အမေရိကန်အိုက်ဒေါ(လ်)မှာ Katy Perryနေရာမှာအစားထိုးဝင်လာမယ့် Carrie Underwood

August 2, 2024 Aung Khant Mon 0

Carrie Underwood က အမေရိကန်အိုက်ဒေါ(လ်)မှာ ဒိုင်လူကြီးဖြစ်တဲ့ Katy Perry ရဲ့ နေရာမှာအစားထိုးဝင်လာမယ့်လို့ သိရပါတယ်။ “American Idol” ဆုရှင်ဟောင်းဖြစ်တဲ့ အဆိုတော်က ရာသီသစ်မှာ အကဲဖြတ်ဒိုင်အဖြစ်သီချင်းဆိုပြိုင်ပွဲတွင် ပါဝင်မှာဖြစ်တယ်လို့ အဆိုပါရှိုးနဲ့ နီးစပ်သူတဦးရဲ့ ပြောကြားချက်အရသိရပါတယ်။ဂရမ်မီဆုရှင် နိုင်ငံကျော် စူပါစတား Katy Perry နေရာမှာ […]

မိသားစုထက် အလုပ်ကိုသာ ဦးစားပေးတဲ့ ရာသီခွင် (၄) ခု

August 2, 2024 Aung Khant Mon 0

အလုပ်နဲ့ မိသားစုကို ဟန်ချက်ညီညီနဲ့ သွားတဲ့သူတွေရှိသလို၊ တချို့ရာသီခွင်တွေကတော့မိသားစုထက် အလုပ်ကိုသာ ဦးစားပေးတဲ့ ရာသီခွင် (၄)ခုကို ဖော်ပြပေးချင်ပါတယ်။မိသားစုထက် အလုပ်ကိုသာ ဦးစားပေးရမယ့် ရာသီခွင်များအကြောင်း သင်သိချင်ပါကဆက်ဖတ်လို့ရပါတယ်။ Capricorn အောင်မြင်သူတွေလို့ သတ်မှတ်ထာကြတဲ့ မကာရတွေက ဆုံးဖြတ်ချက်နဲ့ရည်မှန်းချက်ကြီးသူတွေအဖြစ် လူသိများပါတယ်။ သူတို့က အောင်မြင်ဖို့အတွက်ခိုင်မာတဲ့တွန်းအားတွေရှိကြပြီး သူတို့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကိုသူတို့ဘဝရဲ့ရှေ့တန်းမှာ ထားလေ့ရှိပါတယ်။ ဒါကြောင့်ပဲ […]

Career ပြောင်းတာရဲ့ အားသာချက် (၄)ချက်

August 2, 2024 Aung Khant Mon 0

အသက်မွေးဝမ်းကြောင်းအသစ်တစ်ခုကို ကူးပြောင်းခြင်းက ရဲရင့်သောလှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ လက်ရှိအသက်မွေးဝမ်းကြောင်းကနေတခြားတခုကိုထပ်ပြောင်းလိုက်တာက ကိုယ့်အတွက် စိန်ခေါ်မှုလည်းဖြစ်သလို တဖက်မှာလည်းအားသာချက်တွေအခွင့်အလမ်းတွေအများကြီးရှိနိုင်ပါတယ်။ အခုဖော်ပြပေးမှာကတော့အသက်မွေးဝမ်းကြောင်းပြောင်းလဲတာရဲ့ အားသာချက်တွေပဲဖြစ်ပါတယ်။ ကျွမ်းကျင်မှုအသစ်များကို လေ့လာပါ တစ်သက်တာသင်ယူခြင်းဆိုတဲ့အချက်ကို သင်မေ့ပစ်လိုက်လို့မရပါဘူး။ပုံမှန်အသက်မွေးဝမ်းကြောင်းတခုမှာပဲ နှစ်ရှည်လုပ်တာရဲ့အား နည်းချက်က သင်ယူမှု၊လေ့လာမှုတွေ အားပျက်သွားစေပါတယ်။ အလုပ်သစ်တခုကိုပြောင်းရွေ့လိုက်တာရဲ့အားသာချက်က ကျွမ်းကျင်မှုအသစ်တွေ၊ ကိရိယာအသစ်တွေကိုသင်ယူဖို့အတွက်စိန်ခေါ်မှုအသစ်များနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့ အခွင့်အလမ်းပေးပါတယ်။ အမြင်သစ်တစ်ခုကိုရယူပါ တူညီတဲ့အနေအထားတွင်ရှိနေခြင်းက […]

ပဋိပက္ခစီမံခန့်ခွဲမှုအတွက် နည်းဗျူဟာ (၄)ခု

August 1, 2024 Aung Khant Mon 0

ပဋိပက္ခစီမံခန်ခန့်ခွဲမှုက အားလုံးအတွက် သိထားသင့်ပြီး အခြေအနေတခုကြုံလာတဲ့အခါမှာဘယ်လိုစီမံခန့်ခွဲသလဲ၊ ဘယ်လိုနည်းဗျူဟာတွေနဲ့ ဖြေရှင်းသလဲဆိုတဲ့အချက်ကအရေးကြီးပါတယ်။ ဒီအချက်တွေက သင်သိပြီးတာမျိုးဖြစ်နိုင်သလို၊မသိသေးတာလည်းဖြစ်နိုင်တဲ့ နည်းဗျူဟာ (၄)ချက်အကြောင်းကိုပြောပြချင်ပါတယ်။ ယှဉ်ပြိုင်တာ ယှဉ်ပြိုင်ခြင်းက လုပ်ငန်းခွင်ပဋိပက္ခအတွက် မသင့်လျော်ပေမဲ့ အချို့အခြေအနေများမှာအသုံးဝင်နိုင်တဲ့ နည်းဗျူဟာတခုဖြစ်ပါတယ်။ ဒီပဋိပက္ခပုံစံက သင့်ပန်းတိုင်ပေါ်မှာ အလွန်အရေးပါပြီး တခြားသူများနဲ့ သင့်ဆက်ဆံရေးအပေါ်အရေးပါးမှူနည်းပါးသည့် အခြေအနေအများအတွက်ဖြစ်ပါတယ်။ ခိုင်မာအားကောင်းပေမဲ့ပူးပေါင်းဆောင်ရွက်မှု အားနည်းပါတယ်။ အကျပ်အတည်းတခုမှာပြိုင်ဆိုင်မှုပုံစံကိုသင်ရွေးချယ်နိုင်ပါတယ်။ […]

စေ့စပ်ထားတဲ့ ချစ်သူနဲ့ မိတ်ဆက်ပေးခဲ့တဲ့ လေဒီဂါဂါ

August 1, 2024 Aung Khant Mon 0

အဆိုတော်လေဒီဂါဂါကတော့ သူမရဲ့ ချစ်သူမိုက်ကယ်ပိုလန်စကီးကို ပါရီမှာစေ့စပ်ထားသူအဖြစ် မိတ်ဆက်ပေးခဲ့ပါတယ်။လေဒီဂါဂါအတွက် မင်္ဂလာခေါင်းလောင်းသံများ မကြာမီမြည်တော့မှာလားလို့ အားလုံးကသို့လော သို့လောတွေဖြစ်ခဲ့ကြပါတယ်။မင်းသမီးနဲ့ အဆို တော်က လေးနှစ်ကြာချစ်သူတွေအဖြစ် သိရှိထားခဲ့ကြပါတယ်။သူမရဲ့ချစ်သူကို ပြင်သစ်ဝန်ကြီးချုပ် ဂါဘရီရယ်အက်တဲလ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။တနင်္ဂနွေ့နေက အိုလံပစ်ရေကူးပြိုင်ပွဲကိုတက်ရောက်စဉ်မှာ ဝန်ကြီးချုပ်နဲ့တွေ့ခဲ့တာဖြစ်ပါတယ်။ အော်စကာဆုရှင်က ၂၀၂၄ ခုနှစ် နွေရာသီ အိုလံပစ်ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေရန်ပဲရစ်ကိုရောက်ရှိနေတာဖြစ်ပါတယ်။နွေရာသီ […]

အကောင်းဆုံးအကြံဉာဏ်ပေးတတ်တဲ့ ရာသီခွင် (၄)ခု

August 1, 2024 Aung Khant Mon 0

ခက်ခဲတဲ့ ဆုံးဖြတ်ချက်တခုကြုံရတဲ့အခါကိုယ့်ကိုအကောင်းဆုံးအကြံဉာဏ်တွေပေးတတ်တဲ့သူတွေကို တွေ့ရပါသလား။ သူတို့တွေက ဒီရာသီခွင်လေးခုထဲက တခုဖြစ်နိုင်ပါတယ်။ ဒီရာသီခွင်တွေက အလုပ်ကိစ္စကနေအချစ်ရေးကိစ္စအထိ တိုင်ပင်လို့ရတဲ့သူတွေဖြစ်ပါတယ်။ သူတို့ဆီကနေအကောင်းဆုံးအကြံဉာဏ်တွေလည်း ရရှိကြပါတယ်။ Virgo Virgos တွေက စေ့စပ်သေချာမှုနဲ့ ခွဲခြမ်းစိတ်ဖြာနိုင်မှုကြေင့် လူသိများပါတယ်။ သူတို့ကအစစအရာရာကို အာရုံစိုက်ပြီး စေ့စေ့စပ်စပ်တွေးတောကြပါတယ်။ သူတို့ဆီကအကြံဉာဏ်ယူတဲ့အခါ လက်တွေ့ကျပြီး ကောင်းမွန်စွာ တွေးခေါ်နိုင်တဲ့အကြံပြုချက်များသင်ရရှိနိုင်ပါတယ်။ သူတို့က […]