သင့်အပေါ်မှာ သူမဘက်က ခံစားချက်ရှိနေတယ်ဆိုတဲ့ လက္ခဏာ (၄)ချက်

September 10, 2024 Aung Khant Mon 0

သင်စိတ်ဝင်စားနေတဲ့ သူမဘက်က ဘယ်လိုခံစားချက်မျိုးရှိနေသလဲဆိုတာ သိချင်နေတယ်မဟုတ်လား။ တခါတရံမှာ ချစ်တယ်ဆိုတဲ့စကားကို ထုတ်ပြောစရာမလိုဘဲ အပြုအမူတွေကနေတဆင့်သိနိုင်ပါတယ်။ ဒီအချက်တွေကတော့ သူမဘက်က သင့်အပေါ်မှာ အလေးအနက်ထားပြီးခံစားချက်ရှိနေတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ သင့်ကို ဦးစားပေးတာ တစုံတယောက်က သင့်အပေါ်ပြင်းထန်တဲ့ ခံစားချက်များ စတင်ပေါက်ပေါက်လာတဲ့အခါမှာသဘာဝအနေနဲ့ သင့်နဲ့အချိန်ပိုပေးချင်ကြပါတယ်။သူ့အချိန်ဇယားတွေပြည့်နှက်နေချိန်မှာတောင် သင့်အတွက်အချိန်ကို ဖယ်ပေးတယ်ဆိုရင် ဒါကသူ့နှလုံးသားထဲမှာ အထူးနေရာတခုရှိနေတယ်ဆိုတာ ထင်ရှားတဲ့ […]

အလုပ်ရှာတာ အောင်မြင်ဖို့ ထိပ်တန်းအဆင့် (၅)ဆင့်

September 10, 2024 Aung Khant Mon 0

အလုပ်ရှာတာ အချိန်ကြာတတ်တာလည်းရှိသလို၊ တချို့လည်း အချိန်တိုအတွင်းရနိုင်ပါတယ်။တချို့စစ်တမ်းတွေမှာတော့ အလုပ်ရှာဖွေမှုအတွက် ပျှမ်းမျှ ကြာချိန်ငါးလဝန်းကျင်ကြာနိုင်တယ်လို့ အကြံပြုထားပါတယ်။ Joblist.com ကတော့ပျမ်းမျှအလုပ်ရှာဖွေမှုက တစ်လခွဲခန့်ကြာမြင့်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ TopResume ကတော့ ပျမ်းမျှအလုပ်ရှာဖွေမှုက အလုပ်လျှောက်လွှာတင်တာကနေ အလုပ် ခန့်တာအထိငါးလမှ ခြောက်လအထိ ကြာနိုင်တယ်ဆိုတာ အကြံပြုထားပါတယ်။ဘာကြောင့် ဒီအချက်တွေကိုပြောနေရသလဲဆိုရင်ကိုယ် ကြုံတွေ့ရတဲ့အခက်အခဲကကိုယ်တယောက်မဟုတ်ဘူးဆိုတာကို အလုပ်ရှာဖွေနေသူလူငယ်တွေအတွက်မျှဝေပေးချင်တာပါ။ ဒါကြောင့် […]

Remote အလုပ်အကိုင်ရှာဖွေဖို့အတွက် Website (၅)ခု

September 9, 2024 Aung Khant Mon 0

Remote အလုပ်အကိုင်အတွက် ဘယ်လိုရှာမလဲ။ ဘယ်လိုလျှောက်မလဲ။ဒီဝက်ဆိုက်တွေကတော့ Remote အလုပ်အကိုင်တွေကိုဖော်ပြပေးတဲ့အကောင်းဆုံးဝက်ဆိုက်တွေပဲဖြစ်ပါတယ်။ Virtual job boards တွေ ရာနှင့်ချီပြီးရှိပေမဲ့ ဒါတွေအားလုံးက Remote နဲ့လူကိုယ် တိုင်သွားရောက်လုပ်ကိုင်ရတဲ့အလုပ်ရယ်လို့ ခွဲခြားသတ်မှတ်ထားတာမရှိပါဘူး။ ဒါပေမဲ့ဒီဝက်ဆိုက်တွေကတော့ Remote တွေချည်း သီးသန့်ဖော်ပြထားတာဖြစ်ပါတယ်။ FlexJobs FlexJobs က စာချုပ်၊ အချိန်ပိုင်း၊ […]

လက်ထပ်မယ့်အစီအစဉ်ကိုကြေညာလိုက်တဲ့ Rainbow အဖွဲ့ဝင် Jung Yoon Hye နဲ့ မင်းသား Ahn Jae Min

September 9, 2024 Aung Khant Mon 0

Rainbow အဖွဲ့ဝင် Jung Yoon Hye နဲ့ သရုပ်ဆောင် Ahn Jae Min တို့က ဒီအောက်တိုဘာလမှာလက်ထပ်တော့မှာ ဖြစ်ပါတယ်။စက် တင်ဘာ (၄)ရက်နေ့မှာတော့ Jung Yoon Hye က သူမရဲ့ အိမ်ထောင်ရေးကိုလူမှုကွန်ရက်မှာ ကြေညာခဲ့ပါတယ်။ ဒါကတော့ သူမရဲ့ ကြေငြာချက်အပြည့်အစုံပဲဖြစ်ပါတယ်။မင်္ဂလာပါ၊ […]

စာဖတ်အားကောင်းတဲ့ ရာသီခွင် (၄)ခု

September 9, 2024 Aung Khant Mon 0

စာဖတ်အားကောင်းပြီး စာဂျပိုးတွေလို့ခေါ်လို့ရနိုင်တဲ့ ရာသီခွင်တွေကို မျှဝေပေးချင်ပါတယ်။စာမျက်နှာတွေကတဆင့် တခြားကမ္ဘာ့ကိုပို့ဆောင်ပေးတယ်လို့ ယုံကြည်ကြပြီးစိတ်ကူးစိတ်သန်းတွေ၊ စိတ်အားထက်သန်မှု၊ နှစ်သိမ့်မှုတွေ၊ ပျော်ရွှင်မှုတွေကို ရှာဖွေကြပါတယ်။ Aries မတ်လ ၂၁ရက်နေ့ကနေ ဧပြီလ ၁၉ရက်နေ့အတွင်း မွေးဖွားကြတဲ့ ဒီရာသီခွင်တွေကတော့အကန့်အသတ်မဲ့စွမ်းအင်များကို စာဖတ်ခြင်းကနေ ရရှိနိုင်လို့ ယုံကြည်ကြပါတယ်။ သူတို့ကအက်ရှင်ဇာတ်လမ်းများ၊ ရဲရဲတောက်စွန့်စားခန်းများနဲ့ ရည်မှန်းချက်များကိုလှုံ့ဆော်ပေးတဲ့ စာပေများကို ကြိုက်ကြပါတယ်။ […]

Remote အလုပ်ရဖို့ အကြံပြုချက် (၄)ချက်

September 6, 2024 Aung Khant Mon 0

Remote Work က အနာဂတ်လုပ်သားအင်အားရဲ့ အုတ်မြစ်ဖြစ်ပါတယ်။ အိမ်ကနေကိုယ့်အလုပ်ကိုယ်လုပ်နိုင်ရင် ရုံးခန်းထဲ ဘာလို့သွားဖို့လိုဦးမလဲ။ ဒါပေမဲ့ ဒီအလုပ်ကို ရရှိဖို့ဘာတွေလိုအပ်မလဲ။ Remote Work တခုရဖို့ဆိုတာ ပုံမှန်အလုပ်တခုရှာသလိုပါပဲ။သင်အလုပ်လျှောက်တာ၊ အင်တာဗျူးတွေအားလုံးက အွန်လိုင်းကလုပ်ရတာပါပဲ။ Remote Workရဖို့အတွက် အကြံပြုချက် လေးချက်ကို မျှဝေပေးချင်ပါတယ်။ သင်ရဲ့ ကျွမ်းကျင်မှုနယ်ပယ်ကို ဖော်ထုတ်ပါ […]

တစုံတယောက်ကို မချစ်နိုင်တော့တဲ့အကြောင်း ဘယ်လိုငြင်းမလဲ

September 6, 2024 Aung Khant Mon 0

လူတွေက ငါ မင်းကို ချစ်တယ်လို့ ပြောတာက အချစ်ရေးမှာ ကြီးမားတဲ့ ခြေလှမ်းတစ်ခုလို့ယူဆလေ့ရှိပါတယ်။ ဒါပေမယ့် သင် သူတို့ကို မချစ်သေးတာ ဒါမှမဟုတ် မချစ်သေးကြောင်းနဲ့သင် ဘယ်လိုခံစားရတယ်ဆိုတာ မသေချာဘူးလို့ တစ်စုံတစ်ယောက်ကို ပြောပြဖို့လိုအပ်တဲ့အခါမှာတော့ ဒါကိုဘယ်လိုပြောရမလဲဆိုတာက ပိုပြီးအရေးကြီးလာပါတယ်။အချစ်က ရှုပ်ထွေးပါတယ်။ အရင်က ချစ်ခဲ့ပြီး အခုမချစ်တော့တာလည်းဖြစ်နိုင်ပါတယ်။ဒီလိုအခြေအနေတွေမှာ သူ့ကိုမချစ်တဲ့အကြောင်း […]

အကူအညီအပေးတတ်ဆုံး ရာသီခွင် (၄)ခု

September 6, 2024 Aung Khant Mon 0

သူတပါးကို ကူညီပေးတတ်တဲ့သူတွေ၊ ဖော်ရွေတဲ့လက်တစုံဖြစ်ကြတဲ့ ရာသီခွင်တွေကဘယ်သူတွေများဖြစ်မလဲ။ တချို့လူတွေက တခြားသူတွေထက်ပိုပြီးအကူအညီပေးတတ်ကြပါတယ်။ သူတို့တွေကတော့ ဒီရာသီခွင်တွေပဲဖြစ်ကြပါတယ်။ Virgo ဩဂုတ်လ ၂၃ရက်ကနေ စက်တင်ဘာ ၂၂ရက်အတွင်း မွေးဖွားကြသူများဖြစ်ပါတယ်။သူတို့တွေက လက်တွေ့ကျတဲ့အကူအညီများပေးရာမှာ ထူးချွန်ကြပါတယ်။အသေးစိတ်ကိုဦးတည်ပြီး စည်းစနစ်ကျတဲ့ အကူအညီမျိုးကိုပေးဖို့ မတွန့်ဆုတ်ကြပါဘူး။သူတို့က ပြဿနာများဖြေရှင်းရာမှာ ကျွမ်းကျင်သူများဖြစ်ပြီးအသေးစိတ်အချက်အလက်များကို အာရုံစိုက်တာကြောင့် ဘယ်နေရာကမှချော်ထွက်သွားမှာမ ဟုတ်ပါဘူး။ Cancer […]

Green Job အလုပ်နဲ့ အနာဂတ်

September 4, 2024 Aung Khant Mon 0

Green Job ဆိုတာဘာလဲဆိုတာကို အရင်ဆုံးရှင်းပြချင်ပါတယ်။ Green Jobဆိုတာသဘာဝပတ်ဝန်းကျင်ရဲ့ အရည်အသွေးကိုထိန်းသိမ်းဖို့ ဒါမှမဟုတ် ပြန်လည်ထူထောင်ဖို့အတွက်အာရုံစိုက်ရတဲ့အလုပ်အကိုင်များဖြစ်ပါတယ်။ သဘာဝအရင်းအမြစ်များအသုံးပြုမှုလျှော့ချတဲ့ကုန်ပစ္စည်းတွေဖန်တီးတာ ဒါမှမဟုတ် ဝန်ဆောင်မှုပေးတဲ့ ရာထူးအလုပ်အကိုင်များအဖြစ်ခွဲခြားထားပါတယ်။ သဘာဝအရင်းအမြစ်များကို နည်းပါးစွာအသုံးပြုတာ၊ကုမ္ပဏီရဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ပိုမိုသဟဇာတဖြစ်စေရန် ကူညီပေးတဲ့တာဝန်များပါ၀င်တာက Green Job အဖြစ်သတ်မှတ်ထားပါတယ်။ Green Job အလုပ်တွေက ကမ္ဘာတစ်ဝှမ်းမှာ တိုးတက်မှုအမြန်ဆုံးတွေထဲက […]

အသက်ထက်ဝက်ငယ်တဲ့ ချစ်သူအသစ်နဲ့ လူသိရှင်ကြားပွဲတက်လာတဲ့ ဘရတ်ဒ်ပစ်

September 4, 2024 Aung Khant Mon 0

ဘရတ်ဒ်ပစ်ကတော့ ဂျိုလီနဲ့ တရားဝင်ကွာရှင်းပြတ်ဆဲပြီးချိန်မှာ ပထမဆုံးအနေနဲ့ချစ်သူအသစ်ကို လူသိရှင်ကြားပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။ Brad Pitt နဲ့ ချစ်သူ Ines de Ramon တို့ ပထမဆုံး ချိန်းတွေ့ပြီးနောက် နှစ်နှစ်အကြာတွင်ပထမဆုံး လူသိရှင်ကြား ထုတ်ဖော်လာပဲဖြစ်ပါတယ်။အသက် ၆၀အရွယ်မင်းသားနဲ့ သူ့ရဲ့အသက် ၃၄နှစ်အရွယ် ချစ်သူတို့ကအသက်ထက်ဝက်နီးပါးကွာပြီး သူ့ရဲ့ချစ်သူက လက်ဝတ်ရတနာဒီဇိုင်နာတဦးဖြစ်ပါတယ်။ မင်းသားနဲ့သူ့ရဲ့ချစ်သူတို့က […]