KPIs အကြောင်းဘာတွေသိထားဖို့လိုမလဲ

လုပ်ငန်းတစ်ခုရဲ့ရည်မှန်းချက်တွေ ပြည့်မီ၊မမီကိုတိုင်းတာဖို့အတွက်နည်းလမ်းတွေအများကြီးသုံးနိုင်ကြပါတယ်။ တစ်ဦးချင်းအလိုက်၊ အ ဖွဲ့လိုက်သို့မဟုတ်ကုမ္ပဏီတစ်ခုလုံးရဲ့တိုးတက်မှုတွေကိုတိုင်းတာဖို့အတွက်ရေပန်းစားတဲ့နည်းလမ်းတစ်ခုကတော့ Key Performance Indicators(KPIs) အသုံးပြုခြင်းဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေနဲ့အဖွဲ့အစည်းတွေက ချမှတ်ထားတဲ့ရည်မှန်းချက်တွေပြည့်ဝစေဖို့နဲ့
ရှယ်ယာရှင်တွေရဲ့လိုအပ်ချက်တွေကိုပြည့်မီစေဖို့အတွက်လည်း KPIs ကိုအသုံးချလေ့ရှိကြပါတယ်။အဖွဲ့အစည်းတွေဟာ ဘယ်အဆင့်ဝန်ထမ်းမဆိုသူတို့ရဲ့အလုပ်ကိုအာရုံစိုက်စေဖို့နဲ့ဆုံးဖြတ်ချက်ချတဲ့နေရာမှာအကူအညီဖြစ်ဖို့၊ လုပ်ရည်ကိုင်ရည်တွေတိုးတက်လာစေဖို့စတဲ့ရည်ရွယ်ချက်တွေနဲ့ KPIs ကိုသုံးကြတာဖြစ်ပါတယ်။ KPIs ရလဒ်တွေကိုကြည့်ပြီး ဝန်ထမ်းတစ်ဦးချင်း ဒါမှမဟုတ် အဖွဲ့တစ်ခုလုံးက သူတို့ရဲ့တိုးတက်လာမှုနဲ့သူတို့ရဲ့ Career ဟာဘယ်လိုတိုးတက်ပြောင်းလဲနိုင်မလဲဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။

KPIs ဘယ်နှမျိုးရှိသလဲ
အဓိကကျတဲ့ KPIs အမျိုးအစား 2 မျိုးရှိပါတယ်။အဲဒါတွေက Lagging Vs Leading KPIs နဲ့ High Vs Low KPIs တွေဖြစ်ပါတယ်။
Lagging KPIs ကတော့ လုပ်ငန်းတစ်ခုရဲ့လက်ရှိအခြေအနေနဲ့ သတ်မှတ်ကာလတစ်ခုပြီးတဲ့အချိန်မှာရည်မှန်းချက်တွေ ဘယ်လောက်အောင်မြင်လဲဆိုတာကိုတိုင်းတာမှာဖြစ်ပါတယ်။ Leading KPIs ဆိုတာကတော့ လုပ်ငန်းတစ်ခုရဲ့အနာဂတ်ကို တိုင်းတာဆုံးဖြတ်တာဖြစ်ပါတယ်။ High KPIs ကတော့ Organization တစ်ခုလုံးရဲ့ Goals တွေကိုတိုင်းတာခြင်းဖြစ်ပါတယ်။ကုမ္ပဏီတစ်ခုလုံးရဲ့ အောင်မြင်မှုကိုတိုင်းတာခြင်းလို့လည်းဆိုနိုင်ပါတယ်။ Low KPIs ကတော့ Project အသေးလေးတွေရဲ့ တစ်ခုချင်းအောင်မြင်မှုကိုတိုင်းတာတာဖြစ်ပါတယ်။ ဌာနဆိုင်ရာဗျူဟာတွေလိုမျိုးအသေးစားပရောဂျက်တွေကို ပစ်မှတ်ထားတိုင်းတာခြင်းဖြစ်ပါတယ်။‌ကောင်းမွန်တဲ့ ထိရောက်တဲ့ KPIs တစ်ခုမှာ အခုဖော်ပြမယ့်အရည်အသွေးတွေရှိနေရမှာဖြစ်ပါတယ်။

တိကျရှင်းလင်းခြင်း – အသေးစိတ်ကျပြီး ပြတ်သားရှင်းလင်းတဲ့ရည်မှန်းချက်ရှိရပါမယ်။ ဥပမာ -Customer တွေပိုပြီးစိတ်ကျေနပ်စေရမယ်ဆိုတာထက် Q3 အပြီးမှာ Customer တွေရဲ့စိတ်ကျေနပ်မှု 10% အထိတက်လာရမယ်ဆိုတာမျိုးဖြစ်ပါတယ်။

တိုင်းတာနိုင်ခြင်း – အပေါ်မှာဖော်ပြခဲ့တဲ့ ဥပမာလိုပဲ KPIs ဟာ တိုင်းတာလို့ရရမှာဖြစ်ပါတယ်။တိုင်းတာတဲ့အခါ ငွေကြေးပမာဏ ဒါမှမ ဟုတ် ရာခိုင်နှုန်း ဒါမှမဟုတ် ကိန်းဂဏန်းစတာတွေကိုအသုံးပြုနိုင်ပါတယ်။

ရယူဖို့ဖြစ်နိုင်ခြင်း – လက်တွေ့ကျပြီးဖြစ်နိုင်ချေရှိတဲ့ ပန်းတိုင်ဖြစ်ဖို့လိုပါတယ်။ KPIs သတ်မှတ်ခြင်းဟာဝန်ထမ်းတွေကိုစိတ်အားတက်ကြွစေဖို့၊ စိန်ခေါ်မှုတွေရှိစေဖို့ရည်ရွယ်ချက်ထားလုပ်ဆောင်သင့်တာဖြစ်ပြီးတော့ စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုတွေသာပိုလာတာမျိုးမဖြစ်စေသင့်ပါဘူး။

သက်ဆိုင်မှုရှိခြင်း – ကိုယ့်ရဲ့ Team ဟာ Marketing Department အောက်မှာရှိနေရင် ကိုယ့် Team အတွက်ချမှတ်တဲ့ KPIs တွေဟာလည်း Marketing Department တစ်ခုလုံးရဲ့ဦးတည်ချက်နဲ့ကိုက်ညီလိုက်ဖက်တာမျိုးဖြစ်ဖို့လိုပါတယ်။

အချိန်ကန့်သတ်ချက်ရှိခြင်း – KPIs ကိုတိုင်းတာဖို့ လက်တွေ့ကျတဲ့အချိန်ကန့်သတ်ချက်လိုပါတယ်။ဥပမာ – 3 လ၊ ၆ လ၊ ၁ နှစ်စတဲ့ကန့် သတ်ချက်တွေဖြစ်ပါတယ်။

သုံးသပ်ခြင်း – ကိုယ်သတ်မှတ်ထားတဲ့ KPIs ကို အမြဲတမ်းသုံးသပ်နေဖို့လည်းလိုပါတယ်။ ဒီ KPIs ကခုကာလနဲ့လိုက်လျောညီထွေဖြစ်လား၊ ဆီလျော်လား၊ ဘာတွေကအတားအဆီးဖြစ်နေတာလဲ၊ ငါ့မှာငွေကြေး၊ Tools နဲ့ ကျွမ်းကျင်မှုတွေ ထောက်ပံ့နိုင်စွမ်းရောရှိလား၊ KPIs တစ်ခုပြီးစီးသွားတဲ့အခါနောက်ထပ်ဘာကို ရည်မှန်းချက်ထားသင့်သလဲ ဆိုတာမျိုးတွေစဉ်းစားနိုင်ပါတယ်။ဒါတွေကတော့ KPIs နဲ့ပတ်သက်ပြီးသိထားသင့်တဲ့အခြေခံအချက်တွေပဲဖြစ်ပါတယ်။နောက်တစ်ခေါက်မှာတော့ ပြည့်စုံတဲ့ KPIs တစ်ခုကိုဘယ်လိုဖန်တီးမလဲ ဆိုတာမျှဝေပေးသွားပါမယ်။

Ju Ju

zawgyi

လုပ္ငန္းတစ္ခုရဲ႕ရည္မွန္းခ်က္ေတြ ျပည့္မီ၊မမီကိုတိုင္းတာဖို႔အတြက္နည္းလမ္းေတြအမ်ားႀကီးသုံးႏိုင္ၾကပါတယ္။ တစ္ဦးခ်င္းအလိုက္၊ အ ဖြဲ႕လိုက္သို႔မဟုတ္ကုမၸဏီတစ္ခုလုံးရဲ႕တိုးတက္မႈေတြကိုတိုင္းတာဖို႔အတြက္ေရပန္းစားတဲ့နည္းလမ္းတစ္ခုကေတာ့ Key Performance Indicators(KPIs) အသုံးျပဳျခင္းျဖစ္ပါတယ္။စီးပြားေရးလုပ္ငန္းေတြနဲ႔အဖြဲ႕အစည္းေတြက ခ်မွတ္ထားတဲ့ရည္မွန္းခ်က္ေတြျပည့္ဝေစဖို႔နဲ႔
ရွယ္ယာရွင္ေတြရဲ႕လိုအပ္ခ်က္ေတြကိုျပည့္မီေစဖို႔အတြက္လည္း KPIs ကိုအသုံးခ်ေလ့ရွိၾကပါတယ္။အဖြဲ႕အစည္းေတြဟာ ဘယ္အဆင့္ဝန္ထမ္းမဆိုသူတို႔ရဲ႕အလုပ္ကိုအာ႐ုံစိုက္ေစဖို႔နဲ႔ဆုံးျဖတ္ခ်က္ခ်တဲ့ေနရာမွာအကူအညီျဖစ္ဖို႔၊ လုပ္ရည္ကိုင္ရည္ေတြတိုးတက္လာေစဖို႔စတဲ့ရည္႐ြယ္ခ်က္ေတြနဲ႔ KPIs ကိုသုံးၾကတာျဖစ္ပါတယ္။ KPIs ရလဒ္ေတြကိုၾကည့္ၿပီး ဝန္ထမ္းတစ္ဦးခ်င္း ဒါမွမဟုတ္ အဖြဲ႕တစ္ခုလုံးက သူတို႔ရဲ႕တိုးတက္လာမႈနဲ႔သူတို႔ရဲ႕ Career ဟာဘယ္လိုတိုးတက္ေျပာင္းလဲႏိုင္မလဲဆိုတာကို သိရွိႏိုင္မွာျဖစ္ပါတယ္။

KPIs ဘယ္ႏွမ်ိဳးရွိသလဲ
အဓိကက်တဲ့ KPIs အမ်ိဳးအစား 2 မ်ိဳးရွိပါတယ္။အဲဒါေတြက Lagging Vs Leading KPIs နဲ႔ High Vs Low KPIs ေတြျဖစ္ပါတယ္။
Lagging KPIs ကေတာ့ လုပ္ငန္းတစ္ခုရဲ႕လက္ရွိအေျခအေနနဲ႔ သတ္မွတ္ကာလတစ္ခုၿပီးတဲ့အခ်ိန္မွာရည္မွန္းခ်က္ေတြ ဘယ္ေလာက္ေအာင္ျမင္လဲဆိုတာကိုတိုင္းတာမွာျဖစ္ပါတယ္။ Leading KPIs ဆိုတာကေတာ့ လုပ္ငန္းတစ္ခုရဲ႕အနာဂတ္ကို တိုင္းတာဆုံးျဖတ္တာျဖစ္ပါတယ္။ High KPIs ကေတာ့ Organization တစ္ခုလုံးရဲ႕ Goals ေတြကိုတိုင္းတာျခင္းျဖစ္ပါတယ္။ကုမၸဏီတစ္ခုလုံးရဲ႕ ေအာင္ျမင္မႈကိုတိုင္းတာျခင္းလို႔လည္းဆိုႏိုင္ပါတယ္။ Low KPIs ကေတာ့ Project အေသးေလးေတြရဲ႕ တစ္ခုခ်င္းေအာင္ျမင္မႈကိုတိုင္းတာတာျဖစ္ပါတယ္။ ဌာနဆိုင္ရာဗ်ဴဟာေတြလိုမ်ိဳးအေသးစားပေရာဂ်က္ေတြကို ပစ္မွတ္ထားတိုင္းတာျခင္းျဖစ္ပါတယ္။‌ေကာင္းမြန္တဲ့ ထိေရာက္တဲ့ KPIs တစ္ခုမွာ အခုေဖာ္ျပမယ့္အရည္အေသြးေတြရွိေနရမွာျဖစ္ပါတယ္။

တိက်ရွင္းလင္းျခင္း – အေသးစိတ္က်ၿပီး ျပတ္သားရွင္းလင္းတဲ့ရည္မွန္းခ်က္ရွိရပါမယ္။ ဥပမာ -Customer ေတြပိုၿပီးစိတ္ေက်နပ္ေစရမယ္ဆိုတာထက္ Q3 အၿပီးမွာ Customer ေတြရဲ႕စိတ္ေက်နပ္မႈ 10% အထိတက္လာရမယ္ဆိုတာမ်ိဳးျဖစ္ပါတယ္။

တိုင္းတာႏိုင္ျခင္း – အေပၚမွာေဖာ္ျပခဲ့တဲ့ ဥပမာလိုပဲ KPIs ဟာ တိုင္းတာလို႔ရရမွာျဖစ္ပါတယ္။တိုင္းတာတဲ့အခါ ေငြေၾကးပမာဏ ဒါမွမ ဟုတ္ ရာခိုင္ႏႈန္း ဒါမွမဟုတ္ ကိန္းဂဏန္းစတာေတြကိုအသုံးျပဳႏိုင္ပါတယ္။

ရယူဖို႔ျဖစ္ႏိုင္ျခင္း – လက္ေတြ႕က်ၿပီးျဖစ္ႏိုင္ေခ်ရွိတဲ့ ပန္းတိုင္ျဖစ္ဖို႔လိုပါတယ္။ KPIs သတ္မွတ္ျခင္းဟာဝန္ထမ္းေတြကိုစိတ္အားတက္ႂကြေစဖို႔၊ စိန္ေခၚမႈေတြရွိေစဖို႔ရည္႐ြယ္ခ်က္ထားလုပ္ေဆာင္သင့္တာျဖစ္ၿပီးေတာ့ စိတ္ဖိစီးမႈ၊ စိတ္ပင္ပန္းမႈေတြသာပိုလာတာမ်ိဳးမျဖစ္ေစသင့္ပါဘူး။

သက္ဆိုင္မႈရွိျခင္း – ကိုယ့္ရဲ႕ Team ဟာ Marketing Department ေအာက္မွာရွိေနရင္ ကိုယ့္ Team အတြက္ခ်မွတ္တဲ့ KPIs ေတြဟာလည္း Marketing Department တစ္ခုလုံးရဲ႕ဦးတည္ခ်က္နဲ႔ကိုက္ညီလိုက္ဖက္တာမ်ိဳးျဖစ္ဖို႔လိုပါတယ္။

အခ်ိန္ကန႔္သတ္ခ်က္ရွိျခင္း – KPIs ကိုတိုင္းတာဖို႔ လက္ေတြ႕က်တဲ့အခ်ိန္ကန႔္သတ္ခ်က္လိုပါတယ္။ဥပမာ – 3 လ၊ ၆ လ၊ ၁ ႏွစ္စတဲ့ကန႔္ သတ္ခ်က္ေတြျဖစ္ပါတယ္။

သုံးသပ္ျခင္း – ကိုယ္သတ္မွတ္ထားတဲ့ KPIs ကို အၿမဲတမ္းသုံးသပ္ေနဖို႔လည္းလိုပါတယ္။ ဒီ KPIs ကခုကာလနဲ႔လိုက္ေလ်ာညီေထြျဖစ္လား၊ ဆီေလ်ာ္လား၊ ဘာေတြကအတားအဆီးျဖစ္ေနတာလဲ၊ ငါ့မွာေငြေၾကး၊ Tools နဲ႔ ကြၽမ္းက်င္မႈေတြ ေထာက္ပံ့ႏိုင္စြမ္းေရာရွိလား၊ KPIs တစ္ခုၿပီးစီးသြားတဲ့အခါေနာက္ထပ္ဘာကို ရည္မွန္းခ်က္ထားသင့္သလဲ ဆိုတာမ်ိဳးေတြစဥ္းစားႏိုင္ပါတယ္။ဒါေတြကေတာ့ KPIs နဲ႔ပတ္သက္ၿပီးသိထားသင့္တဲ့အေျခခံအခ်က္ေတြပဲျဖစ္ပါတယ္။ေနာက္တစ္ေခါက္မွာေတာ့ ျပည့္စုံတဲ့ KPIs တစ္ခုကိုဘယ္လိုဖန္တီးမလဲ ဆိုတာမွ်ေဝေပးသြားပါမယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*