လုပ်ဖော်ကိုင်ဖက် အလုပ်ထွက်သွားချိန်မှာ ရင်ဆိုင်ဖြတ်သန်းနည်း

လုပ်ဖော်ကိုင်ဖက်တစ်ဦး အလုပ်ထွက်သွားချိန်မှာ ကျန်ရစ်ခဲ့သူတွေအပေါ် တာဝန်ပိလာပြီး အကူးအပြောင်းအတွက် အလုပ်ရှုပ်ရပြီ ဖြစ်ပါတယ်။ အပြောင်းအလဲကို တောင့်ခံပြီး ထိန်းထားနိုင်ဖို့အတွက် စိတ်ဓာတ်ကြံ့ခိုင်ရန် အရေးကြီးပါတယ်။ ရင်းနှီးခဲ့ဖူးသူတစ်ယောက် ဒါမှမဟုတ် အလုပ်မှာ အားထားရသူတစ်ဦး အလုပ်ထွက်ပြီဆိုရင် ကျန်ရစ်ခဲ့သူတွေအတွက် ရင်ဆိုင်ဖြေရှင်းနည်းကို တင်ဆက်ပေးလိုက်ပါတယ်။

ဆက်ဆံရေးအသစ်တစ်ခု တည်ဆောက်ပါ
အကျင့်စရိုက် မတူညီသူတွေနဲ့ လက်တွဲအလုပ်လုပ်ချိန်မှာ မိမိနဲ့ သဟဇာတ ဖြစ်သူအပေါ် ခင်မင်မှု ပိုကြတာ သဘာဝ ဖြစ်ပါတယ်။ အလုပ်ခွင်မှာ ခင်မင်ရသော လုပ်ဖော်ကိုင်ဖက်ကို တွေ့ချိန်မှာ ဘာမဆို ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ဖို့ ဆန္ဒရှိကြပါတယ်။ ဒီလိုမျိုး ရင်းနှီးသော ဆက်ဆံရေးကြောင့် အကျိုးကျေးဇူးများပေမဲ့ အခြားသူတွေအပေါ် လျစ်လျူရှုမိသလို ဖြစ်နေနိုင်ပါတယ်။ တကယ်တမ်း ခင်မင်ရသူ အလုပ်ထွက်သွားချိန်မှာ သင်ဟာ အဖွဲ့ဝင်အသစ်တွေနဲ့ ပေါင်းသင်းရေးကို အာရုံစိုက်ဖို့ လိုအပ်ပြီး အရင်က ငြင်းခဲ့သမျှ ပွဲတွေမှာ ပြန်လည်ပါဝင်ရတော့မှာ ဖြစ်ပါတယ်။

အချိန်ကို သေချာစွာ စီမံခန့်ခွဲပါ
တစ်စုံတစ်ဦး အဖွဲ့ထဲမှ ထွက်ခွာသွားချိန်မှာ အလုပ်နဲ့ တာဝန်များကို ကျန်ရစ်သူတွေအတွက် ချန်ထားရစ်ခဲ့ပါတယ်။ အစပိုင်းမှာ စိတ်ရှုပ်ရပေမဲ့ တာဝန်မျှဝေယူခြင်းက သင့်ရဲ့ အရည်အချင်းတွေ တိုးတက်လာစေမှာ ဖြစ်ပါတယ်။ အရာရာကို ကိုယ်တွယ်ဖြေရှင်းဖို့ မဖြစ်နိုင်ပေမဲ့ သင့်ဆီ ဝေစုရောက်လာသော အလုပ်အသစ်တွေအတွက် အချိန်ပေးပြီး ပြီးမြောက်အောင်မြင်အောင် စီမံကိန်းချကာ ဆောင်ရွက်သင့်ပါတယ်။

ခေါင်းဆောင်နေရာယူပါ
ဝန်ထမ်းတစ်ဦး အလုပ်ထွက်သွားချိန်မှာ အဖွဲ့ရဲ့ အဟုန်က ပြောင်းသွားတတ်ပါတယ်။ ဒီလိုအချိန်မှာ အရင်က အကောင်အထည်ဖော်ခွင့် မရခဲ့သော ပရောဂျက်တွေမှာ သင် ပါဝင်ပြီး အရည်အချင်းကို ပြသသင့်သလို ဦးဆောင်နိုင်သော၊ လမ်းညွှန်နိုင်သော ရာထူးမှနေပြီး ဝန်ထမ်းများကို ပံ့ပိုးနိုင်အောင် ကြိုးစားရပါမယ်။

ကျွမ်းကျင်မှုစွမ်းရည်အသစ် တည်ဆောက်ပါ
ကိုယ်ပိုင်စွမ်းရည်ကို အကောင်းဆုံးပြသနိုင်ဖို့ အလွယ်ကူဆုံး အလုပ်တွေကို ရွေးချယ်တတ်ကြတာ မထူးဆန်းပါဘူး။ ဥပမာ- မိတ်ဆွေက စာအရေးအသားကောင်းပြီး လုပ်ဖော်ကိုင်ဖက်က ဒီဇိုင်းပညာ ကျွမ်းကျင်သူဆိုရင် ကျွမ်းကျင်ရာပေါ် မူတည်ပြီး တာဝန်ခွဲဝေယူကြမှာ ဖြစ်ပါတယ်။ ဒါက အချိန်ကုန်သက်သာပေမဲ့ မိတ်ဆွေအတွက် ဒီဇိုင်းပညာ တတ်မြောက်ခွင့် ဆုံးရှုံးမှာ ဖြစ်ပါတယ်။ ဒီဇိုင်းကျွမ်းကျင်ရှင် လုပ်ဖော်ကိုင်ဖက် အလုပ်ထွက်သွားချိန်မှာ မိတ်ဆွေက ဒီဇိုင်း တတ်မြောက်အောင် သေချာပေါက် ကြိုးစားရပြီ ဖြစ်ပါတယ်။
လုပ်ငန်းခွင်တစ်ခုမှာ ထွက်သွားသူတွေကို တားရစ်ဖို့ မဖြစ်နိုင်သလို ကျန်ခဲ့သူတွေအတွက်လည်း လက်လျှော့လိုက်ဖို့ အခြေအနေ မပေးပါဘူး။ ဒါကြောင့် ကြုံလာသမျှ အခြေအနေကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းရန်သာ လိုအပ်ကြောင်း တိုက်တွန်းရေးသားလိုက်ပါတယ်။

zawgyi

လုပ္ေဖာ္ကိုင္ဖက္ အလုပ္ထြက္သြားခ်ိန္မွာ ရင္ဆိုင္ျဖတ္သန္းနည္း

လုပ္ေဖာ္ကိုင္ဖက္တစ္ဦး အလုပ္ထြက္သြားခ်ိန္မွာ က်န္ရစ္ခဲ့သူေတြအေပၚ တာဝန္ပိလာၿပီး အကူးအေျပာင္းအတြက္ အလုပ္ရႈပ္ရၿပီ ျဖစ္ပါတယ္။ အေျပာင္းအလဲကို ေတာင့္ခံၿပီး ထိန္းထားႏိုင္ဖို႔အတြက္ စိတ္ဓာတ္ႀကံ့ခိုင္ရန္ အေရးႀကီးပါတယ္။ ရင္းႏွီးခဲ့ဖူးသူတစ္ေယာက္ ဒါမွမဟုတ္ အလုပ္မွာ အားထားရသူတစ္ဦး အလုပ္ထြက္ၿပီဆိုရင္ က်န္ရစ္ခဲ့သူေတြအတြက္ ရင္ဆိုင္ေျဖရွင္းနည္းကို တင္ဆက္ေပးလိုက္ပါတယ္။

ဆက္ဆံေရးအသစ္တစ္ခု တည္ေဆာက္ပါ
အက်င့္စ႐ိုက္ မတူညီသူေတြနဲ႔ လက္တြဲအလုပ္လုပ္ခ်ိန္မွာ မိမိနဲ႔ သဟဇာတ ျဖစ္သူအေပၚ ခင္မင္မႈ ပိုၾကတာ သဘာဝ ျဖစ္ပါတယ္။ အလုပ္ခြင္မွာ ခင္မင္ရေသာ လုပ္ေဖာ္ကိုင္ဖက္ကို ေတြ႕ခ်ိန္မွာ ဘာမဆို ပူးေပါင္းေဆာင္႐ြက္ လုပ္ကိုင္ဖို႔ ဆႏၵရွိၾကပါတယ္။ ဒီလိုမ်ိဳး ရင္းႏွီးေသာ ဆက္ဆံေရးေၾကာင့္ အက်ိဳးေက်းဇူးမ်ားေပမဲ့ အျခားသူေတြအေပၚ လ်စ္လ်ဴရႈမိသလို ျဖစ္ေနႏိုင္ပါတယ္။ တကယ္တမ္း ခင္မင္ရသူ အလုပ္ထြက္သြားခ်ိန္မွာ သင္ဟာ အဖြဲ႕ဝင္အသစ္ေတြနဲ႔ ေပါင္းသင္းေရးကို အာ႐ုံစိုက္ဖို႔ လိုအပ္ၿပီး အရင္က ျငင္းခဲ့သမွ် ပြဲေတြမွာ ျပန္လည္ပါဝင္ရေတာ့မွာ ျဖစ္ပါတယ္။

အခ်ိန္ကို ေသခ်ာစြာ စီမံခန႔္ခြဲပါ
တစ္စုံတစ္ဦး အဖြဲ႕ထဲမွ ထြက္ခြာသြားခ်ိန္မွာ အလုပ္နဲ႔ တာဝန္မ်ားကို က်န္ရစ္သူေတြအတြက္ ခ်န္ထားရစ္ခဲ့ပါတယ္။ အစပိုင္းမွာ စိတ္ရႈပ္ရေပမဲ့ တာဝန္မွ်ေဝယူျခင္းက သင့္ရဲ႕ အရည္အခ်င္းေတြ တိုးတက္လာေစမွာ ျဖစ္ပါတယ္။ အရာရာကို ကိုယ္တြယ္ေျဖရွင္းဖို႔ မျဖစ္ႏိုင္ေပမဲ့ သင့္ဆီ ေဝစုေရာက္လာေသာ အလုပ္အသစ္ေတြအတြက္ အခ်ိန္ေပးၿပီး ၿပီးေျမာက္ေအာင္ျမင္ေအာင္ စီမံကိန္းခ်ကာ ေဆာင္႐ြက္သင့္ပါတယ္။

ေခါင္းေဆာင္ေနရာယူပါ
ဝန္ထမ္းတစ္ဦး အလုပ္ထြက္သြားခ်ိန္မွာ အဖြဲ႕ရဲ႕ အဟုန္က ေျပာင္းသြားတတ္ပါတယ္။ ဒီလိုအခ်ိန္မွာ အရင္က အေကာင္အထည္ေဖာ္ခြင့္ မရခဲ့ေသာ ပေရာဂ်က္ေတြမွာ သင္ ပါဝင္ၿပီး အရည္အခ်င္းကို ျပသသင့္သလို ဦးေဆာင္ႏိုင္ေသာ၊ လမ္းၫႊန္ႏိုင္ေသာ ရာထူးမွေနၿပီး ဝန္ထမ္းမ်ားကို ပံ့ပိုးႏိုင္ေအာင္ ႀကိဳးစားရပါမယ္။

ကြၽမ္းက်င္မႈစြမ္းရည္အသစ္ တည္ေဆာက္ပါ
ကိုယ္ပိုင္စြမ္းရည္ကို အေကာင္းဆုံးျပသႏိုင္ဖို႔ အလြယ္ကူဆုံး အလုပ္ေတြကို ေ႐ြးခ်ယ္တတ္ၾကတာ မထူးဆန္းပါဘူး။ ဥပမာ- မိတ္ေဆြက စာအေရးအသားေကာင္းၿပီး လုပ္ေဖာ္ကိုင္ဖက္က ဒီဇိုင္းပညာ ကြၽမ္းက်င္သူဆိုရင္ ကြၽမ္းက်င္ရာေပၚ မူတည္ၿပီး တာဝန္ခြဲေဝယူၾကမွာ ျဖစ္ပါတယ္။ ဒါက အခ်ိန္ကုန္သက္သာေပမဲ့ မိတ္ေဆြအတြက္ ဒီဇိုင္းပညာ တတ္ေျမာက္ခြင့္ ဆုံးရႈံးမွာ ျဖစ္ပါတယ္။ ဒီဇိုင္းကြၽမ္းက်င္ရွင္ လုပ္ေဖာ္ကိုင္ဖက္ အလုပ္ထြက္သြားခ်ိန္မွာ မိတ္ေဆြက ဒီဇိုင္း တတ္ေျမာက္ေအာင္ ေသခ်ာေပါက္ ႀကိဳးစားရၿပီ ျဖစ္ပါတယ္။
လုပ္ငန္းခြင္တစ္ခုမွာ ထြက္သြားသူေတြကို တားရစ္ဖို႔ မျဖစ္ႏိုင္သလို က်န္ခဲ့သူေတြအတြက္လည္း လက္ေလွ်ာ့လိုက္ဖို႔ အေျခအေန မေပးပါဘူး။ ဒါေၾကာင့္ ႀကဳံလာသမွ် အေျခအေနကို အေကာင္းဆုံး ရင္ဆိုင္ေျဖရွင္းရန္သာ လိုအပ္ေၾကာင္း တိုက္တြန္းေရးသားလိုက္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*