်တူဂီနိုင်ငံတို့လည်း လုပ်ဆောင်နေပြီဖြစ်ပါတယ်။အာရှနိုင်ငံတွေမှာတော့ ဂျပန်နိုင်ငံရှိမြို့တော်တော်များများမှာ စတင်စမ်းသပ်နေပြီဖြစ်ပါတယ်။

MYit

zawgyi

ကုန္ထုတ္စြမ္းအားနဲ႔ လူတေယာက္ရဲ႕စိတ္ေပ်ာ္႐ႊင္မႈအေပၚသက္ေရာက္မႈကို စမ္းသပ္ဖို႔အတြက္အင္ဒိုနီးရွားဝန္ႀကီးဌာက တပတ္မွာအလုပ္လုပ္ရက္ ၄ရက္ကို စတင္စမ္းသပ္ေနၿပီျဖစ္ပါတယ္။အင္ဒိုနီးရွားႏိုင္ငံပိုင္စီးပြားေရးရာဝန္ႀကီးဌာနမွာ တပတ္ေလးရက္အစီအစဥ္ကိုအခုသီတင္းပတ္မွာ စတင္စမ္းသပ္ေနတာျဖစ္ပါတယ္။ဒီစမ္းသပ္ခ်က္ကို လာမယ့္ႏွစ္လအတြင္း စမ္းသပ္လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။အ စမ္းလုပ္ကိုင္တဲ့ကာလအတြင္း ေလးရက္အတြင္း အနည္းဆုံးအလုပ္လုပ္ခ်ိန္ နာရီ ၄၀လုပ္ကိုင္ရမယ္ဆိုတဲ့ သတ္မွတ္ခ်က္ပါရွိပါတယ္။ ၿပီးေတာ့ ကုန္ထုတ္စြမ္းအားကဘယ္ေလာက္ရွိမလဲဆိုတာေတြနဲ႔ ဒီရလဒ္အေပၚမူတည္ၿပီး ဒီအစီအစဥ္က ဆက္လုပ္ျဖစ္၊မလုပ္ျဖစ္ဆိုတာကို ဆုံးျဖတ္မွာလည္းျဖစ္ပါတယ္။

ဒီစမ္းသပ္မႈက ဝန္ထမ္းေတြရဲ႕ကုန္ထုတ္စြမ္းအားကို တိုးတက္တာရွိ၊ မရွိသိႏိုင္ေအာင္ရည္႐ြယ္ထားတယ္လို႔ အတြင္းဝန္ Rabin Indrajab Hatari က ေျပာပါတယ္။ေလးရက္ၾကာအလုပ္စနစ္ေအာက္မွာ အဖြဲ႕မ်ားကို စီမံခန႔္ခြဲတဲ့ မန္ေနဂ်ာေတြရဲ႕လုပ္ရည္ကိုင္ရည္ကိုလည္း သိရွိႏိုင္မွာျဖစ္ပါတယ္။ Mr Rabin ရဲ႕ အဆိုအရ ဝန္ထမ္းမ်ားရဲ႕ စိတ္ဖိစီးမႈအဆင့္ကို စစ္တမ္းေကာက္ယူခဲ့ရာမွာလုပ္ငန္းခြင္နဲ႔ဘဝဟန္ခ်က္ညီမႈပိုမိုေကာင္းမြန္ဖို႔လိုအပ္တာကိုေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။ဒါက ဝန္ထမ္းေတြရဲ႕ သုခခ်မ္းသာကို ျမႇင့္တင္ေပးမယ့္ အစီအစဥ္ေတြထဲက တစ္ခုပါလို႔ Mr Rabin က ေျပာၾကားခဲ့ပါတယ္။

တပတ္ေလးရက္အစီအစဥ္ကို မတ္လမွာအလုပ္သမားဝန္ႀကီးက အဆိုျပဳခဲ့တာျဖစ္ပါတယ္။သူ႔အဆိုအရ မ်ိဳးဆက္သစ္လူငယ္ ၇၀ရာခိုင္ ႏႈန္းက ကုန္ထုတ္စြမ္းအားကိုထိခိုက္ေစႏိုင္တဲ့စိတ္က်န္းမာေရးဆိုင္ရာ ျပႆနာေတြရွိေနတယ္လို႔ဆိုပါတယ္။အခုစစ္ေဆးမႈကို ႏိုင္ငံပိုင္စီးပြားေရးရာဝန္ႀကီးဌာနမွာအရင္စတင္ခဲ့တာျဖစ္ၿပီးအျခားအစိုးရဝန္ႀကီးဌာနေတြ တိုးခ်ဲ႕မလားဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။ဒီဝန္ႀကီးဌာနက ဝန္ထမ္း၄၀၀ခန႔္ရွိၿပီး အင္ဒိုနီးရွားဝန္ႀကီးဌာန ၃၄ခုအနက္ အေသးငယ္ဆုံးတခုျဖစ္ပါတယ္။တပတ္ကိုအလုပ္ေလးရက္ေျပာင္းတဲ့ အစီအစဥ္ကို ဂ်ာမနီ၊ ဘယ္လ္ဂ်ီယံ၊ ၿဗိတိန္၊ စပိန္နဲ႔ေပၚတူဂီႏိုင္ငံတို႔လည္း လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။အာရွႏိုင္ငံေတြမွာေတာ့ ဂ်ပန္ႏိုင္ငံရွိၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ စတင္စမ္းသပ္ေနၿပီျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*