ဝန်ထမ်းတွေအလုပ်ထွက်စေတဲ့ ခေါင်းဆောင်တွေရဲ့အမှား (၆)ခု

ဝန်ထမ်းတဦးဆုံးရှုံးလိုက်ရတာက ကိုယ့်အဖွဲ့ထဲမှာ စိတ်ဓာတ်ရေးရာအပေါ်မှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိစေနိုင်ပြီး တဖက်မှာလည် ကုန်ထုတ်စွမ်းအားကိုအားနည်းထိခိုက်စေပါတယ်။ ဒါကို ဒိုမီနိုအကျိုးသက်ရောက်မှုလို့လည်း ခေါ်လို့ရပါတယ်။ဝန်ထမ်းတွေအလုပ်ထွက်ရခြင်းအကြောင်း ရပြချက်များစွာရှိနိုင်ပါတယ်။အခုပြောပြမယ့်အချက်တွေကတော့ ခေါင်းဆောင်တွေရဲ့ စီမံခန့်ခွဲမှုအမှား ကြောင့်
ဝန်ထမ်းတွေကုမ္ပဏီကိုစွန့်ခွာသွားတဲ့အချက်တွေပဲဖြစ်ပါတယ်။

ဘက်လိုက်မှုနဲ့ ဦးဆောင်တာ

ဒီအချက်ကတော့ ဝန်ထမ်းတွေ အလုပ်ထွက်စေတဲ့ အဓိကအချက်လည်းဖြစ်စေပါတယ်။လုပ်ငန်းခွင်မှာ မမျှတဘူးဆိုရင် ဘယ်ဝန်ထမ်းကမှ ရေရှည်အလုပ်မလုပ်ချင်ကြပါဘူး။ခေါင်းဆောင်တွေကိုယ်တိုင်က မျှတတဲ့၊ လေးစားဖွယ်ကောင်းတဲ့ ခေါင်းဆောင်ကောင်းတွေဖြစ် ဖို့လိုပါတယ်။ သူ့လူကိုယ့်လူခွဲခြားပြီး အခွင့်အရေးကို ကိုယ့်လူကိုပေးတာတွေ၊လုပ်ကိုင်စေတာတွေက မမျှတတဲ့လုပ်ငန်းခွင်ဖြစ်ပေါတယ်။ ဒီအခြေအနေက သင့်အဖွဲ့အစည်းကိုပျက်စီးစေတဲ့ အမူအကျင့်တခုလည်းဖြစ်စေတာကြောင့် အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်။

လက်တွေ့မကျတဲ့ ပန်းတိုင်တွေ၊ မျှော်လင့်ချက်တွေကို သတ်မှတ်တာ

လက်တွေ့နဲ့မကိုက်တဲ့ ပန်းတိုင်တွေ၊ မျှော်လင့်ချက်တွေကလည်း ဝန်ထမ်းတွေအတွက်အခက်တွေ့စေတဲ့ အခက်တခုဖြစ်ပါတယ်။ လက် တွေ့လုပ်ငန်းခွင်မှာက ခေါင်းဆောင်တွေပြောသလို လိုက်မလိုက်နိုင်သေးတဲ့အခြေအနေမှာ တဖက်မှာလည်း ဖိအားတွေရှိနေတာကြောင့်
ဝန်ထမ်းတွေအတွက်က စိတ်ဖိစီးမှုတွေမြင့်မားလာပြီး အကျိုးဆက်အနေနဲ့ကတော့အလုပ်ကိုစိတ်ပျက်ပြီး စွန့်ခွာသွားတာမျိုးဖြစ်နိုင်ပါတယ်။

လုပ်ငန်းစဉ်မှာ ကန့်သတ်ချက်များ များလွန်းတာ

တချို့စည်းမျဉ်းစည်းကမ်းတွေ၊ ကန့်သတ်ချက်တွေကလည်းလုပ်ငန်းခွင်ရဲ့ကုန်ထုတ်စွမ်းအားအတွက် ကြီးမားတဲ့အတားအဆီးတခုအဖြစ်ရှိနေစေတယ်ဆိုတာကို ခေါင်းဆောင်တွေ သတိချပ်သင့်ပါတယ်။အလုပ်လုပ်ရတဲ့ အဆင့်တိုင်းမှာ စနစ်တကျနဲ့ သပ်သပ်ရပ်ရပ်သွားတာက ကောင်းမွန်တဲ့နည်းစနစ်တခုဖြစ်ပါတယ်။ ဒီအတိုင်းအတာထက်ကျော်လွန်းပြီးလုပ်ငန်းစဉ်တခုလုပ်ဆောင်ဖို့အတွက် ကန့်သတ်ချက်များတာ၊လုပ်ရမယ့်အဆင့်တွေများတာတွေက သင့်အလုပ်အတွက် အကျိုးဖြစ်စေရဲ့လားဆိုတာကိုပြန်လည်သုံးသပ်ဖို့လိုပါတယ်။ ဒီလိုကန့်သတ်ချက်တွေက တကယ်ရောအကျိုးဖြစ်ထွန်းရဲ့လား။ အလုပ်နှောင့်နှေးမှုကိုပဲဖြစ်စေသလား၊ ဝန်ထမ်းတွေရဲ့တက်ကြွနေတဲ့စိတ်ကို အားလျော့စေသလားဆိုတာကို ပြန်လည်စီစိဖို့လိုပါတယ်။တချို့ဝန်ထမ်းတွေက ဒီလိုစနစ်တွေကိုမကြိုက်တာကြောင့်လည်းအလုပ်ကနေစွန့်ခွာကြပါတယ်။

အရင်းအမြစ်များဖြုန်းတီးတာ

ဒီနေရာမှာ တချို့အစည်းအဝေးတွေကလည်း အရင်းအမြစ်များကိုဖြုန်းတီးရာရောက်ပါတယ်။အစည်းအဝေးက ရှိသင့်ရှိထိုက်တာထက်ပိုပြီး ရှိနေပြန်ရင်လည်း မကောင်းပါဘူး။လူ့အရင်းအမြစ်တွေ၊ အချိန်အရင်းအမြစ်တွေ၊ စွမ်းအင်အရင်းအမြစ်တွေကအဲဒီအစည်းအဝေးတွေမှာ ပဲအချိန်ကုန်ပြီး တကယ်အလုပ်မဖြစ်တော့ပါဘူး။ ဒါကြောင့်ဒီအစည်းအဝေးခန်းထဲက ဝန်ထမ်းက ဒီမှာရှိနေဖို့ သေချာရဲ့လားဆိုတာ ဆုံးဖြတ်ပါ။ဒီလိုအရင်းအမြစ်တွေ ဖြုန်းတီးတာတွေကနေလည်း ဝန်ထမ်းတွေကလုပ်ငန်းခွင်ကိုစိတ်ကုန်လာစေပါတယ်။

လူမှန်နေရာမှန်မရှိတာ

ခေါင်းဆောင်ကောင်းတယောက်ရဲ့အရည်အချင်းတွေထဲမှာ ဝန်ထမ်းတွေကို လူမှန်နေရာမှန်ရွေးချယ်တတ်တာကလည်း ပါဝင်ပါတယ်။ လူမှန်နေရာမှန်ရှိမယ်ဆိုရင် လုပ်ငန်းခွင်က ပိုမိုတိုးတက်အောင်မြင်နိုင်ပါတယ်။ သူတို့လက်ရှိရောက်နေရာမှာမပျော်ဘူး၊ စိတ်မပါဘူးဆိုရင် သင့်ရဲ့နေရာချထားပေးရေးက တခုခုမှားနေပါပြီ။ သူ့နေရာနဲ့သူအံဝင်ဂွင်ကျဖြစ်မယ်ဆိုရင်တော့အလုပ် အတွက်လည်း အဆင်ပြေ၊ ဝန်ထမ်းတွေအတွက်လည်း ပျော်ရွှင်ပြီးစိတ်ချမ်းသာရတဲ့လုပ်ငန်းခွင်တခု ဖြစ်လာစေမှာဖြစ်ပါတယ်။

ငြီးငွေ့စရာဖြစ်စေတာ

အလုပ်က ငြီးငွေ့စရာကောင်းတယ်ဆိုတာ ဘယ်လိုအချက်တွေလို့သင်ထင်ပါသလဲ။သင်ကိုယ်တိုင်ရော အလုပ်မှာ ငြီးငွေ့စရာကောင်းတယ်လို့ ခံစားဖူးပါသလား။ကိုယ်စိတ်မဝင်စားတဲ့ အကြောင်းအရာတွေကို လုပ်ဖို့တာဝန်ပေးအပ်ခံလာရတဲ့အခါမှာအလုပ်က ငြီးငွေ့စရာဖြစ်စေပါတယ်။ ဝန်ထမ်းတွေက သူတို့စိတ်မဝင်စားတဲ့အလုပ်တွေလုပ်နေရရင်လည်း အလုပ်က ငြီးငွေ့စရာလို့ထင်လာတတ်ပါတယ်။
စိတ်ဓာတ်တက်ကြွမှုတွေပျောက်ဆုံးလာတတ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိတဲ့လုပ်ငန်းခွင်

တနေ့မှာ ၈နာရီနဲ့ တပတ်မှာ အနည်းဆုံး ၄၈နာရီလောက် အချိန်ကုန်နေရတဲ့အလုပ်ပတ်ဝန်းကျင်တခုက ကိုယ့်ကိုစိတ်လုံခြုံမှုမရှိစေဘူးဆိုရင်ဒီအလုပ်ကိုစွန့်ခွာမှာအသေအချာပါပဲ။ ဒါကြောင့် ခေါင်းဆောင်လုပ်သူတွေကကိုယ့်ရဲ့ဝန်ထမ်းတွေ အလုပ်မှာစိတ်ပိုင်းဆိုင်ရာလုံခြုံနွေးထွေးမှုရှိစေဖို့ စီမံပေးနိုင်ရပါမယ်။ရန်လိုတဲ့ လုပ်ငန်းခွင်၊ တဦးကို တဦးပုတ်ခတ်နေတဲ့ လုပ်ငန်းခွင်မျိုးမှာ ဘယ်သူကမှမပျော်နိုင်ကြပါဘူး။ တယောက်အမှား တယောက်စောင့်ပြီး အခွင့်သာတဲ့အခါ တွန်းချချင်တဲ့လုပ်ဖော်ကိုင်ဖက်တွေရှိနေရင်လည်း အလုပ်က အိပ်မက်ဆိုးဖြစ်စေပါတယ်။ဒီလိုအကြောက်တရားတွေ၊ အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ လုပ်ငန်းခွင် မဖြစ်စေဖို့ခေါင်းဆောင်တွေမှာတာဝန်ရှိပါတယ်။ ဝန်ထမ်းတွေအတွက် စိတ်လုံခြုံမှုရှိစေဖို့၊ဘေးကင်တဲ့လုပ်ငန်းခွင်လို့ ခံစားရစေဖို့ ယုံကြည်မှုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ပေးသင့်ပါတယ်။

ဒီအချက်တွေကိုခေါင်းဆောင်တွေအနေနဲ့ ဆန်းစစ်ပြီး မျှတတဲ့လုပ်ငန်းခွင်၊ ပျော်ရွှင်တဲ့လုပ်ငန်းခွင်၊ တက်ကြွတဲ့လုပ်ငန်းအဖြစ် ဖန်တီးပေးနိုင်ဖို့မျှော်လင့်မိပါတယ်။ ပိုမိုကောင်းမွန်တဲ့စီမံခန့်ခွဲမှုတွေက အကျိုးရှိတဲ့၊ ဆန်းသစ်တီထွင်မှုရှိတဲ့၊ စိတ်ကျေနပ်မှုရှိတဲ့အဖွဲ့တခုကိုမွေးထုတ်ပေးနိုင်ပါတယ်။

MYit

zawgyi

ဝန္ထမ္းတဦးဆုံးရႈံးလိုက္ရတာက ကိုယ့္အဖြဲ႕ထဲမွာ စိတ္ဓာတ္ေရးရာအေပၚမွာ ႀကီးမားတဲ့အက်ိဳးသက္ေရာက္မႈရွိေစႏိုင္ၿပီး တဖက္မွာလည္ ကုန္ထုတ္စြမ္းအားကိုအားနည္းထိခိုက္ေစပါတယ္။ ဒါကို ဒိုမီႏိုအက်ိဳးသက္ေရာက္မႈလို႔လည္း ေခၚလို႔ရပါတယ္။ဝန္ထမ္းေတြအလုပ္ထြက္ရျခင္းအေၾကာင္း ရျပခ်က္မ်ားစြာရွိႏိုင္ပါတယ္။အခုေျပာျပမယ့္အခ်က္ေတြကေတာ့ ေခါင္းေဆာင္ေတြရဲ႕ စီမံခန႔္ခြဲမႈအမွား ေၾကာင့္
ဝန္ထမ္းေတြကုမၸဏီကိုစြန႔္ခြာသြားတဲ့အခ်က္ေတြပဲျဖစ္ပါတယ္။

ဘက္လိုက္မႈနဲ႔ ဦးေဆာင္တာ

ဒီအခ်က္ကေတာ့ ဝန္ထမ္းေတြ အလုပ္ထြက္ေစတဲ့ အဓိကအခ်က္လည္းျဖစ္ေစပါတယ္။လုပ္ငန္းခြင္မွာ မမွ်တဘူးဆိုရင္ ဘယ္ဝန္ထမ္းကမွ ေရရွည္အလုပ္မလုပ္ခ်င္ၾကပါဘူး။ေခါင္းေဆာင္ေတြကိုယ္တိုင္က မွ်တတဲ့၊ ေလးစားဖြယ္ေကာင္းတဲ့ ေခါင္းေဆာင္ေကာင္းေတြျဖစ္ ဖို႔လိုပါတယ္။ သူ႔လူကိုယ့္လူခြဲျခားၿပီး အခြင့္အေရးကို ကိုယ့္လူကိုေပးတာေတြ၊လုပ္ကိုင္ေစတာေတြက မမွ်တတဲ့လုပ္ငန္းခြင္ျဖစ္ေပါတယ္။ ဒီအေျခအေနက သင့္အဖြဲ႕အစည္းကိုပ်က္စီးေစတဲ့ အမူအက်င့္တခုလည္းျဖစ္ေစတာေၾကာင့္ အျမန္ဆုံးျပဳျပင္ေျပာင္းလဲဖို႔လိုအပ္ပါတယ္။

လက္ေတြ႕မက်တဲ့ ပန္းတိုင္ေတြ၊ ေမွ်ာ္လင့္ခ်က္ေတြကို သတ္မွတ္တာ

လက္ေတြ႕နဲ႔မကိုက္တဲ့ ပန္းတိုင္ေတြ၊ ေမွ်ာ္လင့္ခ်က္ေတြကလည္း ဝန္ထမ္းေတြအတြက္အခက္ေတြ႕ေစတဲ့ အခက္တခုျဖစ္ပါတယ္။ လက္ ေတြ႕လုပ္ငန္းခြင္မွာက ေခါင္းေဆာင္ေတြေျပာသလို လိုက္မလိုက္ႏိုင္ေသးတဲ့အေျခအေနမွာ တဖက္မွာလည္း ဖိအားေတြရွိေနတာေၾကာင့္
ဝန္ထမ္းေတြအတြက္က စိတ္ဖိစီးမႈေတြျမင့္မားလာၿပီး အက်ိဳးဆက္အေနနဲ႔ကေတာ့အလုပ္ကိုစိတ္ပ်က္ၿပီး စြန႔္ခြာသြားတာမ်ိဳးျဖစ္ႏိုင္ပါတယ္။

လုပ္ငန္းစဥ္မွာ ကန႔္သတ္ခ်က္မ်ား မ်ားလြန္းတာ

တခ်ိဳ႕စည္းမ်ဥ္းစည္းကမ္းေတြ၊ ကန႔္သတ္ခ်က္ေတြကလည္းလုပ္ငန္းခြင္ရဲ႕ကုန္ထုတ္စြမ္းအားအတြက္ ႀကီးမားတဲ့အတားအဆီးတခုအျဖစ္ရွိေနေစတယ္ဆိုတာကို ေခါင္းေဆာင္ေတြ သတိခ်ပ္သင့္ပါတယ္။အလုပ္လုပ္ရတဲ့ အဆင့္တိုင္းမွာ စနစ္တက်နဲ႔ သပ္သပ္ရပ္ရပ္သြားတာက ေကာင္းမြန္တဲ့နည္းစနစ္တခုျဖစ္ပါတယ္။ ဒီအတိုင္းအတာထက္ေက်ာ္လြန္းၿပီးလုပ္ငန္းစဥ္တခုလုပ္ေဆာင္ဖို႔အတြက္ ကန႔္သတ္ခ်က္မ်ားတာ၊လုပ္ရမယ့္အဆင့္ေတြမ်ားတာေတြက သင့္အလုပ္အတြက္ အက်ိဳးျဖစ္ေစရဲ႕လားဆိုတာကိုျပန္လည္သုံးသပ္ဖို႔လိုပါတယ္။ ဒီလိုကန႔္သတ္ခ်က္ေတြက တကယ္ေရာအက်ိဳးျဖစ္ထြန္းရဲ႕လား။ အလုပ္ေႏွာင့္ေႏွးမႈကိုပဲျဖစ္ေစသလား၊ ဝန္ထမ္းေတြရဲ႕တက္ႂကြေနတဲ့စိတ္ကို အားေလ်ာ့ေစသလားဆိုတာကို ျပန္လည္စီစိဖို႔လိုပါတယ္။တခ်ိဳ႕ဝန္ထမ္းေတြက ဒီလိုစနစ္ေတြကိုမႀကိဳက္တာေၾကာင့္လည္းအလုပ္ကေနစြန႔္ခြာၾကပါတယ္။

အရင္းအျမစ္မ်ားျဖဳန္းတီးတာ

ဒီေနရာမွာ တခ်ိဳ႕အစည္းအေဝးေတြကလည္း အရင္းအျမစ္မ်ားကိုျဖဳန္းတီးရာေရာက္ပါတယ္။အစည္းအေဝးက ရွိသင့္ရွိထိုက္တာထက္ပိုၿပီး ရွိေနျပန္ရင္လည္း မေကာင္းပါဘူး။လူ႔အရင္းအျမစ္ေတြ၊ အခ်ိန္အရင္းအျမစ္ေတြ၊ စြမ္းအင္အရင္းအျမစ္ေတြကအဲဒီအစည္းအေဝးေတြမွာ ပဲအခ်ိန္ကုန္ၿပီး တကယ္အလုပ္မျဖစ္ေတာ့ပါဘူး။ ဒါေၾကာင့္ဒီအစည္းအေဝးခန္းထဲက ဝန္ထမ္းက ဒီမွာရွိေနဖို႔ ေသခ်ာရဲ႕လားဆိုတာ ဆုံးျဖတ္ပါ။ဒီလိုအရင္းအျမစ္ေတြ ျဖဳန္းတီးတာေတြကေနလည္း ဝန္ထမ္းေတြကလုပ္ငန္းခြင္ကိုစိတ္ကုန္လာေစပါတယ္။

လူမွန္ေနရာမွန္မရွိတာ

ေခါင္းေဆာင္ေကာင္းတေယာက္ရဲ႕အရည္အခ်င္းေတြထဲမွာ ဝန္ထမ္းေတြကို လူမွန္ေနရာမွန္ေ႐ြးခ်ယ္တတ္တာကလည္း ပါဝင္ပါတယ္။ လူမွန္ေနရာမွန္ရွိမယ္ဆိုရင္ လုပ္ငန္းခြင္က ပိုမိုတိုးတက္ေအာင္ျမင္ႏိုင္ပါတယ္။ သူတို႔လက္ရွိေရာက္ေနရာမွာမေပ်ာ္ဘူး၊ စိတ္မပါဘူးဆိုရင္ သင့္ရဲ႕ေနရာခ်ထားေပးေရးက တခုခုမွားေနပါၿပီ။ သူ႔ေနရာနဲ႔သူအံဝင္ဂြင္က်ျဖစ္မယ္ဆိုရင္ေတာ့အလုပ္ အတြက္လည္း အဆင္ေျပ၊ ဝန္ထမ္းေတြအတြက္လည္း ေပ်ာ္႐ႊင္ၿပီးစိတ္ခ်မ္းသာရတဲ့လုပ္ငန္းခြင္တခု ျဖစ္လာေစမွာျဖစ္ပါတယ္။

ၿငီးေငြ႕စရာျဖစ္ေစတာ

အလုပ္က ၿငီးေငြ႕စရာေကာင္းတယ္ဆိုတာ ဘယ္လိုအခ်က္ေတြလို႔သင္ထင္ပါသလဲ။သင္ကိုယ္တိုင္ေရာ အလုပ္မွာ ၿငီးေငြ႕စရာေကာင္းတယ္လို႔ ခံစားဖူးပါသလား။ကိုယ္စိတ္မဝင္စားတဲ့ အေၾကာင္းအရာေတြကို လုပ္ဖို႔တာဝန္ေပးအပ္ခံလာရတဲ့အခါမွာအလုပ္က ၿငီးေငြ႕စရာျဖစ္ေစပါတယ္။ ဝန္ထမ္းေတြက သူတို႔စိတ္မဝင္စားတဲ့အလုပ္ေတြလုပ္ေနရရင္လည္း အလုပ္က ၿငီးေငြ႕စရာလို႔ထင္လာတတ္ပါတယ္။
စိတ္ဓာတ္တက္ႂကြမႈေတြေပ်ာက္ဆုံးလာတတ္ပါတယ္။

စိတ္ပိုင္းဆိုင္ရာလုံၿခဳံမႈမရွိတဲ့လုပ္ငန္းခြင္

တေန႔မွာ ၈နာရီနဲ႔ တပတ္မွာ အနည္းဆုံး ၄၈နာရီေလာက္ အခ်ိန္ကုန္ေနရတဲ့အလုပ္ပတ္ဝန္းက်င္တခုက ကိုယ့္ကိုစိတ္လုံၿခဳံမႈမရွိေစဘူးဆိုရင္ဒီအလုပ္ကိုစြန႔္ခြာမွာအေသအခ်ာပါပဲ။ ဒါေၾကာင့္ ေခါင္းေဆာင္လုပ္သူေတြကကိုယ့္ရဲ႕ဝန္ထမ္းေတြ အလုပ္မွာစိတ္ပိုင္းဆိုင္ရာလုံၿခဳံေႏြးေထြးမႈရွိေစဖို႔ စီမံေပးႏိုင္ရပါမယ္။ရန္လိုတဲ့ လုပ္ငန္းခြင္၊ တဦးကို တဦးပုတ္ခတ္ေနတဲ့ လုပ္ငန္းခြင္မ်ိဳးမွာ ဘယ္သူကမွမေပ်ာ္ႏိုင္ၾကပါဘူး။ တေယာက္အမွား တေယာက္ေစာင့္ၿပီး အခြင့္သာတဲ့အခါ တြန္းခ်ခ်င္တဲ့လုပ္ေဖာ္ကိုင္ဖက္ေတြရွိေနရင္လည္း အလုပ္က အိပ္မက္ဆိုးျဖစ္ေစပါတယ္။ဒီလိုအေၾကာက္တရားေတြ၊ အမုန္းတရားေတြနဲ႔ ျပည့္ႏွက္ေနတဲ့ လုပ္ငန္းခြင္ မျဖစ္ေစဖို႔ေခါင္းေဆာင္ေတြမွာတာဝန္ရွိပါတယ္။ ဝန္ထမ္းေတြအတြက္ စိတ္လုံၿခဳံမႈရွိေစဖို႔၊ေဘးကင္တဲ့လုပ္ငန္းခြင္လို႔ ခံစားရေစဖို႔ ယုံၾကည္မႈနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးတည္ေဆာက္ေပးသင့္ပါတယ္။

ဒီအခ်က္ေတြကိုေခါင္းေဆာင္ေတြအေနနဲ႔ ဆန္းစစ္ၿပီး မွ်တတဲ့လုပ္ငန္းခြင္၊ ေပ်ာ္႐ႊင္တဲ့လုပ္ငန္းခြင္၊ တက္ႂကြတဲ့လုပ္ငန္းအျဖစ္ ဖန္တီးေပးႏိုင္ဖို႔ေမွ်ာ္လင့္မိပါတယ္။ ပိုမိုေကာင္းမြန္တဲ့စီမံခန႔္ခြဲမႈေတြက အက်ိဳးရွိတဲ့၊ ဆန္းသစ္တီထြင္မႈရွိတဲ့၊ စိတ္ေက်နပ္မႈရွိတဲ့အဖြဲ႕တခုကိုေမြးထုတ္ေပးႏိုင္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*