ဝိတ်ကျပြီးအပြောင်းလဲကြီးပြောင်းလဲသွားတဲ့ Park Bom (2NE1)

ကေပေါ့ပ်ချစ်တဲ့မြန်မာပရိသတ်တွေကြား မသိသူမရှိအောင်ကျော်ကြားခဲ့ဖူးတဲ့အဖွဲ့ထဲမှာ 2NE1 ပါဝင်ပါတယ်။ I am the best ၊ Fire စတဲ့သီချင်းတွေနဲ့ ကမ္ဘာအနှံ့ကကေပေါ့ပ်ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တဲ့ အမျိုးသမီးအဆိုတော်အဖွဲ့ပါ။ 2NE1 အဖွဲ့ကို ၂၀၁၆ ခုနစ်မှာရုတ်သိမ်းခဲ့ပြီးအဖွဲ့ဝင်တွေဟာလည်း တစ်ယောက်တစ်လမ်းစီလျှောက်လှမ်းခဲ့ကြတာပါ။အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Park Bomကတော့ သူမခံစားနေရတဲ့ Disorder တချို့ကြောင့်ကိုယ်အလေးချိန်သိသိသာသာတက်လာခဲ့ပြီးစကားပြောဆိုရာမှာလည်းအရင်နဲ့မတူတာကိုတွေ့မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူမရဲ့ပရိသတ်တွေကတော့သူမကိုချစ်ခင်ပြီးအားပေးနေဆဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Park Bom ဟာ သိသိသာသာဝိတ်ကျသွားခဲ့ပြီးအရင်နီးပါးပြန်လည်လှပလာတာကိုတွေ့မြင်ရပါတယ်။ သူမဟာ
အမေရိကန်အထက်တန်းကျောင်းသူလေးတွေ ပုံစံဝတ်ဆင်ပြီးရိုက်ကူးထားတဲ့ဓာတ်ပုံအယ်လ်ဘမ်ကိုမကြာသေးခင်ကလူမှုကွန်ရက်ပေါ်မျှဝေခဲ့တာဖြစ်ပါတယ်။ ပုံထဲမှာသူမဟာကျန်းကျန်းမာမာနဲ့သွယ်လျနေပြီး မျက်နှာအချိုးအစားလည်းပြောင်းလဲလှပလာတာကိုတွေ့မြင်ကြရပါတယ်။ ပရိသတ်အများစုကသူမရဲ့ဝိတ်ချခရီးစဉ်အောင်မြင်ခဲ့တာကို အားကျတဲ့အကြောင်းချီးကျူးစကားတွေဆိုခဲ့ကြပါတယ်။
ဒီလိုပြောင်းလဲလာတဲ့ပုံရိပ်တွေကို ဘာကြောင့်မျှဝေခဲ့တာလဲဆိုတာမသိရပေမယ့် အနုပညာအလုပ်တွေပြန်လည်လုပ်ဆောင်တော့မလားဆိုပြီးပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

Ju Ju

zawgyi

ေကေပါ့ပ္ခ်စ္တဲ့ျမန္မာပရိသတ္ေတြၾကား မသိသူမရွိေအာင္ေက်ာ္ၾကားခဲ့ဖူးတဲ့အဖြဲ႕ထဲမွာ 2NE1 ပါဝင္ပါတယ္။ I am the best ၊ Fire စတဲ့သီခ်င္းေတြနဲ႔ ကမာၻအႏွံ႔ကေကေပါ့ပ္ပရိသတ္ေတြကိုဆြဲေဆာင္ႏိုင္ခဲ့တဲ့ အမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ပါ။ 2NE1 အဖြဲ႕ကို ၂၀၁၆ ခုနစ္မွာ႐ုတ္သိမ္းခဲ့ၿပီးအဖြဲ႕ဝင္ေတြဟာလည္း တစ္ေယာက္တစ္လမ္းစီေလွ်ာက္လွမ္းခဲ့ၾကတာပါ။အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Park Bomကေတာ့ သူမခံစားေနရတဲ့ Disorder တခ်ိဳ႕ေၾကာင့္ကိုယ္အေလးခ်ိန္သိသိသာသာတက္လာခဲ့ၿပီးစကားေျပာဆိုရာမွာလည္းအရင္နဲ႔မတူတာကိုေတြ႕ျမင္ခဲ့ရပါတယ္။ ဒါေပမဲ့ သူမရဲ႕ပရိသတ္ေတြကေတာ့သူမကိုခ်စ္ခင္ၿပီးအားေပးေနဆဲျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Park Bom ဟာ သိသိသာသာဝိတ္က်သြားခဲ့ၿပီးအရင္နီးပါးျပန္လည္လွပလာတာကိုေတြ႕ျမင္ရပါတယ္။ သူမဟာ
အေမရိကန္အထက္တန္းေက်ာင္းသူေလးေတြ ပုံစံဝတ္ဆင္ၿပီး႐ိုက္ကူးထားတဲ့ဓာတ္ပုံအယ္လ္ဘမ္ကိုမၾကာေသးခင္ကလူမႈကြန္ရက္ေပၚမွ်ေဝခဲ့တာျဖစ္ပါတယ္။ ပုံထဲမွာသူမဟာက်န္းက်န္းမာမာနဲ႔သြယ္လ်ေနၿပီး မ်က္ႏွာအခ်ိဳးအစားလည္းေျပာင္းလဲလွပလာတာကိုေတြ႕ျမင္ၾကရပါတယ္။ ပရိသတ္အမ်ားစုကသူမရဲ႕ဝိတ္ခ်ခရီးစဥ္ေအာင္ျမင္ခဲ့တာကို အားက်တဲ့အေၾကာင္းခ်ီးက်ဴးစကားေတြဆိုခဲ့ၾကပါတယ္။
ဒီလိုေျပာင္းလဲလာတဲ့ပုံရိပ္ေတြကို ဘာေၾကာင့္မွ်ေဝခဲ့တာလဲဆိုတာမသိရေပမယ့္ အႏုပညာအလုပ္ေတြျပန္လည္လုပ္ေဆာင္ေတာ့မလားဆိုၿပီးပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*