မူးယစ်မှုနဲ့အဖမ်းခံရပြီးနောက် ပထမဆုံးဖျော်ဖြေပွဲမှာ ရင်တွင်းစကားမျှဝေခဲ့တဲ့ Justin Timberlake

Justin Timberlake က Hamptons မှာ မူးယစ်မှုနဲ့ ဖမ်းဆီးခံရပြီးနောက်မှာသူ့ရဲ့ပထမဆုံးဖျော်ဖြေပွဲမှာ ပရိသတ်ကို ရင်းတွင်းစကားသံကို မျှဝေခဲ့ပါတယ်။“ကျွန်တော်တို့ဟာ အနိမ့်ရော အမြင့်မှာရော၊ ဘက်နှစ်ဖက်စလုံးမှာ အတူတူ ဖြတ်သန်းခဲ့တယ်။ခက်ခဲတဲ့ ရက်သတ္တ ပတ်တစ်ခု ဖြစ်ခဲ့ပေမဲ့ မင်းတို့ရော ငါရောဒီမှာရှိနေတယ်။ဒီအခိုက်အတန့်ကို ဘယ်အရာကမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး” လို့အဆိုတော်သရုပ်ဆောင်က ချီကာဂိုပွဲမှာ အော်ဟစ်ပျော်ဆိုခဲ့ပါတယ်။ Sag Harbor မှာ ဒေသခံရဲတွေက ဖမ်းဆီးခံရပြီးနောက်ပိုင်း အဆိုတော်ရဲ့ ပထမဆုံးဖျော်ဖြေမှုပါ။ အရက်မူးပြီး ကားမောင်းနှင်တဲ့အမှုနဲ့ စွဲချက်တင်ခံရတာဖြစ်ပြီး အာမခံမပေးဘဲလွှတ်ပေးလိုက်တာဖြစ်ပါတယ်။

“မစ္စတာ Timberlake ဟာ သူ့ရဲ့ကားကို အရက်မူးနေတဲ့အခြေအနေမှာ မောင်းခဲ့ပြီး ကားကပတ်ချာလည်နေတယ်လို့ ပြောပါတယ်။ မစ္စတာ Timberlake ကို ဖမ်းချုပ်ပြီး မနက်ပိုင်းစစ်ဆေးမှုအတွက် တစ်ညလုံး ထိန်းသိမ်းထားပါတယ်” လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ရအ
သိရပါတယ်။“တခါတလေမှာ ငါက ချစ်ဖို့ခက်မှန်းသိပါတယ်။ ဒါပေမဲ့ ငါ့ကိုဆက်ပြီးချစ်နေပေးကြတဲ့အတွက် ငါကလည်း မင်းတို့ကိုချစ်ပါတယ်” ဆိုတဲ့စကားနဲ့အဆုံးသတ်ထားပါတယ်။ Timberlake ကလာမယ့်အပတ် New York မှာရှိတဲ့ Madison Square Garden ကို
မသွားရောက်မီ စနေနေ့မှာ Chicago ရှိ United Center မှာ ဖျော်ဖြေဖို့စီစဉ်ထားပါတယ်။

MYit

zawgyi

Justin Timberlake က Hamptons မွာ မူးယစ္မႈနဲ႔ ဖမ္းဆီးခံရၿပီးေနာက္မွာသူ႔ရဲ႕ပထမဆုံးေဖ်ာ္ေျဖပြဲမွာ ပရိသတ္ကို ရင္းတြင္းစကားသံကို မွ်ေဝခဲ့ပါတယ္။“ကြၽန္ေတာ္တို႔ဟာ အနိမ့္ေရာ အျမင့္မွာေရာ၊ ဘက္ႏွစ္ဖက္စလုံးမွာ အတူတူ ျဖတ္သန္းခဲ့တယ္။ခက္ခဲတဲ့ ရက္သတၱ ပတ္တစ္ခု ျဖစ္ခဲ့ေပမဲ့ မင္းတို႔ေရာ ငါေရာဒီမွာရွိေနတယ္။ဒီအခိုက္အတန႔္ကို ဘယ္အရာကမွ ေျပာင္းလဲႏိုင္မွာ မဟုတ္ဘူး” လို႔အဆိုေတာ္သ႐ုပ္ေဆာင္က ခ်ီကာဂိုပြဲမွာ ေအာ္ဟစ္ေပ်ာ္ဆိုခဲ့ပါတယ္။ Sag Harbor မွာ ေဒသခံရဲေတြက ဖမ္းဆီးခံရၿပီးေနာက္ပိုင္း အဆိုေတာ္ရဲ႕ ပထမဆုံးေဖ်ာ္ေျဖမႈပါ။ အရက္မူးၿပီး ကားေမာင္းႏွင္တဲ့အမႈနဲ႔ စြဲခ်က္တင္ခံရတာျဖစ္ၿပီး အာမခံမေပးဘဲလႊတ္ေပးလိုက္တာျဖစ္ပါတယ္။

“မစၥတာ Timberlake ဟာ သူ႔ရဲ႕ကားကို အရက္မူးေနတဲ့အေျခအေနမွာ ေမာင္းခဲ့ၿပီး ကားကပတ္ခ်ာလည္ေနတယ္လို႔ ေျပာပါတယ္။ မစၥတာ Timberlake ကို ဖမ္းခ်ဳပ္ၿပီး မနက္ပိုင္းစစ္ေဆးမႈအတြက္ တစ္ညလုံး ထိန္းသိမ္းထားပါတယ္” လို႔ ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ရအသိရပါတယ္။“တခါတေလမွာ ငါက ခ်စ္ဖို႔ခက္မွန္းသိပါတယ္။ ဒါေပမဲ့ ငါ့ကိုဆက္ၿပီးခ်စ္ေနေပးၾကတဲ့အတြက္ ငါကလည္း မင္းတို႔ကိုခ်စ္ပါတယ္” ဆိုတဲ့စကားနဲ႔အဆုံးသတ္ထားပါတယ္။ Timberlake ကလာမယ့္အပတ္ New York မွာရွိတဲ့ Madison Square Garden ကိုမသြားေရာက္မီ စေနေန႔မွာ Chicago ရွိ United Center မွာ ေဖ်ာ္ေျဖဖို႔စီစဥ္ထားပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*